#Local_News
Published 27 October 2025
▪️ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လိုသူများအတွက် အခြေခံမော်တာစက်ချုပ်သင်တန်းအမှတ်စဉ် (၂၆၂)ကိုဖွင့်လှစ်ေပးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကိုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး နိုဝင်ဘာလ ၅ ရက်မှ ၂၁ ရက်ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊သင်တန်းကာလ (၃) ပတ်
အတွင်း စာတွေ့၊ လက်တွေ့ ( တစ်ချောင်းချုပ်စက်နှင့်အထူးစက်အမျိုးအစား ၅မျိုး ချုပ်နည်း)သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊သင်တန်းပြီးဆုံးပါက ၁၅ဝဝဝကျပ် ထောက်ပံ့သွားမည်ဖြစ်ပြီး အလုပ်အကိုင်အတွက် အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်
သည့် ဗဟုသုတများ၊ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများ၊အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီးအဆိုပါသင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) အမှတ် ၄၀၀ /ဘီ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း -၀၉ ၉၄၀၈၅၈၃၅၀, ၀၉ ၄၅၀၇၂၃၂၆၂,
၀၉ ၇၈၄၀၈၅၇၉၄, ၀၉ ၇၇၇၃၆၇၇၇၁သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times