#Local_News
Published 29 October 2026
■ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ Nasim City အိမ်ရာဝင်းအတွင်းရှိ အဆောက်အအုံ(၁၄)လွှာမှပြုတ်ကျေ-သဆုံးသူ မြန်မာနိုင်ငံသူ၏ အမှုမှန်ပေါ်ရေးဆောင်ရွက်နေကြောင်း ကူဝိတ်မြို့ရှိ မြန်မာသံရုံး၏ အောက်တိုဘာလ ၂၈ ရက် နေ့တွင် ထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ Nasim City အိမ်ရာဝင်းအတွင်းရှိ အဆောက်အအုံ (၁၄) လွှာမှ မြန်မာနိုင်ငံသူ မမေဇင်ထွန်း ပြုတ်ကျ ေ_သဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး နှင့်လိုအပ်သည့် ကူညီပံ့ပိုးမှုများရရှိနိုင်ရန် ကူဝိတ်မြို့ရှိ မြန်မာသံရုံးမှတဆင့် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်းသိရသည်။
■ ထို့အပြင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကွယ်လွန်သူမိသားစုနှင့်လည်း တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားသည်။
■ ၎င်းအပြင် မြန်မာသံရုံး၊ကူဝိတ်မြို့အနေဖြင့် အီရတ်နိုင်ငံကို ပူးတွဲတာဝန်ယူ ဆောင်ရွက်ရာတွင် မြန်မာနှင့်အီရတ် နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကိုထိန်းသိမ်းပြီး အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
#YMG/NN #Yangon_Times