အိန္ဒိယအစိုးရအနေနဲ့ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံကို မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမယ့် ဖွံ့ဖြိုးရေးစီမံကိန်း (Quick Impact Projects – QIP) အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ဖို့ ကတိပြုထားတယ်လို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
#Local_News
Published 17 October 2026
#အိန္ဒိယ
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဈေးများတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချတဲ့ ဈေးဆိုင်ခန်းတွေစတင် ဖွင့်လှစ်ရောင်းချနေပြီလို့သိရပါတယ်။
#Local_News
Published 17 October 2026
#စည်ပင်ဈေး
#YMG/NN #Yangon_Times
#Daily_News
Published 17 October 2026
၁။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် QIP စီမံကိန်း(၅)ခု ထပ်မံလက်မှတ်ရေးထိုး
၂။ စည်ပင်ဈေးများ၌ မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချသည့် ဈေးဆိုင်ခန်းများစတင်ရောင်းချပေး
၃။ တောင်ကြီး-ပေါမူ အပျော်စီးရထားကို တန်ဆောင်တိုင်ကာလ(၄)ရက် တိုးပြေးဆွဲရန်စီစဉ်
၄။ တရုတ်တွင် ကမ္ဘာ့အကြီးဆုံးစက်ရုပ်ပန်းခြံကြီးဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လာမယ့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေအဆင်ပြေစွာလည်ပတ်နိုင်ဖို့ တောင်ကြီး-ပေါမူ အပျော်စီးရထားကို ၄ ရက်အထိ တိုးမြှင့်ပြေးဆွဲနိုင်ရေး စီစဉ်နေတယ်လို့သိရပါတယ်။
#Local_News
Published 17 October 2026
#တောင်ကြီး_ပေါမူ
#YMG/SW #Yangon_Times
#Local_News
Published 17 October 2026
■ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် နှစ်လကျော်ကြာ ယာယီရပ်နားထားခဲ့ရသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း လူစီးအမြန်ရထားခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်မှစတင်ကာ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။
■ ၂၀၂၆ ခုနှစ် ဇူလိုင်လမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်တာပေါင် ကျိုးပေါက်မှုတို့ကြောင့် ပုသိမ်-ဟင်္သာတ ရထားလမ်းပိုင်းရှိ ဒိုက်ပျက်ဘူတာနှင့် ဇရပ်လှဘူတာကြား ရထားလမ်းအရှည် ပေ ၅,၀၆၀ ခန့် ရေဖုံးလွှမ်းခဲ့ပြီး အချို့နေရာများတွင် သံလမ်းအောက်ခြေအထိ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
■ ယင်းကြောင့် ဩဂုတ် ၄ ရက်မှစတင်ကာ ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်၊ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 October 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် တမံ၏ကြံ့ခိုင်မှုအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
■ မမြရေလှောင်တမံ၏ တမံထိပ်ပြင်နိမ့်ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ တမံအခြေမြေသားထောက်ခြင်းလုပ်ငန်းများ၊ မြေသားတမံအား ပိုမို အားဖြစ်စေရန်အတွက် မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) တည်ဆောက်၍ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ၊ သိုလှောင်ရေလျော့ချခြင်းလုပ်ငန်းများကို စက်ယန္တယားများအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
■ တမံအောက်ပိုင်းအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းလုပ်ငန်းကို မြေတူးစက် ၄ စီး၊ မြေထိုးစက် ၃ စီး၊ မြေသယ်ယာဉ် ၇ စီးတို့ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေအထိ စုစုပေါင်းအလျား ၃၃၀ ပေ၊ ထိပ်ဝအကျယ် ၆၀ ပေနှင့် အမြင့် ၁၂ ပေ ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။
■ မမြရေလှောင်တမံ၏ ယမန်နေ့ညနေ ၆ နာရီအချိန် ရေမှတ်မှာ ၃၀၇ဒဿမ ၆ ပေဖြစ်သဖြင့် မူလ ယခင်ရေမှတ်ထက် ၇.၃ ပေ လျော့နည်းလာကြောင်း၊ အရေးပေါ်ရေလွှဲမြောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းကြမ်းပြင်နှိမ့်ချခြင်း၊ အကျယ်ချဲ့ထွင်ခြင်းလုပ်ငန်းများကို စက်ယန္တရား ကြီးများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ တမံ၏ကြံ့ခိုင်မှုအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 16 October 2026
၁။ ခွင့်ပြန်အလုပ်သမားများအတွက် ပြည်ပပြန်ထွက်ခွာရာတွင်လိုအပ်သည့် စာရွက်စာတမ်းများဖြေလျှော့
၂။ သီတင်းကျွတ်ကာလအတွက် နေပြည်တော် ၊ မော်လမြိုင်နှင့်ပြည်အထူးရထားများပြေးဆွဲမည်
၃။ အလုပ်အကိုင်အမျိုးအစားသစ်များအတွက် အလုပ်ညွှန်းအမှတ်များ ထုတ်ပြန်မည်
၄။ အမေရိကန်ကပိတ်ပင်သဖြင့် ကနေဒါဝိုင်များ တရုတ်နှင့်ဥရောပဈေးကွက်သစ်များရှာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 3 of 2526