#Local_News
၈ ဩဂုတ်၊၂၀၂၆(ဘန်ကောက်)
■ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေး အကူအညီတောင်းခံသွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကို ပြောကြားသည်။
■ ထိုင်းဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးရောက်ရှိခဲ့သည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၇ ရက်က ဘန်ကောက်မြို့ရှိမြန်မာသံရုံးသို့ စာရွက်စာတမ်း အထောက်အထားဆိုင်ရာကိစ္စရပ်များလာရောက်ဆောင်ရွက်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့စဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
■ ထို့အပြင် နိုင်ငံတော်သမ္မတက ထုတ်ပြန်ထားသည့် ဥပဒေနှင့် စည်းကမ်းများနှင့်အညီ ဖြစ်စေရေးအတွက်လည်း စနစ်တကျ နေထိုင်လုပ်ကိုင်သွားကြရန်လိုကြောင်း မှာကြားခဲ့သည့်အပြင် မိမိတို့နိုင်ငံသားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေများနှင့်အညီ နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းလည်းပြောကြးခဲ့သည်။
■ ထို့နောက် နိုင်ငံတော်သမ္မတသည် သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုကာ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ မြန်မာ အလုပ်သမားများအား ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသွားရန်လိုကြောင်း၊ သံရုံးဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ ဆောင်ရွက်ပေးရာတွင်လည်း စေတနာထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်ရှည်ထားကာ ဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း သံရုံးဝန်ထမ်းများကိုမှာကြားခဲ့ကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်မယ့် မြန်မာလုပ်သားများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ သစ်တောလုပ်ငန်းတိုအတွက် အရည်အချင်းစစ်စာမေးပွဲတွေကို ဩဂုတ်လ ၃၁ ရက် ကနေ နိုဝင်ဘာလ ၁၄ ရက်အထိ ကျင်းပသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 07 August 2026
#တောင်ကိုရီးယားနိုင်ငံ
#YMG/NN #Yangon_Times
မြန်မာ MMA ဖိုက်တာ ဂျော့ရှုဝါဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒား ပန်တိုဂျာတိုရဲ့ မကျေပွဲကို UFC က တရားဝင်အတည်ပြုလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 07 August 2026
#ဂျော့ရှုဝါဗန် #အလက်ဇန္ဒားပန်တိုဂျာ #UFC_331
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ရဲ့ လမ်းညွှန်မှုနဲ့ ဂီတအစည်းအရုံးအသီးသီ့ပူးပေါင်းပြီး စားသောက်ကုန်နဲ့ ရေသန့်တွေကို အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် စီစဉ်ထုပ်ပိုးကာ သွားရောက်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 07 August 2026
#လေးမျက်နှာမြို့နယ် # မြန်မာနိုင်ငံဂီတအစည်းအရုံး
#YMG/SW #Yangon_Times
ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel တွင် ဩဂုတ်(၆)ရက်ကစတင်ပြီး လေးရက်ကြာကျင်းပပြုလုပ်နေ တယ်လို့သိရပါတယ်။
#Local_News
Published 07 August 2026
#ကျောက်မျက် #လက်ဝတ်ရတနာ
#YMG/NN #Yangon_Times
#Daily_News
Published 07 August 2026
၁။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲ လေးရက်ကြာပြုလုပ်နေ
၂။ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံးက စားသောက်ကုန်နှင့်ရေသန့်များသွားရောက်လှူဒါန်းမည်
၃။ (၁၇) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲယခုလကုန်စတင်ကျင်းပမည်
၄။ ကုမ္ပဏီမှထုတ်လုပ်သည့်စက်ရုပ်၏အလဲထိုးခြင်းခံလိုက်ရသည့် ကုမ္ပဏီစီအီးအို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 07 August 2026
■ မန္တလေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံတွင် ၆၀ အမ်ဗွီအေ ပင်မထရန်စဖော်မာအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် သြဂုတ် ၉ ရက်တွင် ကျောက်ဆည်၊ မြစ်သားနှင့်ကူမဲမြို့များအပါအဝင် အနီးပတ်ဝန်းကျင်ဒေသများ၌ ဓာတ်အား ၇ နာရီခန့် ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားကို ဝန်အားမျှတတည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း၊ လိုအပ်သည့်နေရာများတွင် တိုးချဲ့တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ယခုအခါ ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ဆီယိုစိမ့်မှုဖြစ်ပေါ်နေသော ၆၀ အမ်ဗွီအေ ပင်မထရန်စဖော်မာအား ထိန်းသိမ်းပြုပြင်ရန် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ၇ နာရီခန့် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းကုန်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့၊ မြစ်သားမြို့၊ ကူမဲမြို့များနှင့် ယင်းမြို့များရှိ ကျေးရွာများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ဓာတ်အား ၇ နာရီခန့် ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
■ ဓာတ်အားပြတ်တောက်မည့် ဒေသများရှိ လျှပ်စစ်သုံးစွဲသူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 17 of 2477