ရန်ကုန်ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောအတွက် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပြင်ဆင်ကုသပေးနေတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးကပြောပါတယ်။
#Local_News
Published 14 August 2026
#ရန်ကုန်ဆေးရုံကြီး #ဝမ်းပျက်ဝမ်းလျှော
#YMG/NN #Yangon_Times
#Local_News
Published 14 August 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်မှ ပြန်လာသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးထံမှ ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းနှင့်ထိတွေ့ခဲ့သည့် ကျိုက္ခမီမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၉ ဦးကို ကျန်းမာရေးဌာနမှ ကျိုက္ခမီတိုက်နယ်ဆေးရုံ၌ Quarantine ထားရှိကြောင်း သိရသည်။
■ ဩဂုတ်လ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းနေ အသက် ၅၉ နှစ်အရွယ် ဒေါ်ဌေးမွန်သည် မကြာခဏ ဝမ်းသွားနေသဖြင့် ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဆေးရုံတွင် စမ်းသပ်စစ်ဆေးချက်အရ Cholera test kit positive(ပြင်းထန်ဝမ်းပျက်ဝမ်းလျော)ဖြစ်ပွားနေကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။
■ အဆိုပါ ဒေါ်ဌေးမွန်ကို မေးမြန်းရာ ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ သရက်တောဘုန်းကြီးကျောင်းမှ တူမဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အိအိဖြိုးနှင့် အတူ ကျိုက္ခမီမြို့သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားသူ ဒေါ်ဌေးမွန် ကို ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုပေးနေပြီး ၎င်းနှင့်ထိတွေ့သူ ကိုးဦးကိုလည်း ကျိုက္ခမီတိုက်နယ်ဆေးရုံ၌ Quarantine ထားရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 August 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ တာတမံနိမ့်ကျသည့်နေရာတွင် ရေအောက်ချထားသည့် Geo bag များပေါ်သို့ သဲအိတ်များဖို့ခြင်း၊ သဲအိတ်များဖြည့်ခြင်းနှင့် Sheet pile များ၏ နောက်ဘက်တွင် လူအင်အားဖြင့် သဲအိတ်များဖို့ခြင်း၊ ဖြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
■ ထို့အပြင် ရေဘေးရှောင်စခန်းများနှင့် ရေဝင်ရောက်သည့် ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များအား ရေဘေးရှောင်စခန်းများ၊ ရေဝင်ရောက်သည့်ကျေးရွာများနှင့် တာတမံနိမ့်ကျသည့်နေရာများသို့ ပို့ဆောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
■ အလားတူ ဒေသခံပြည်သူများ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါကလည်း မီးသတ်တပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်တဲ့ MSME ထုတ်ကုန်များကို (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါတယ်။
#Local_News
Published 12 August 2026
#ပဲခူးတိုင်းဒေသကြီး #MSME
#YMG/SW #Yangon_Times
(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေနဲ့ ရွှေတံဆိပ်ဆု(၁)ဆုနဲ့ငွေတံဆိပ်ဆု(၃)ဆုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က သိရပါတယ် ။
#Local_News
Published 12 August 2026
#ပိုက်ကျော်ခြင်းပြိုင်ပွဲ
#YMG/NN #Yangon_Times
လူငယ်များရဲ့ အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းနဲ့ လူအများရှေ့ ယုံကြည်မှုရှိစွာတင်ပြပြောဆိုနိုင်စွမ်း တိုးတက်စေဖို့ ရည်ရွယ်ကျင်းပတဲ့ Mic Up! English Speaking Competition 2026 မှ Gold Plus Winner အဖြစ် ရွေးချယ်ခံရတဲ့(၈)ဦးသည် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Regional Finals ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 August 2026
#Mic_Up_English_Speaking_Competition_2026
#YMG/SW #Yangon_Times
ဂျပန်နိုင်ငံတွင် ကျင်းပမယ့် U12 Junior Soccer World Challenge ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်းအသင့်ဖြစ်နေပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွံချုပ်က သိရပါတယ်။
#Local_News
Published 12 August 2026
#U12_Junior_Soccer_World_Challenge
#YMG/NN #Yangon_Times
Page 12 of 2477