ပြီးခဲ့တဲ့ နှစ်ပတ်ကကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာလည်း တစ်လီတာကို ၃၅ကျပ် ကနေ ၆၀ကျပ်အတွင်း ဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 09 January 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံတွေ ပိုမိုအားကောင်းလာစေဖို့အတွက်စစ်ကိုင်း၊ မန္တလေးနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့ အိုင်စီအာရ်စီအဖွဲ့ကထုတ်ပြန်ပါတယ်။
#Local_News
Published 09 January 2026
#စစ်ကိုင်း_မန္တလေး
#YMG/SW #Yangon_Times
#Local_News
Published 9 January 2026
▪️ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် စေလွှတ်လချုပ်ပေးပို့ရန်ကျန်ရှိ အေဂျင်စီ (၄၆)ကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel မှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်စာရင်းပါ အေဂျင်စီများသည် လုပ်သားစေလွှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လချုပ်စာရင်းကိုပေးပို့ပေးရန် လိုအပ်ကြောင်း၊ ထိုလချုပ်စာရင်းကို
▪️ အေဂျင်စီများအနေဖြင့် သတ်မှတ်ရက်အတွင်း လချုပ်စာရင်းပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 09 January 2026
▪️ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွာဟောင်းကြီး Buddhist Complex ရှိ တူးဖော် သုတေသနပြု လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ယခုအခါရှေးဟောင်းအဆောက်အအုံအမှတ်-၁၇၈၉၊ ၁၇၉၀ (ဆင်ခံဘုရား)၊ စံကားကျောင်းတိုက်၏ မဟာ ရံတံတိုင်းအရှေ့ဘက်တို့အား တူးဖော်သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
▪️ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသည်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု” ဆောင်ပုဒ်နှင့်အညီဦးစီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုကိုခံယူ၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ မူလသွင်ပြင်စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ ရှေးဟောင်းအဆောက်အဦများ ရေရှည်တည်တံ့နေစေရေး တူးဖော်သုတေသနလုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် “ရွာဟောင်းကြီး Buddhist Complex ရှိ ရှေးဟောင်းစေတီပုထိုးများ၊ အုတ်ကျောင်းများ၊ တံတိုင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသနပြုခြင်း (ဆွေးမြေ့အုတ်များ ဖယ်ရှားခြင်း၊ အုတ်အစားထိုးဖြည့်စီခြင်း)လုပ်ငန်း” အား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ တူးဖော်သုတေသနပြု လုပ်ငန်းခွင်သို့ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သည့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းအဆောက်အအုံအမှတ်-၁၇၈၉၊ ၁၇၉၀ (ဆင်ခံဘုရား)၊ စံကားကျောင်းတိုက်၏ မဟာ ရံတံတိုင်းအရှေ့ဘက်တို့အား တူးဖော်သုတေသနပြု ဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့ကို တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ဦးစီးအရာရှိ(သုတေသန)နှင့် တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသခဲ့ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယခုနှစ် ဇန်နဝါရီလ(၁)ရက်မှစတင်ကာ သွင်းကုန်လုပ်ငန်းရှင်များက လျှောက်ထားလာတဲ့ သွင်းကုန်ပါမစ်/လိုင်စင်တွေအတွက်သက်တမ်းကို ရက်ပေါင်း(၁၈၀) အထိသတ်မှတ်လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 09 January 2026
#သွင်းကုန်ပါမစ် #ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 09 January 2025
▪️ စားသုံးဆီကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၁ သန်းကျော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ် ရောင်းပေးခဲ့ကြောင်းသိရသည်။
▪️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၆၉၀ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၈ ရက်နေ့မှာ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ ၈ ရက်နေ့၊ FX Trading Platform တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၄၉ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကရင်ပြည်နယ်မှာ အခုနှစ်ဆောင်းဆီထွက်သီးနှံ ဧက ၇၆,၀၀၀ကျော် စိုက်ပျိုးဖို့လျာထားရာ လက်ရှိမှာစိုက်ဧက ခုနှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 09 January 2026
#ကရင်ပြည်နယ် #ဆောင်းဆီထွက်သီးနှံ
#YMG/NN #Yangon_Times
Page 10 of 2281