#Local_News
Published 9 April 2025
▪️ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး ရှိ စပါရှယ်တောင်အဆင်းတွင်ခရီးသည် ယာဉ် ချောက်ထဲကျ၍ ခုနှစ်ဦးေ-သဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့မှသိရသည်။
▪️ ဧပြီ၈ ရက်နေ့၊ ည ၁၀နာရီ ၄၀ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ကြား၊ စပါရှယ်တောင်အဆင်းတွင် Rozer ၆ဘီး(ခရီးသည်)ယာဉ်သည် လမ်း၏ယာဘက် ပေ(၅၀၀)ခန့်နက်သော ချောက်ထဲသို့ထိုးကျသွားကြောင်း သိရသည်။အဆိုပါသတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ ၇ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 April 2025
▪️ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ဆွာချောင်းတံတားကို ယနေ့ဧပြီလ ၉ရက်မှ စတင်ကာ တန် ၂၀ မော်တော်ယာဉ်ကြီးများဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင်ဆွာချောင်းတံတား အား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက် လျက်ရှိပြီးရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံ နှင့် ၁၆၅ မိုင် ၃ ဖာလုံကြား ရှိ ဆွာချောင်းတံတား ပြင်ဆင်မှု အခြေအနေအား ဧပြီလ ၇ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးစိုးဝင်းကသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့သို့ စစ်ဆေးရာတွင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် အသွားလမ်း ပေ ၈၁၀ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ နှစ်လွှာ တစ်ထပ် ယာယီဘေလီတံတားပေ ၁၉၀ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပေ ၄၀
သုံးလွှာသုံးထပ် ဘေလီငြမ်း ထောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၈ ဧပြီ ၂၀၂၅
အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျပ်အတည်းတုန့်ပြန်ရေး လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan's Purse ၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်တွင် ယာယီ ဆေးရုံ ဖွင့်လှစ်ကာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးဝါးကုသပေးလျက် ရှိပါတယ်။
Samaritan's Purse သည် နေပြည်တော် ရွှေကြာပင် ဘောလုံးကွင်းနှင့်အားကစားရုံအတွင်းတွင် ယာယီ ဆေးရုံတစ်ရုံဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
ထိုအဖွဲ့သည် ဧပြီ ၇ ရက်က ငလျင်ဘေးသင့် အရိုးလူနာ (၄) ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်းကို Samaritan's Purse ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လူနာ ၁၀၀နီးပါးက ဆေးဝါးကုသခံဖို့စောင့်ဆိုင်းနေကြတဲ့အတွက် သူတို့ရဲ့ဆေးအဖွဲ့ဟာ ယာယီဆေးရုံ တည် ဆောက်မှုပြီးစီးအောင် မစောင့်ဘဲ အနီးနားက အဆောက်အဦတစ်ခုထဲမှာပဲ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ Samaritan's Purse အဖွဲ့ကပြောပါတယ်။
မကြာမီမှာ ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိလာမှာဖြစ်ပြီး အဲဒီအထဲမှာ ကယ်ဆယ်ရေးပစ္စည်းတွေက ၁၀၄တန်ကျော်ပါဝင်တယ်လို့ အဖွဲ့ကပြောပါတယ်။ အဲဒါတွေက ရေသန့်စင် စက် (၆)ခု၊ ဆိုလာမီးများ၊စောင်များ၊ခြင်ထောင်များနှင့် အခြားသော အရေးကြီးလိုအပ်သော ပစ္စည်းများ ပါဝင်တယ်လို့ ဆိုပါတယ်။
Samaritan’s Purse အဖွဲ့ဟာ မြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းကယ်ဆယ်တုန့်ပြန်ရေး လုပ်ငန်းတွေမှာ လာရောက်ကူညီလုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၇မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ခဲ့တယ်လို့သိရှိရပါတယ်။
April 8, 2025
Nay Pyi Taw - Samaritan's Purse, a U.S.-based crisis response and humanitarian organization, has opened a temporary hospital in Nay Pyi Taw, Myanmar, to provide medical treatment for those injured in the Mandalay earthquake.
According to a press release from the Ministry of Health, Samaritan's Purse has set up a temporary hospital inside the Shwe Kyarpin football field and sports complex in Nay Pyi Taw.
The organization successfully performed surgeries on four earthquake victims with bone injuries on April 7, as stated in the release.
Samaritan's Purse also confirmed the successful surgeries in its own press statement. Since nearly 100 patients were waiting for medical treatment, their medical team began providing care in a nearby building without waiting for the full construction of the temporary hospital.
A second batch of relief supplies is expected to arrive soon, including over 104 tons of aid, such as six water purification systems, solar lights, blankets, mosquito nets, and other essential items.
Samaritan’s Purse has previously assisted in Myanmar during the 2008 Cyclone Nargis relief efforts and maintained an office in the country from 2017 to 2022.
#ymg/knl
#Daily_News
Published 08 Apirl 2025
၁။ ငလျင်ကြောင့် ကလေးများ ပုံမှန်ပြန်ဖြစ်ချိန်ကြာပါက ပညာရှင်များနှင့် ချိတ်ဆက်ရန် အကြံပြု
၂။ မြန်မာနိုင်ငံသားများအတွက် အလုပ်နှင့်သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်သက်တမ်း ၃လမှ ၆ လအထိတိုးမြင့်
၃။ တစ်ပတ်အတွင်း မန္တလေးအပါအဝင် ဒေသအများစု မိုးအသင့်အတင့်မှမိုးများနိုင်
၄။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံ့အကြီးအကဲ မူဟာမက်ယူနက်စ်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_8 April 2025
▪️ မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း (Wunna Theikdi Sports Complex) အတွင်းရှိ အားကစားရုံများကိူ နည်းပညာရှင်များဖြင့်ပြန်လည် ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ကြောင့် ဘောလုံးကွင်းနှင့် ပြေးလမ်းထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယင်းနေရာသို့ ဧပြီလ ၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ယင်းက ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းရှိ အားကစားရုံများနှင့် အားကစားကွင်းများကိုပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင် ရွက်သွား ရန် အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာ ရောက်ကြမည်ဖြစ်သဖြင့် ကြံ့ခိုင် မှုကို အလေးပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိ ထိုင်ခုံများကို စနစ်တကျဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် နစကဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူအားကစားရုံများထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ် ပေါ်ခဲ့သော်လည်း Indoor Games များကျင်း ပရာနေရာများဖြစ်သဖြင့် နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရေး ဆောင် ရွက်သွား ရန် ၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)နှင့်(B) ကို၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ဝဏ္ဏသိဒ္ဓိရေကူးကန်ကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
မန္တလေးငလျင်ဒဏ်ကြောင့် စိတ်ဒဏ်ရာရရှိသူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ(ယာယီ)စိတ်ကျန်းမာရေးအရေးပေါ်ကုသရေးအဖွဲ့မှာ ကုသပေးနေတယ်လို့ Mental Health Team က သိရပါတယ်။
#Local_News
Published 08 Apirl 2025
#စိတ်ဒဏ်ရာရရှိသူများ #(ယာယီ)စိတ်ကျန်းမာရေးအရေးပေါ်ကုသရေးအဖွဲ့
#YMG/NN #Yangon_Times
Page 9 of 1982