#Local_News
Published 29 October 2026


■ မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီ အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် 2026/27 AFC Women’s Champions League Group (A) အုပ်စုအဆင့်ပွဲစဉ်များအတွက် အွန်လိုင်းမှတစ်ဆင့် လက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

■ အဆိုပါ ဧရာဝတီအမျိုးသမီးအသင်း၏ ပွဲစဉ်များမှာ နိုဝင်ဘာ(၁)ရက်နေ့ ည ၇:၀၀ နာရီ
တွင် Naegohyang Women’s FC ၊ နိုဝင်ဘာ(၄)ရက်နေ့ ည ၇:၀၀ နာရီတွင် INAC Kobe Leonessa ၊ နိုဝင်ဘာ(၇)ရက်နေ့ ည ၇:၀၀ နာရီတွင်Bam Khatoon FC တို့နှင့်ရန်ကုန်မြို့ရှိ
သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။

■ ယင်းကစားပွဲများအတွက် လက်မှတ်များဝယ်ယူရာတွင် မည်သည့်ငွေပေးချေမှုဖြင့်မဆို ပေးချေနိုင်သည့် MMQR စနစ်ဖြင့်ငွေပေးချေနိုင်ပြီး လက်မှတ်ဈေးနှုန်းများမှာ အထူးတန်း ၅၀၀၀ကျပ်နှင့် ရိုးရိုးတန်း ၃၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times