#Local_News
Published 29 September 2026
■ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အထည်ဖြတ်စက်ဖြင့် ထိခိုက်ပြတ်တောက်သွားသည့် ဘယ်ဘက်လက်ညှိုးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်ပြီးနောက် နာရီပိုင်းအတွင်း Replantation Surgery ပြုလုပ်ကာ အောင်မြင်စွာ ပြန်လည်ဆက်စပ်နိုင်ခဲ့ပြီး လက်ညှိုးမှာကောင်းစွာလှုပ်ရှားနိုင်ပြီဖြစ်ကြောင်း သိရသည်။
■ အဆိုပါအမျိုးသမီးသည် ဩဂုတ် ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံ၌ အထည်ဖြတ်စက်ဖြင့် ထိခိုက်မိ၍ ဘယ်ဘက်လက်ညှိုး ပြတ်တောက်ခဲ့ပြီး ထိုနေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည်။
■ လိုအပ်သည့် ကနဦးကုသမှုများ ဆောင်ရွက်ပေးပြီးနောက် ည ၈ နာရီခွဲတွင် အရေးပေါ်ခွဲစိတ်ခန်း၌ လက်ညှိုးပြန်ဆက်ခွဲစိတ်မှု စတင်ခဲ့ကာ ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီတွင် ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
■ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များ၊ မေ့ဆေးအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ဆက်စပ်ဌာနများမှ ဓာတ်ခွဲ၊ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
■ ခွဲစိတ်ပြီး ၂၉ ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် လူနာကို ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လိုအပ်သည့် လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
■ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ လက်ဖျံ၊ လက်မောင်း၊ လက်မ၊ လက်ဖဝါးနှင့် လက်ညှိုး ပြတ်တောက်မှုများအတွက် Replantation Surgery စုစုပေါင်း လူနာခုနစ်ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ ၂၄နာရီအတွင်း ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသိုဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 26 September 2026
#လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ်
#YMG/NN #Yangon_Times
မိုးသည်းထန်မှုကြောင့် တနင်္သာရီတိုင်းရှိ မြို့နယ်အချို့၌ ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နေ၍ ဒေသခံတွေကိုဘေးလွတ်ရာကို ရွေ့ပြောင်းပေးနေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေသိရပါတယ်။
#Local_News
Published 26 September 2026
#မိုးသည်းထန်စွာရွာသွန်း #တနင်္သာရီတိုင်း
#YMG/NN #Yangon_Times
ကုန်စည်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲနဲ့ သက်တမ်းကုန်ဆုံးရက်စွဲတွေကို Sticker နဲ့ ကပ်ဖော်ပြတာမပြုဘဲ ကုန်စည်ပေါ်မှာတိုက်ရိုက်ရိုက်နှိပ်ခြင်း ဒါမှမဟုတ် ပုံသွင်းခြင်းနဲ့ဖော်ပြရမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ အသိပညာပေးကာလအဖြစ်ဆောင်ရွက်သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 26 September 2026
#ကုန်စည်
#YMG/SW #Yangon_Times
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရမည်းသင်း၊ ပျော်ဘွယ်နဲ့ သာစည်မြိုနယ်တွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အကျိုးခံစားခွင့်ရှိတဲ့ အိမ်ထောင်စု ၇၂၄ စုကို ပထမအရစ် ငွေသားထောက်ပံ့မှုအဖြစ် ကျပ် ၂၀၈ ဒသမ ၉၅ သန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်။
#Local_News
Published 26 September 2026
#ငလျင် #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
#Daily_News
Published 26 September 2026
၁။ ငလျင်သင့်အိမ်ထောင်စု(၇၂၄)စုကို အသက်မွေးဝမ်းကျောင်း ငွေကျပ် ၂၀၈ သန်းကျော်ထောက်ပံ့
၂။ ကုန်စည်များတွင် ထုတ်လုပ်ရက်နှင့်သက်တမ်းကုန်ဆုံးရက်တိုက်ရိုက်ဖော်ပြရန် အသိပညာပေး
၃။ လေဖိအားနည်းရပ်ဝန်းသည် ၂၄နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများသို့ဖြတ်ကျော်နိုင်
၄။ ကျင်းမိုင်တောင်ပေါ်ရှိရှေးဟောင်းလက်ဖက်ပင်များအား ဒီဂျစ်တယ်မှတ်တမ်းတင်ခြင်းပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 September 2026
■ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ယနေ့ စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာပြီး အနီရောင်အဆင့် သတ်မှတ်ထားကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
■ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ တိုင်းထွာချက်များအရ အဆိုပါမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မော်လမြိုင်မြို့၏ တောင်ဘက် ရေမိုင် ၅၀ ခန့်၊ သုံးခွမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ ခန့်နှင့် ပဲခူးမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
■ စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ မုန်တိုင်းငယ်သည် မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၆ ဒီဂရီတွင် တည်ရှိပြီး ဗဟိုချက်လေဖိအားမှာ ၁၀၀၂ ဟက်တိုပါစကယ်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ ၃၅ မိုင်ခန့်ရှိသည်။
■ အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်သည့် အခြေအနေရှိသဖြင့် လက်ရှိအခြေအနေကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
■ မုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။
■ ထို့နောက် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
■ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
■ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်သည်။
■ မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်သည်။
■ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။
■ မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။
■ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နှင့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။
■ ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဖြစ်ပေါ်နိုင်သည့် မိုးသက်လေပြင်းနှင့် လှိုင်းကြီးမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားသည်။
#YMG/SW #Yangon_Times
Page 20 of 2526