#Local_News
Published_23 Oct 2025
▪️ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၂) ခု ပါဝင်မည့် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပမည် ဖြစ်ကြောင်း ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း AMAUT (Association of Myanmar Alumni from Universities in Thailand) က သိရသည်။
▪️ ယင်းမှာရန်ကုန်တွင် (၁၀)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး AMAUT က ကြီးမှူး၍ ထိုင်းသံရုံး၏ ပံ့ပိုးကူညီ မှုဖြင့် လာမည့် နိုဝင်ဘာလ ၂ ရက်(တနဂ်နွေနေ့) နံနက်၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ ပြည်လမ်း ရှိNovotel Hotel Yangon ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင်မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စား လှယ်များထံမှသတင်းအချက်အလက်များကိုတစ်ပြိုင်နက်တည်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Assumption Unviersity ၊Bangkok University ၊ Dhurakij Pundit University (DPU)၊ Dusit Thani College၊ IRPC Technological College ၊ Kasetsart University (Faculty of Business Administration)၊ King Mongkut's University of Technology North Bangkok (KMUTNB)၊ King Mongkut’s University of Technology Thonburi (KMUTT)၊ Krirk University ၊ North Bangkok University၊ North Chiangmai University၊ Payap University ၊ Prince of Songkla University (PSU, Phuket Campus)၊Prince of Songkla University (PSU)၊ Prince of Songkla University (PSU), Faculty of Medicine၊ Raffles International College၊ Southeast Bangkok University ၊Sripatum University International College(SPUIC)၊ Stamford University၊ Thammasat Business School, Thammasat University၊Thammasat University(Faculty of Economics, PBIC & TBS)၊ University of the Thai Chamber of Commerce (UTCC) စသည့် တက္ကသိုလ်များ က တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်ကွန်ရက်များချိတ်ဆက်နိုင်မည့် ပညာရေးပြပွဲသို့ မည်သူ မဆိုဝင် ကြေးအခမဲ့ဖြင့်လာရောက်လေ့ လာနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ International students with O level, A level ၊တက္ကသိုလ်တက်ရောက်နေသူများ၊ မဟာဘွဲ့တက်ရောက်လိုသူများ၊ ပါရဂူ ဘွဲ့ တက်ရောက်လိုသူများအတွက် ပညာသင်ထောက်ပံ့ကြေး Scholarship ပုံစံအမျိုးမျိုးဖြင့် ပညာသင်ယူရန် လေ့လာခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ From Study to Success: Future-Ready Skills, Career Pathways, and Scholarship Opportunities in Thailand အကြောင်းကိုလည်း AMAUT တာဝန်ရှိသူများကဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရသည်။
#YMG/PP #Yangon_Times
အရည်အသွေးကောင်းမွန်တဲ့ကောက်ညှင်းဆန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ စီမံချက်ချမှတ်ဆောင်ရွက်နေပြီး တောင်သူတွေနဲ့ဆွေးနွေးကာ ကန်ထရိုက်
လယ်ယာစနစ်ဖြင့်ဆောင်ရွက်ဖို့ အလားအလာရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 23 October 2025
#ကောက်ညှင်းဆန် #ဆန်စပါး
#YMG/NN #Yangon_Times
#Daily_News
Published 23 OCtober 2025
၁။ ကောက်ညှင်းဆန်စိုက် တောင်သူများနှင့်ဆွေးနွေးပြီးကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးရန်ရှိနေ
၂။ ရော်ဘာ ပို့ကုန်ဝင်ငွေတိုးမြှင့်ရရှိရေးနှင့် တစ်ဧက အထွက်နှုန်းတိုးရေးစီမံချက်ရေးဆွဲဆောင်ရွက်နေ
၃။ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ပြည်တွင်းစားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေး ဆောင်ရွက်မည်
၄။ ပြဿနာအခက်အခဲများနှင့်ရင်ဆိုင်သွားရမည့် ဂျပန်အာဏာရညွန့်ပေါင်းအစိုးရသစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 October 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းများကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကောက်ယူနိုင်ရေးအတွက်ရှမ်းပြည်နယ်(တောင်ကြီး)၊ ရှမ်းပြည်နယ် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း ကောက်ယူနိုင်ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနားကို အောက်တိုဘာလ၂၂ရက် နံနက် ၁၀ နာရီက အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ေကြာင်း သိရသည်။
▪️ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း(၂၀၂၅)ကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းပေါင်း ၄၂၀ ခုကို စစ်တမ်းကြီးကြပ်ရေးမှူး ၃ ဦးနှင့် စာရင်းကောက် ၁၀ ဦးတို့ဖြင့် မြို့နယ် ၃ မြို့နယ်တွင် အဖွဲ့များခွဲ၍ ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ အဆိုပါစစ်တမ်းမှ ရရှိလာမည့် အချက်အလက်များသည် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန် အလွန်အရေးပါသည့်အတွက် ကောက်ယူသည့်စာရင်းများ အရည်အသွေးပြည့်ဝစေရန်၊ မှန်ကန်ရန် လိုအပ်သည့်အတွက် သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် စာရင်းများရရှိမှသာ ထိရောက်သည့် MSME ဖွံ့ဖြိုးရေးမူဝါဒကို ချမှတ်နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
▪️ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း(၂၀၂၄)ကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ကောက်ယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 October 2025
▪️ ရန်ကုန်ကုတင် (၅၀၀ )အပါအဝင် ဆေးရုံကြီးသုံးခု၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများပြုလုပ်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးတိုးတက် စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်ရောဂါလူနာများအတွက် ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူနိုင်ရန် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမာန်နေ့မနက်ပိုင်းက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဒုတိယအကြိမ်နှင့်တတိယအကြိမ်အဖြစ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူထားသော လူနာနှင့်အလှူရှင်များကိုတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစားအသောက်လက်ဆောင်များ ပေးအပ်သည်။
▪️ ထို့နောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများအား တွေ့ဆုံအားပေးကာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားသည်။
▪️ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ ဒုတိယအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၆ ရက်တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နေ အသက် (၃၁)နှစ်ရှိ အမျိုးသားကျောက်ကပ်လူနာနှင့် ကျောက်ကပ်အလှူရှင် အစ်ကိုတော်စပ်သူ အသက်(၄၃)နှစ် အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို မနက် ၉ နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီ ကြာမြင့်ခဲ့ကြောင်းသိရသည်။
▪️ တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၇ ရက်တွင် နေပြည်တော်တပ်ကုန်းမြို့နယ်နေ အသက်(၃၁)နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီး (သားဖွားဆရာမ)နှင့် ကျောက်ကပ်အလှူရှင် မိခင်တော်စပ်သူ အသက် (၅၂)နှစ် အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို နံနက်၉နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် ခွဲစိတ်ကုသမှုပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီခွဲကြာမြင့်ခဲ့သည်။
ဒုတိယအကြိမ်နှင့်တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့်ကျောက်ကပ်အလှူရှင်လေးဦးတို့၏ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သောပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ကျောက်ကပ်အစားထိုးကုသမှု ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်နှင့်တတိယအကြိမ်အဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 October 2025
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(နေပြည်တော်ဇုန်)၏ စီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များတွင်တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယမာန်နေ့မနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်(၁)ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်း၊ ဧည့်ဝတ်ဖော်ရွေ ပျူငှာမှုများရှိရန် လိုအပ်သကဲ့သို့ လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှုအတွက် စွမ်းဆောင်ရည်မြင့်မားသော လုံခြုံရေးအစီအမံများချမှတ်ဆောင်ရွက်ခြင်းသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ရိုးရာသိုင်းပညာသင်ကြားခြင်းဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်တွေ့အသုံးချထိန်းသိမ်းထားနိုင်ခြင်း၊ စည်းကမ်းကျင့်ဝတ်များနှင့်အညီ ခရီးသွားဧည့်သည်များအပေါ် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ခြင်း စသည့်ဝန်ဆောင်မှု စွမ်းဆောင်ရည်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ရိုးရာသိုင်းပညာရပ်ကိုအခြေခံပြီး လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက်သာမက လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုရရှိရေးကိုပါ ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်သည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သီတင်းကျွတ်ပွဲတော်ကာလအတွင်း ဟိုတယ်များမှရောင်စုံမီးအလှဆင်ခြင်းတွင် ဆုရရှိကြသည့် ဟိုတယ်များကိုဆုများပေးအပ်ပြီး သင်တန်းဆင်းလုံခြုံရေးဝန်ထမ်းများ၏ သိုင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။
▪️ သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းက တောင်သူတွေအတွက် ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနဲ့ ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရမှာ အသုံးပြုနိုင်ဖိုအတွက်စက်သုံးဆီများကို အောက်တိုဘာ ၂၁ ရက်မှစတင်ကာဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2025
#ကချင်ပြည်နယ် #ပူတာအိုမြို့
#YMG/SW #Yangon_Times
Page 17 of 2220