#Local_News
Published 28 October 2026
■ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မနက်ဖြန် အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ေကြာင်းသိရသည်။
■ အခမ်းအနားကို ရုပ်သံနှင့် ရေဒီယိုအစီအစဉ်များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှုကို နံနက် ၈ နာရီ ၁၅ မိနစ်မှ စတင်မည်ဖြစ်ကြောင်း၊ MRTV HD၊ MRTV Entertainment၊ MRTV NRC Channel၊ MWD HD Channel၊ MWD Variety HD Channel၊ Readers’ Channel၊ Channel 9၊ Sky Net Up to Date၊ Uni TV၊ Shwe Nadi Shwe Yi နှင့် Channel 24 တို့အပြင် MOI Website၊ MOI YouTube၊ MRTV App နှင့် MRTV Online Platform များမှလည်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ေကြာင်းသိရသည်။
■ ထို့အပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီ FM၊ Star FM နှင့် မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times