#World_Health
Published 17 November 2025
▪️ လူတစ်ယောက်ရဲ့လျှာကို MRI စကင်ဖတ်ရှုစစ်ဆေးခြင်းဖြင့် အာရုံကြောချို့ယွင်းရောဂါတစ်မျိုးဖြစ်တဲ့ မော်တာနျူရွန်ရောဂါ(MND)ကို စောစီးစွာ စောင့်ကြည့်တွေ့ရှိနိုင်ဖွယ်ရှိကြောင်း လေ့လာချက်တစ်ခုမှာ သိရပါတယ်။
▪️ MND ရှိတဲ့သူတွေဟာ လျှာကြွက်သားသေးငယ်တာကြောင့် စကားပြောရခက်ခြင်း၊ မျိုချရခက်ခြင်းတို့ ခံစားရတယ်လို့ ဩစတြေးလျ ကွင်းစ်လန်းတက္ကသိုလ်မှ သုတေသီများ ပြောပါတယ်။
▪️ ဒါဟာ အာရုံကြောချို့ယွင်းရောဂါရဲ့ အစောပိုင်းလက္ခဏာ ဖြစ်လာနိုင်တယ်လို့ လျှပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံကျောင်းမှ ဒေါက်တာ သောမတ်စ်ရှောက ပြောပါတယ်။
▪️ လျှာမှာ တွယ်ဆက်ကြွက်သား ၈ ခုရှိပြီး အစာစားခြင်း၊ မျိုချခြင်း၊ စကားပြောခြင်းတို့ အပါအဝင် ကြွက်သားတစ်ခုစီက တာဝန်အသီးသီးယူရပြီး မော်တာနျူရွန်ရောဂါ ရှိသူမှာတော့ လျှာကြွက်သားတွေ အားနည်းနေပါတယ်။
▪️ ဒါကို စောစီးစွာ စောင့်ကြည့်တွေ့ရှိနိုင်ပါက စစ်ဆေးစမ်းသပ်မှုများ စောစောလုပ်နိုင်ကာ လူနာတွေအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။
▪️ MND ဖြစ်နေတဲ့သူရဲ့ ပါးစပ်အတွင်းထဲက လျှာကြွက်သားတွေကို လေ့လာရတာ ခက်ခဲပြီး ယခုသုတေသနအဖွဲ့ကတော့ MRI စကင်ပေါင်း ၂၀၀ ကျော်ကို လေ့လာစစ်ဆေးနိုင်ခဲ့ပါတယ်။
▪️ AI အကူအညီနဲ့ အဆင့်မြင့်ပုံရိပ်ဖတ်နည်းပညာများ ပေါင်းစပ်အသုံးပြုကာ လျှာကြွက်သားထုထည်နဲ့ ပုံစံအတိုင်းအတာတွေကို အတိအကျ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ ထိုအခါမှာ MND ရောဂါရှိသူတွေနဲ့ မရှိသူတွေကြား ကွာခြားချက်သိသာထင်ရှားတာကို တွေ့ခဲ့ကြပါတယ်။
▪️ ပါးစပ်၊ လျှာ၊ လည်ချောင်း၊ လည်ပင်းကြွက်သားတွေမှာ MND ရှိသူတွေက ခြေထောက်မှာ လက္ခဏာပေါ်သူတွေထက် အသက်ရှင်သန်နိုင်ခြေ ပိုပြီးတိုတောင်းနေပါတယ်။
▪️ MND ဝေဒနာရှင်တွေမှာ လေလွင့်ဆုံးရှုံးနေတဲ့ လျှာကြွက်သားတွေကို နားလည်သိရှိခြင်းဖြင့် အစားပြန်ထိုးနိုင်မယ့် နည်းနစ်များ ထွက်ပေါ်စေနိုင်မှာဖြစ်တယ်လို့ ရှောကပြောသွားပါတယ်။
Source: NDTV