Nay Pyi Tae- August3
The government announced today, August 3, that Mr. Arnaude de Baqque, the Resident Representative of the International Committee of the Red Cross (ICRC) to Myanmar, visited and met with Daw Aung San Suu Kyi this morning.


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာ ရှိ မြစေတီဘုရားမှ ရာဇကုမာရ်ကျောက်စာရုံအတွင်းသို့ အလှူငွေများလှူဒါန်းမှုမပြုကြရန်နဲ့ သတ်မှတ်နေရာများ၌သာလှုဒါန်းကြရမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက
သိရပါတယ်။
#Local_News
Published 02 August 2026
#ရာဇကုမာရ်ကျောက်စာရုံ
#YMG/NN #Yangon_Times
#Local_News
Published 01 August 2026
■ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု မြှင့်တင် ရန် ရည်ရွယ်သည့် ၃.၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ထုတ်လုပ်ရေး ရှေ့ပြေးစီမံကိန်းကို ဇူလိုင် ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
■ Thilawa Property Development Limited (TPD) က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အဆိုပါ Solar Power Project ဖွင့်ပွဲအခမ်းအနားကို သန်လျင်မြို့နယ်၊ သီလဝါဥယျာဉ်မြို့တော်ရှိ Residential & Commercial ဧရိယာတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
■ ယင်းစီမံကိန်းသည် နေရောင်ခြည်စွမ်းအင်ကို အသုံးချ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စမ်းသပ်အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် သီလဝါဒေသအတွက် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှု တိုးမြှင့်ရေးတွင် အထောက်အကူပြုမည်ဖြစ်သည်။
■ ဖွင့်ပွဲအခမ်းအနားတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Thilawa Property Development Limited ဥက္ကဋ္ဌ ဦးဝင်းအောင်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စီမံကိန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
■ အဆိုပါဖွင့်ပွဲအပြီးတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှုကာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။စွမ်းအင်လိုအပ်ချက်များ မြင့်တက်လာနေချိန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ အသုံးချနိုင်ရေးသည် အရေးပါလာပြီး သီလဝါ ၃.၃၇ မဂ္ဂါဝပ် စီမံကိန်းသည် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးအတွက် ရှေ့ပြေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ပိုကုန်နှင့်သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်သေတ္တာတင်သင်္ဘော (၅၅) စီးပြေးဆွဲသွားမယ်လို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 August 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံများသို့ နှစ်စဉ်ဆန်များတိုးချဲ့တင်ပို့နိုင်ရေးကိုကြိုးပမ်းလုပ်ဆောင်နေပြီး ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်ပါဝင်လာနိုင်ရန် ရည်မှန်းလုပ်ဆောင်နေတယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။
#Local_News
Published 01 August 2026
#စပါးကျီနိုင်ငံ
#YMG/NN #Yangon_Times
ယခုနှစ်(၆)လကျော်ကာလအတွင်း YBS ယာဉ်မတော်တဆမှု (၃၄) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၉) ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၃၅) ဦးရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 01 August 2026
#YBS #YRTC
#YMG/SW #Yangon_Times
#Daily_News
Published 01 August 2026
၁။ ဩဂုတ်လအတွင်း ကုန်သေတ္တာတင်သင်္ဘော (၅၅) စီးပြေးဆွဲမည်
၂။ ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်ပါဝင်လာနိုင်ရန်ရည်မှန်းလုပ်ဆောင်နေ
၃။ ယခုနှစ်(၆)လကျော်အတွင်း YBS ယာဉ်မတော်တဆမှု (၃၄)မှုဖြစ်ပွား၊ သေဆုံးသူ(၁၉)ဦးရှိ
၄။ အမေရိကန်၏ဘက်ပေါင်းစုံစစ်ပွဲဆင်နွှမှုကိုရင်ဆိုင်နေရကြောင်း အီရန်သမ္မတပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 24 of 2477