ဒီဇယ်ဆီဈေးအကျကြမ်းလာပြီး တစ်လီတာကို ကျပ် ၃၀၀နီးပါးအထိ ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 05 December 2025
#ဒီဇယ်ဈေး
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းတန်ဖိုးသင့်အိမ်ရာစီမံကိန်း ရှစ်ခုကိုအစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှသိရပါတယ်။
#Local_News
Published 05 December 2025
#ရန်ကုန်တိုင်းဒေသကြီး #တန်ဖိုးသင့်အိမ်ရာ
#YMG/SW #Yangon_Times
#Daily_News
Published 05 December 2025
၁။ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ရှစ်ခုတည်ဆောက်မည်
၂။ ဒီဇယ်ဈေးအကျကြမ်း ၊တစ်လီတာ(၃၀၀)နီးပါးကျဆင်း
၃။ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းနှစ်လအတွင်း ၄၄၅ ကျပ်အထိ ကျဆင်း
၄။ တရုတ်ပြည်ပေကျင်းသို့ခရီးလည်ပတ်ရောက်ရှိလာသည့်ပြင်သစ်သမ္မတအား ရှီကျင့်ဖျင်အခမ်းအနားဖြင့်ကြိုဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိ တော့မယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 05 December 2025
#အင်တာနက် #
#YMG/NN #Yangon_Times
#Local_News
Published 05 December 2025
▪️ စားသုံးဆီတင်သွင်းသူများအား အမေရိကန်ဒေါ်လာ ၉ သိန်းခန့် ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမာန် နေ့က ထုတ်ရောင်းခဲ့ကြောင်းသိရသည်။
▪️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားများ မှ အမေရိကန်ဒေါ်လာ ၉၀၂,၉၇၄ ကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများအပြင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများကိုပါ နိုင်ငံခြားငွေကြေးများကိုဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။
▪️ ထိုသို့ ရောင်းချပေးရာတွင် စက်သုံးဆီတင်သွင်းသူများကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ အမေရိကန်ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကြေညာပါတယ်။
▪️ ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှာလည်း စက်သုံးဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ ၁၁၅ သန်းအထိ ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 December 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလလမ်းရှိ ရွှေဇင်ရွှေဆိုင်တွင် လုယက်ခံရသည့် ဖြစ်စဉ်တစ်ခု ယနေ့ မနက် ၉ နာရီအချိန်ကဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
▪️ အဆိုပါ ဆိုင်ဖွင့်ရန် ရွှေထည်ပစ္စည်းများအား ကားပေါ်မှ သယ်ချနေစဉ် ဆိုင်ကယ်နှင့် အမျိုးသား သုံးဦးမှ ေ-သနတ်ပြလုယက်သွားခြင်းဖြစ်ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဥ်ကြောင့် ငွေကျပ်သိန်း (၁၀၀၀) ခန့် တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွား ကြောင်း ကနဉီး သိရပြီး လက်ရှိတွင်လုယက်သူများထံပါသွားသည့် ရွှေထည်နှင့် ငွေအရေအတွက်များကို တာဝန်ရှိသူများက စိစစ်နေကာပြစ်မှုကျူးလွန်သူများကိုအမြန်ဆုံး ဖမ်းဆီးနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 December 2025
▪️ မြန်မာ့ပို့ကုန်များကို ရုရှားနိုင်ငံ၌ ဈေးကွက်ပိုမိုရရှိနိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများအပါအဝင် အဓိကပို့ကုန်များကို ရုရှားနိုင်ငံ၌ ဈေးကွက်ပိုမိုရရှိနိုင်ရေးနှင့် ရုရှား- မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာဆာဂေးရှတီရော့ဗ် တို့ယမန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ ထိုသို့တွေ့ဆုံးဆွေးနွေးရာတွင် ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့တင်ပို့နိုင်ရေးအပြင် နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုရှိစေရေးနှင့် ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးအတွက် အပြန်အလှန်ဖိတ်ကြားသွားနိုင်ရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်း၊ထို့အပြင် နှစ်နိုင်ငံကုန်သွယ်မှုစင်တာများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီနယ်မြေတွင်တည်ဆောက်မည့် သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများတင်သွင်းနိုင်ရေးအပါအဝင် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 13 of 2252