#Local_News
Published 06 August 2026
■ ဂျပန်နိုင်ငံတွင် ဆရာဝန်လိုင်စင်မရှိဘဲ အလှအပခွဲစိတ်မှုများ ပြုလုပ်ခဲ့သည်ဟု သံသယဖြင့် စစ်ဆေးခံခဲ့ရသည့် ဒေါက်တာ ကြည်ချမ်းကို (Dr. Kyi Chan Ko) အား ဂျပန်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ခြင်း မရှိခဲ့သလို အမှုဖြင့်အပြစ်ရှိကြောင်း သတ်မှတ်ထားခြင်းလည်း မရှိကြောင်းသိရသည်။
■ ဂျပန်သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်တွင် ဒေါက်တာ ကြည်ချမ်းကိုနှင့် မြန်မာနိုင်ငံသားတစ်ဦးကို ဆရာဝန်လိုင်စင်မရှိဘဲ အလှအပခွဲစိတ်မှုများ ပြုလုပ်ခဲ့သည်ဟု သံသယဖြင့် ဂျပန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန် ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ အဆိုပါအမှုမှာ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း မျက်ရစ်ဖော်ခွဲစိတ်မှုပြုလုပ်ခဲ့သည့် အသက် ၃၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးက ခွဲစိတ်ပြီးနောက် မျက်လုံးဖွင့်ရခက်ခဲသည်ဟု တိုင်ကြားခဲ့ခြင်းမှ စတင်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။
■ ဂျပန်နိုင်ငံ၏ ဥပဒေအရ ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသမှု ပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိနှင့် ယန်း ၁ သန်းအထိ ငွေဒဏ် ချမှတ်နိုင်ပြီး နိုင်ငံခြားသားဖြစ်ပါက ပြည်နှင်ဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။
■ ထို့ပြင် အလှအပခွဲစိတ်မှုများကြောင့် ထိခိုက်နစ်နာမှု အထောက်အထားများ ခိုင်လုံစွာရှိပါက လူနာများအား လျော်ကြေးပေးဆောင်ရနိုင်ကြောင်းလည်း ဂျပန်ဥပဒေဘွဲ့ရရှိထားသူတစ်ဦးက ပြောကြားထားသည်။
■ ဒေါက်တာ ကြည်ချမ်းကိုက လူနာအား မိမိကိုယ်တိုင် ခွဲစိတ်ပေးခဲ့သည်ကို ဝန်ခံခဲ့သော်လည်း လူနာများတွင် မျက်စိဖွင့်ပိတ်ရခက်ခဲခြင်း သို့မဟုတ် ထင်ရှားသည့် အမာရွတ်များ ကျန်ရှိခဲ့သည်ဆိုသည့် အချက်များမှာ မမှန်ကန်ကြောင်းပြောကြားခဲ့သည်။
■ ထို့အပြင် တိုင်ကြားသူများဘက်မှ မျက်စိဖွင့်ပိတ်ရခက်ခဲခြင်း သို့မဟုတ် အမာရွတ်များ ကျန်ရှိခဲ့ကြောင်းကို သက်သေပြနိုင်သည့် ဆေးမှတ်တမ်း (Medical Certificate) မတင်ပြနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် လျော်ကြေးပေးဆောင်ခဲ့ရခြင်းလည်း မရှိကြောင်းသိရသည်။
■ သက်ဆိုင်ရာဆေးပညာရှင်များ၏ စစ်ဆေးချက်များအရလည်း လူနာများတွင် မျက်စိဖွင့်ပိတ်ရခက်ခဲခြင်းနှင့်ထင်ရှားသည့်အမာရွတ်များမတွေ့ရှိခဲ့ကြောင်း သိရသည်။
■ ဒေါက်တာ ကြည်ချမ်းကိုသည် မန္တလေးဆေးတက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Juntendo University ၏ Plastic and Reconstructive Surgery ဌာနမှ ပါရဂူဘွဲ့ရရှိထားသူဖြစ်ကြောင်း ၎င်း၏လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ဦးက ပြောကြားထားသည်။
■ ထို့ပြင် ဒေါက်တာကြည်ချမ်းကိုသည် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 06 August 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်( ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ တွေဆုံဆွေးနွေးခဲ့ကြ သည်။
#Local_News
Published 06 August 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။
#Local_News
Published 06 August 2026
■ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်( ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။
■ အစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော် သီချင်းတို့ကို တီးမှုတ်၍ ဂုဏ်ပြုကြိုဆိုခဲ့ခြင်းဖြစ်သည်။
■ ထို့နောက်နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးမျာကို ဆွေးနွေးခဲကြကြောင်း သတင်းရရှိသည်။
ဓါတ်ပုံများ-ရိုက်တာသတင်းဌာန
#Local_News
၆ ဩဂုတ်၊၂၀၂၆
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ် (Official Visit)အဖြစ် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။
■ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ နှင့် တာဝန်ရှိသူများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
#Local_News
၆ ဩဂုတ်၊၂၀၂၆
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ် (Official Visit)အဖြစ် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သည်။
■ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့နှင့်တာဝန်ရှိသူများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
#Local_News
Published 06 August 2026
■ မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၄၁ ဦးအား တာချီလိတ်မြို့နယ်အတွင်း ဖမ်းဆီးရမိပြီး ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
■ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများ၊ အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင် ပြည်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်အခြေချနေထိုင်ခြင်းမရှိစေရေးအတွက်လည်း အသေးစိတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
■ ထိုသို့ဆောင်ရွက်လျက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) အုပ်စု ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး ရှောင်ကွင်းလမ်းအား ယမန်နေ့ နံနက် ၄ နာရီခန့်တွင် ရှောင်တခင်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။
■ အဆိုပါဖမ်းဆီးရမိသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ ဝမ်ပုံကျေးရွာအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်၍ ခိုအောင်းနေထိုင်သော တရုတ်နိုင်ငံသားများရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် ဝမ်ပုံကျေးရွာ၏ တောင်ဘက် မီတာ ၄၆၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီးတစ်ဦး ပေါင်း ၂၀ ကိုလည်းကောင်း၊ အဆိုပါနေရာ၏ အရှေ့မြောက် ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦးအားလည်းကောင်း ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သဖြင့် တရုတ်နိုင်ငံသား အမျိုးသား ၄၀၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄၁ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
■ ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄၁ ဦးအား သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃(၁) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 20 of 2477