ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel တွင် ဩဂုတ်(၆)ရက်ကစတင်ပြီး လေးရက်ကြာကျင်းပပြုလုပ်နေ တယ်လို့သိရပါတယ်။
#Local_News
Published 07 August 2026
#ကျောက်မျက် #လက်ဝတ်ရတနာ
#YMG/NN #Yangon_Times
#Daily_News
Published 07 August 2026
၁။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲ လေးရက်ကြာပြုလုပ်နေ
၂။ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံးက စားသောက်ကုန်နှင့်ရေသန့်များသွားရောက်လှူဒါန်းမည်
၃။ (၁၇) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲယခုလကုန်စတင်ကျင်းပမည်
၄။ ကုမ္ပဏီမှထုတ်လုပ်သည့်စက်ရုပ်၏အလဲထိုးခြင်းခံလိုက်ရသည့် ကုမ္ပဏီစီအီးအို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 07 August 2026
■ မန္တလေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံတွင် ၆၀ အမ်ဗွီအေ ပင်မထရန်စဖော်မာအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် သြဂုတ် ၉ ရက်တွင် ကျောက်ဆည်၊ မြစ်သားနှင့်ကူမဲမြို့များအပါအဝင် အနီးပတ်ဝန်းကျင်ဒေသများ၌ ဓာတ်အား ၇ နာရီခန့် ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားကို ဝန်အားမျှတတည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း၊ လိုအပ်သည့်နေရာများတွင် တိုးချဲ့တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ယခုအခါ ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ဆီယိုစိမ့်မှုဖြစ်ပေါ်နေသော ၆၀ အမ်ဗွီအေ ပင်မထရန်စဖော်မာအား ထိန်းသိမ်းပြုပြင်ရန် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ၇ နာရီခန့် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းကုန်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့၊ မြစ်သားမြို့၊ ကူမဲမြို့များနှင့် ယင်းမြို့များရှိ ကျေးရွာများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ဓာတ်အား ၇ နာရီခန့် ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
■ ဓာတ်အားပြတ်တောက်မည့် ဒေသများရှိ လျှပ်စစ်သုံးစွဲသူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 August 2026
■ တောင်ကိုရီးယားနိုင်ငံ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုများအနက် တစ်ခုဖြစ်သည့် POSCO Internationalက မြန်မာနိုင်ငံကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အဆင့် (၄) (Shwe Phase 4)ကို အကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်း၏ ၄၄ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်ကိုကိုးကား၍ စွမ်းအင်ဆိုင်ရာဝက်ဘ်ဆိုက်မီဒီယာ Upstream သတင်းဌာနက သတင်းရေးသားလိုက်သည်။
■ ဇွန် ၃၀ ရက်အထိ လုပ်ငန်းတိုးတက်မှု ၄၄ ရာခိုင်နှုန်းရှိခဲ့ရာ ယင်းသည် ၄၃.၅ ရာခိုင်နှုန်းထက် သတ်မှတ်ချက်ထက် အနည်းငယ် ကျော်လွန်တိုးတက်မှုရှိနေခြင်းဖြစ်သည်။
■ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အဆင့် (၄) (Shwe Phase 4) တွင် ထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းအပြင် သဘာဝဓာတ်ငွေ့တွင်းများ တူးဖော်ခြင်းတို့သည် “သတ်မှတ်အချိန်ဇယားအတိုင်း တိုးတက်လျက်ရှိသည်” ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
■ အဆိုပါ သဘာဝဓာတ်ငွေ့ကွင်း ဖွံ့ဖြိုးထုတ်လုပ်ရေးစီမံကိန်းအတွက် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ Offshore Oil Engineering Company (COOEC) သို့ ကန်ထရိုက်အပ်နှံခဲ့သည်။ စီမံကိန်းကို ၃၆ လအတွင်း အကောင်အထည်ဖော်ရန် မျှော်မှန်းထားသဖြင့် ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။
■ “ထုတ်လုပ်ရေးသဘာဝဓာတ်ငွေ့တွင်း စုစုပေါင်း လေးတွင်းကို လက်ရှိ တူးဖော်နေပါတယ်။ ယခုနှစ် ဒုတိယနှစ်ဝက်မှာလည်း တူးဖော်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး တစ်ချိန်တည်း မှာ တွင်းအပြီးသတ် တည်ဆောက်ခြင်း လုပ်ငန်းတွေကိုလည်း ဆောင်ရွက်မှုနှင့်အတူ တူးဖော်ပြီးသား တွင်းတွေကို ဓာတ်ငွေ့စတင်ထုတ်လုပ်နိုင်တဲ့အဆင့် ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်Óဟု POSCO ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းစီမံခန့်ခွဲမှုဌာန အကြီးအကဲ Seungmo Kim ကပြောကြားသည်။
■ POSCO ၏ အဆိုအရ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ရောင်းချခဲ့ သည့် သဘာဝဓာတ်ငွေ့ပမာဏ စုစုပေါင်းမှာ ကုဗပေ ၄၂.၉ ဘီလီယံ ရှိခဲ့သည်။
မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များကြောင့် POSCO ၏ လုပ်ငန်း လည်ပတ်အမြတ်သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၁.၆ ရာခိုင်နှုန်း တိုးတက်လာပြီး ဝမ် ၂၂၆.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၆ သန်း) ရှိခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံတကာကုမ္ပဏီအများအပြား မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသော်လည်း POSCO သည် မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေသည့် နိုင်ငံတကာ ရေနံနှင့်သဘာဝဓာတ်ငွေ့အော်ပရေတာများထဲတွင်တစ်ခုဖြစ်သည်။
■ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးထုတ်လုပ်ခြင်း မပြုရသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ် အများအပြားရှိနေသေးကြောင်းလည်းအဆိုပါသတင်းကရေးသားသည်။
#YMG/KNL #Yangon_Times
#Local_News
Published 07 August 2026
■ ဒေသအနှံ့အပြားမိုးရွာသွန်းပြီး နေရာကွက်၍ မိုးကြီး လေထန်၊မြေပြို ၊ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်နိုင်၍ မြစ်ကမ်းအနီး နေထိုင်သူများ သတိပြုကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်သည့်မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၃၈/၂၀၂၆) အရသိရသည်။
■ ယနေ့မြန်မာစံတော်ချိန် မနက်၆ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်လည်းကောင်း ယနေ့နံနက်မှ ဩဂုတ်၁၀ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာ ကွက်၍ မိုးကြီးနိုင် ကြောင်းသိရသည်။
■ ထိုအပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်းဖော်ပြထားသည်။
■ ၎င်းအပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ကြောင်းသိရသည်။
■ သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့် လည်းကောင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးအပ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 07 August 2026
■ ငဝန်တာတမံ အောက်ခံ သဲကြောထူးပေါက်မှုနှင့် ရေကျော်ဝင်ရောက်မှုကို အချိန်မီ တားဆီးနိုင်ရေးအတွက် အရေးပေါ် တာပြန်စီးခြင်း၊ တာမြှင့်ခြင်းနှင့် ရေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၄ နာရီပတ်လုံး နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျစနစ် ဖြင့် ရေနှင့်အပြိုင်အချိန်လုကာ အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ထို့အပြင် ညပိုင်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ကြန့်ကြာမှုမရှိစေရန် မီးဆိုင်းများ၊ လျှပ်စစ်မီးများ အပြည့်အဝတပ်ဆင်၍ မီးထွန်းကာ ဆည်မြောင်း၊ မြစ်ချောင်းဖြိုး၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရိုက်စိုက်ထားသော ဝါး/သစ်လုံးတိုင်များ အကွက်အတွင်း သဲအပြည့်ဖြည့်ထားသည့် Geo Bag များ၊ သဲအိတ်များကို ရေအောက်အထိ စနစ်တကျ သယ်ယူဖိသိပ် ချပေးခြင်း၊ တာနိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ် စီရီ၍ ရေကာတားနံရံများတည်ဆောက်ခြင်း၊ ညဉ့်နက်ပိုင်းအထိ အနီးကပ် ကြီးကြပ်သူများ၊ စက်ယန္တရားများ၊ ရေယာဉ်များနှင့်အတူ လုပ်သားအင်အား အပြည့်အဝဖြင့် မနားတမ်း လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းသိရသည်။
■ ဒေသခံပြည်သူများ၏ အိုးအိမ်၊ စိုက်ပျိုးမြေများ ရေဘေးမှ အမြန်ဆုံးကင်းဝေးစေရေးနှင့် တာတမံ ပြန်လည်စိတ်ချခိုင်ခံ့မှုရှိစေရေးအတွက် အဆိုပါ ၂၄ နာရီ နေ့စိုင်း/ညစိုင်း တာပြန်စီးခြင်း လုပ်ငန်းများကို ရေစီးကြောင်း အခြေအနေပေါ်မူတည်၍ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 07 August 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသား လွှတ်တော်ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးစဉ်။
Page 7 of 2466