#Daily_News
Published 24 September 2026
၁။ EPS-TOPIK ကုန်ထုတ် ဒုတိယအသုတ်အလုပ်ရှင်ရွေးချယ်မခံရသူများ အလုပ်လျှောက်လွှာသက်တမ်းတိုးနိုင်
၂။ ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပနေ
၃။ ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်းအခမဲ့ဖွင့်လှစ်မည်
၄။ နည်းပြငှားရမ်းစရာမလိုအပ်သော တရုတ်နိုင်ငံထုတ်AIတင်းနစ်စက်ရုပ်များ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ကြိမ်မြောက် EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အောင်မြင်ပြီး အလုပ်ရှင်ရွေးချယ်ခံရခြင်းမရှိသေးသူများအတွက် အလုပ်လျှောက်လွှာသက်တမ်းတိုးခေါ်ယူထားပါတယ်။
#Local_News
Published 24 September 2026
#EPS_TOPIK
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပနေတယ်လို့သိရပါတယ် ။
#Local_News
Published 24 September 2026
#ရွှေတိဂုံစေတီတော်
#YMG/SW #Yangon_Times
ဂျပန်ဘာသာစကား သင်ကြားရေးဆရာများအတွက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာက “ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း”ကို အောက်တိုဘာလ ၁၀ ရက်ကနေ ဒီဇင်ဘာလ ၁၉ ရက်အထိ အခမဲ့ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 24 September 2026
#ဂျပန်ဘာသာ
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန် ဒေါ်လာသန်း(၁၃၀၀ကျော်တန်ဖိုးရှိ ငါးမက်ထရစ်တန်ကိုးသောင်းကျော်တင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။
#Local_News
Published 24 September 2026
#ငါး
#YMG/NN #Yangon_Times
#Local_News
Published 24 September 2026
■ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို မျှဝေဖလှယ်သည့် “လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင်မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
■ ပွဲတော်အတွင်း တရုတ်နှင့်မြန်မာတို့၏ လက်ဖက်ယဉ်ကျေးမှုနှင့် ရိုးရာအနုပညာလက်ရာများအပြင် ဒေသအသီးသီးမှ အစားအသောက်နှင့် လယ်ယာထွက်ကုန်များကို တစ်နေရာတည်းတွင် စုစည်းမိတ်ဆက်ခဲ့ပြီးယင်းပြပွဲတွင် ဝါးကျည်တောက်လက်ဖက်ခြောက် ပြုလုပ်သည့်အတတ်ပညာ၊ ဟားနီတိုင်းရင်းသား ရိုးရာပန်းထိုးပညာ၊ ပိုင်တိုင်းရင်းသား ဆေးဆိုးပန်းရိုက်ပညာတို့အပြင် ယူနန်ဒေသ၏ Tile Cat ယဉ်ကျေးမှုနှင့် Jiama နတ်ရုပ်ယဉ်ကျေးမှု လက်ရာများကို ခင်းကျင်းပြသခဲ့သည့်အပြင် ယူနန်ဒေသ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် လက်ဖက်ပြုလုပ်ခြင်းအတတ်ပညာ၊ ယူနန်နှင့် တက်ဟုန်းဒေသထွက်စားဖွယ်များ၊ ကျန်းရှီးဒေသစားဖွယ်များ၊ ဟေးလုံကျန်းဒေသထွက် လယ်ယာထွက်ကုန်များနှင့် ကြွေထည်လက်ရာများကိုလည်း ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူများအား ဒေသထွက်အစားအစာများဖြင့် ဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း မြန်မာ့လက်ဖက်ယဉ်ကျေးမှုနှင့် လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်များကို ထည့်သွင်းပြသခဲ့သည်။
ထို့အပြင်ယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များအဖြစ် ယူနန်လူမှုဘဝနှင့် ခရီးသွားလုပ်ငန်း မိတ်ဆက်ဗီဒီယိုပြသခြင်း၊ ယူနန်တိုင်းရင်းသားအကနှင့် မီးပွဲတော် တင်ဆက်ခြင်း၊ တရုတ်-မြန်မာ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။
■ တရုတ်ယဉ်ကျေးမှုစင်တာ(ရန်ကုန်) တာဝန်ခံ Mr. Han Jiajun က တရုတ်နှင့် မြန်မာနှစ်နိုင်ငံတွင် ရှည်လျားသည့် လက်ဖက်ယဉ်ကျေးမှု အစဉ်အလာများရှိပြီး တရုတ်လူမျိုးများ၏ လက်ဖက်ရည်သောက်သုံးခြင်းနှင့် မြန်မာလူမျိုးများ၏ လက်ဖက်သုပ်စားသုံးခြင်း၊ ရေနွေးကြမ်းသောက်သုံးခြင်းတို့သည် နှစ်နိုင်ငံပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် ဆက်စပ်နေသည့် ယဉ်ကျေးမှုများဖြစ်ကြောင်းပြောကြားသည်။
■ ထို့အတူ တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့ ပြည်သူအချင်းချင်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလည်း ကာလရှည်ကြာ တည်တံ့လာခဲ့ကြောင်း၊ အဆိုပါဆောင်းဦးလယ်လမုန့်ပွဲတော်သည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ပေးနိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။
■ ဆောင်းဦးလယ်လမုန့်ပွဲတော်သည် မိသားစုများ ပြန်လည်ဆုံစည်း၍ လပြည့်ဝန်းကို ကြည့်ရှုသည့် တရုတ်ရိုးရာပွဲတော်ဖြစ်ပြီး လမုန့်စားသုံးခြင်းနှင့် လက်ဖက်ရည်သောက်သုံးခြင်းတို့မှာ ပွဲတော်နှင့်အတူ တွဲဖက်ကျင်းပလေ့ရှိသည့် ရိုးရာဓလေ့များဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 September 2026
■ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့၌ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားလာရေးပြခန်းတွင် မြန်မာနိုင်ငံယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
■ အဆိုပါ ခရီးသွားလာရေးပြခန်းတွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအပါအဝင် နိုင်ငံတကာမှ ၈ နိုင်ငံ၊ တရုတ်ပြည်မကြီးနှင့် ဒေသအသီးသီးမှ ခရီးသွားလုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီများနှင့် ဒေသထွက်ကုန်လုပ်ငန်းများပါဝင်ခဲ့ပြီး ကုမ္ပဏီ ၁,၃၅၀ နှင့် ပြခန်း ၁,၇၂၀ ခင်းကျင်းပြသခဲ့သည်။
■ မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်တွင် ကွမ်ရှီးဒေသအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ ခရီးသွားလာမှု ပိုမိုလွယ်ကူချောမွေ့စေရေး၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးနှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးခဲ့သည်။
■ ထို့ပြင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ သဘာဝအခြေခံခရီးစဉ်ဒေသများ၊ ခရီးသွားအတွေ့အကြုံများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး မြန်မာခရီးသွားကုမ္ပဏီများက တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းချင်း ချိတ်ဆက်ဆွေးနွေးခဲ့ကြသည်။
■ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွေ့လင်မြို့ရှိ အထင်ကရခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုပေးမှုများကိုလည်း လေ့လာခဲ့ပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသစီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးတို့အတွက် အတွေ့အကြုံများရရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 24 of 2526