#Daily_News
Published 10 November 2025
၁။ ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှုရှိမရှိစစ်ဆေးနေ
၂။ World Vovinam Championship 2025 ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းရွှေတံဆိပ် (၂) ခုရရှိ
၃။ ရန်ကုန်နှင့်ဒေသလေးခု၌ မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေ
၄။ အစိုးရယန္တရားများစံချိန်တင်ကြာမြင့်သည်အထိရပ်တန့်သွားခြင်းကြောင့် အမေရိကန်ပြည်သူများစိုးရိမ်မှုမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 November 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ယနေ့မနက်ပိုင်းက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ ကေ-လးငယ်တစ်ဉီး ေ-သဆုံး မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ နိုဝင်ဘာ(၁၀)ရက်နေ့၊ မနက်၆နာရီ ၅၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၁/၇)နှင့် (၁၀၂/၀)ကြားတွင် SUZUKI ERTIGA အမျိုးအစား(အဖြူရောင်)ယာဉ်သည် ရှေ့ဘီးပေါက်၍ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၂)ဦး၊ ကလေး ကျား(၁)ဦး စုစုပေါင်း(၆)ဦး အနက် ကလေး ကျား(၁)ဦး(ေ-သဆုံး)အား(၁၁၅)မိုင် ကြက်ခြေနီအသင်းမှယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 November 2025
▪️ အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (မန္တလေး-နေပြည်တော်အပိုင်း) မိုင်တိုင် (၃၅၈/၁)တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
▪️ ကြည့်ရှုစစ်ဆေးစဉ် တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာက မန္တလေးငလျင်ကြီးကြောင့် မူလဒုဋ္ဌဝတီတံတားပျက်စီးမှု၊ တံတားသစ်တည်ဆောက်ရန် မြေနေရာရွေးချယ်မှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာအချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
▪️ ထို့နောက် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာနနှင့်တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရန်ကုန်-မန္တလေးအမြန်လမ်း (မန္တလေး-နေပြည်တော်အပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်းအပိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
▪️ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော လမ်း၊ တံတားများ အပိုင်းလိုက်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်းဖြင့် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ရန် မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် မိုင်တိုင်(၃၆၀/၀)ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မြစ်ဆွတ်ချောင်းတံတား ပြုပြင်နေသည့်လုပ်ငန်းခွင်၌ ပင်မတံတားနှင့် ချဉ်းကပ်လမ်းများ ပြုပြင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
▪️ ဆက်လက်၍ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေးအမြန်လမ်း (မန္တလေး-နေပြည်တော်အပိုင်း) မိုင်တိုင်(၃၆၆/ ၃မှ ၃၆၁/၃ အထိ) ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးနေမှု၊ မိုင်တိုင်(၃၆၁/၄)တွင် ကတ္တရာကွန်ကရစ် ခင်းခြင်းဆောင်ရွက်နေမှု၊ လမ်းမြေသား အမာခံရရှိရေး စက်ယန္တရားများဖြင့် ခင်းကြိတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အရည်အသွေး ပြည့်မီရေး၊ လမ်းမြေသားအမာခံရရှိရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
▪️ ထို့နောက် ရန်ကုန်-မန္တလေး (လမ်းဟောင်း) (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိုင်တိုင် (၃၅၅/၀)ရှိ ယုဇနတံတားသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရန်ကုန်မှ မန္တလေးသို့သွားသည့် အသွားလမ်းဘက်ခြမ်းရှိ တံတားတိုင်များ ပြိုကျပျက်စီး၍ ကြမ်းခင်းနှင့် ရက်မများ နိမ့်ကျပျက်စီးမှုအား ပြန်လည်တည်ဆောက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ပဲခူးတိုင်းသို့ ဒေါ်လာသန်း(၂၀၀)ကျော်နဲ့ ကျပ်သန်းပေါင်း(၂)သိန်းကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုတွေ ငါးနှစ်တာအတွင်း ဝင်ရောက်ထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကသိရပါတယ်။
#Local_News
Published 07 November 2025
#ပဲခူးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နဲ့ ရထားလက်မှတ်များကို အွန်လိုင်းမှ တဆင့် ရောင်းချနိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 07 November 2025
#ရထားလက်မှတ် #မြန်မာ့မီးရထား
#YMG/SW #Yangon_Times
နိုင်ငံတော်ရဲ့ အိမ်ရာချေးငွေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်နဲ့ ရောင်းချခဲ့တဲ့ အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖြစ်ရေးဘဏ် CHID က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 07 November 2025
#CHID #အိမ်ရာချေးငွေ
#YMG/SW #Yangon_Times
Ponnami အိမ်၊ကား၊အာမခံနဲ့ လူသုံးကုန်ပစ္စည်းများ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ Junction Square Open Plaza မှာ
ဒီကနေ့ ကနေစတင်ပြီး ကျင်းပနေတယ်လိံသိရပါတယ်။
#Local_News
Published 07 November 2025
#Junction_Square_Open_Plaza
#YMG/NN #Yangon_Times
Page 7 of 2222