မြန်မာနိုင်ငံ၊ ရန်ကုန်မြိုနဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တို့အကြား ညီအစ်မမြို့တော်ဆက်ဆံရေး ထူထောင်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက်က ဝူဟန်မြို့မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 22 September 2026
#ရန်ကုန်_ဝူဟန် #မြန်မာနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 22 September 2026
၁။ အရဟံဖောင်ဒေးရှင်း(၆)နှစ်တာအတွင်းဆရာတော်၊သီလရှင်၊လူပုဂ္ဂိုလ် ၄၄၁၀ ဦးတို့ကို ဆိုင်ရာစာပေများသင်ကြားပို့ချခဲ့ပြီးဖြစ်
၂။ အယ်လ်နီညိုကြောင့် ပြည်တွင်း၌အပူချိန်မြင့်တက်ပြီး မိုးခေါင်ရေရှားမှုဖြစ်ပေါ်နိုင်
၃။ မုန်တိုင်းငယ်အရှိန်ကြောင့်ဒေသအချို့၌ မိုးကြီးလေထန်နိုင်
၄။ ကနေဒါနိုင်ငံ ထုတ်ကုန်ပစ္စည်းများကိုအမေရိကန်အစိုးရဝယ်ယူရေးအစီအစဉ်မှ ထရမ့်ဖယ်ရှား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 September 2026
■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
■ ပထမဦးစားပေးအဖြစ် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်ေကြာင်း သိရသည်။
■ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက် လျှောက်လွှာများကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ် မကွေး၊ ဆေးတက္ကသိုလ် တောင်ကြီး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) စသည့် လက်ခံမည့်နေရာ ၈ ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ေကြာင်းသိရသည်။
■ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများမှာ သတ်မှတ်ထားသည့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ လျှောက်လွှာစာအိတ် ပေးပို့လျှောက်ထားရမည်ဖြစ်ေကြာင်း သိရသည်။
■ ဝင်ခွင့်ရွေးချယ်မှုကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်သဖြင့် လျှောက်ထားသူများအနေဖြင့် လမ်းညွှန်စာအုပ်ကို သေချာဖတ်ရှုပြီး လျှောက်ထားရန်လိုကြောင်း သိရသည်။
■ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
#YMG/SW #Yangon_Times
နေပြည်တော်၊ စက်တင်ဘာ ၂၁
လယ်ယာနှင့် မွေးမြူရေးကဏ္ဍကို ရိုးရာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်၍ နိုင်ငံ့ထုတ်ကုန်နှင့် ပြည်သူ့ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပသည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အလုပ်လုပ်ကိုင်သူများအနက် ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍတို့တွင် လုပ်ကိုင်နေကြသဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေးသည် အရေးကြီးကြောင်း ပြောသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ်သာ မမြင်သင့်ဘဲ ထုတ်လုပ်မှု၊ ကုန်ကြမ်း၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ချိတ်ဆက်စဉ်းစားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ယင်းသို့ ဆောင်ရွက်နိုင်ပါက တောင်သူများ၏ ဝင်ငွေတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးတက်လာခြင်းတို့မှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်နှင့် စီးပွားရေးတိုးတက်လာနိုင်မည်ဟု ပြောကြားသည်။
လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် စိန်ခေါ်မှုဖြစ်နေပြီး ယင်းမှာ ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်းတို့နှင့် သက်ဆိုင်နေကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု ပမာဏတိုးမြှင့်ကာ ပြည်တွင်းလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းနိုင်ရေး လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်သမ္မတက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ ဒသမ ၄ သန်းခန့်ရှိပြီး ပျမ်းမျှအထွက်နှုန်း ၈၅ တင်းခန့်သာရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်းအတိုင်း ထုတ်လုပ်နိုင်ပါက လက်ရှိထက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် နိုင်ငံတော်က အားပေးစိုက်ပျိုးနေသည့် သီးနှံကိုးမျိုးကို ဒေသအလိုက် ရာသီဥတုနှင့် မြေအမျိုးအစားအရ သင့်လျော်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ပါက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဟု ဆိုသည်။
စားသုံးဆီကဏ္ဍတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းကဲ့သို့ ဆီထွက်သီးနှံများကို ဒေသအလိုက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရန်နှင့် စားအုန်းဆီတင်သွင်းမှုကို အဆင့်လိုက်လျှော့ချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ထို့အပြင် ဆန်စပါးမှ ထွက်ရှိသည့် ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲနှင့် စပါးခွံကဲ့သို့ ဘေးထွက်ပစ္စည်းများကို စားသုံးဆီ၊ တိရစ္ဆာန်အစာနှင့် လောင်စာအဖြစ် ပြန်လည်အသုံးချနိုင်ပြီး ထုတ်ကုန်တစ်မျိုးတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ ဘေးထွက်ပစ္စည်းများကိုပါ တန်ဖိုးဖန်တီးအသုံးချရန် လိုအပ်ကြောင်း ဆိုသည်။
မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍လည်း ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးမွေးမြူရေးတို့တွင် မျိုးကောင်းမျိုးသန့်၊ အစာစရိတ်၊ နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို မြှင့်တင်ကာ ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့် ပိုလျှံထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် Agro-based Industries များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုပြီး ဆန်၊ ပဲ၊ ဆီထွက်သီးနှံ၊ ဝါ၊ ဝါး၊ ကော်ဖီနှင့် သစ်သီးဝလံများကို ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းနှင့် အမှတ်တံဆိပ် ဖော်ဆောင်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ဒေသတစ်ခုချင်းစီ၏ သဘာဝအရင်းအမြစ်၊ ရာသီဥတုနှင့် မြေဆီလွှာဆိုင်ရာ အားသာချက်များကို အခြေခံ၍ One Region One Product (OROP) ပုံစံဖြင့် ဒေသထွက်ကုန်များကို ရွေးချယ်ကာ အရည်အသွေးမြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ အမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ချိတ်ဆက်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ကြောင်းလည်း ဆိုသည်။

နိုင်ငံတော်သမ္မတက အလုပ်ရုံဆွေးနွေးပွဲမှ အခြေအနေသုံးသပ်ချက်များသာမက ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များ၊ နှစ်တိုနှင့် နှစ်လတ်လုပ်ငန်းစီမံချက်များ၊ တာဝန်ယူမည့်အဖွဲ့အစည်းများ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ၊ ဈေးကွက်နှင့် ပို့ကုန်ချိတ်ဆက်ရေး နည်းလမ်းများ ပါဝင်သည့် လက်တွေ့အကောင်အထည်ဖော်နိုင်သော Action Plan များ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် နည်းပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

#Local_News
Published 21 September 2026
■ တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပသည့်(၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်ကိုပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုံကျွင်း (Admiral Dungjun) ၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းဖြစ်သည်။
■ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တုံကျွင်းက ပေကျင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (Beijing International Convention Center)၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
■ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တည်ခင်းဧည့်ခံသော ဖိုရမ်ဖွင့်ပွဲ ကြိုဆိုနှုတ်ခွန်းဆက် ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
■ စက်တင်ဘာ ၁၆ ရက်တွင် ဖိုရမ်ပထမနေ့ စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် အပြင် ဖိုရမ်သို့ ပါဝင်တက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် နှစ်နိုင်ငံအလွတ်သဘောသီးသန့် တွေ့ဆုံမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။
■ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက ပေကျင်းမြို့ စစ်သမိုင်းပြတိုက်တွင် တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
■ စက်တင်ဘာ ၁၇ ရက်တွင် BICC ၌ ကျင်းပသော ဖိုရမ်ဒုတိယနေ့ စုံညီအစည်းအဝေးသို့ တက်ရောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများနှင့်အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
■ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေးနှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံတကာလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
■ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
■ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာသံရုံး (ပေကျင်း) သို့သွားရောက်၍ သံရုံးနှင့် စစ်သံရုံးတို့မှ အရာရှိ/ စစ်သည်/ မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 September 2026
■ အရဟံဖောင်ဒေးရှင်း၏ (၆)နှစ်ပြည့်အထိမ်းအမှတ် "ဩဝါဒခံယူပွဲ၊ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊အာစရိယပူဇော်ပွဲနှင့် အရဟံ သာသနာပြုဓမ္မကောလိပ် ကျောင်းသား/သူများ၏ စာတမ်းဖတ်ပွဲအခမ်းအနားကို စက်တင်ဘာ၂၀ ရက်နေ့က ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
■ သင်ကြား/စီမံဆရာတော်များနှင့် ကျောင်းသား/သူများ၊ ဧည့်သည်တော် များက "နမောတဿ" (၃) ကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အရဟံဖောင်ဒေးရှင်း (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့်စပ်လျဉ်း၍ အရဟံဖောင်ဒေးရှင်းတည်ထောင်သူနှင့် ပဓာနဦးဆောင်ဆရာတော် "ဓမ္မဝီရဒေါက်တာအရှင်တေဇနိယ" က မိန့်ကြားခဲ့ကြောင်း သိရသည်။
■ ထို့အပြင် အရဟံဖောင်ဒေးရှင်း ဦးဆောင်နာယကဆရာတော် ပါမောက္ခဒေါက်တာအရှင်သာဓိန အား "သဘာပတိဆရာတော်"အဖြစ် တင်မြှောက်ခြင်း ၊ "ယနေ့ခေတ်တွင် ဘာသာမဲ့လူငယ်များ များပြားလာရခြင်းအကြောင်းကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် ကျောင်းထိုင်ဆရာတော်များ၊ ဓမ္မာစရိယကျမ်းပြီး၊ကျမ်းစွဲဆရာတော်များဆိုင်ရာ B.A (Buddhist Missionary) "အရဟံ သာသနဟိတဓမ္မာစရိယ၊အရဟံသာသနဟိတဂဏဝါစက"တန်း သံဃာတော်များက တင်သွင်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
■ ၎င်းအပြင် "မိမိပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအခြေအနေကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် လူပုဂ္ဂိုလ် ဒကာ၊ဒကာမများဆိုင်ရာ Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်း ကျောင်းသား/သူများက တင်သွင်းဖတ်ကြားခဲ့ပြီး "မျက်မှောက်ခေတ် မြန်မာပြည်ဗုဒ္ဓသာသနာနှင့် သီလရှင်ဆရာလေးများ၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် Diploma in Araham Missionary (သာသနဟိတာရမ္ဘ) တန်းနှင့် B.A (Buddhist Missionary ) "အရဟံ သာသနဟိတဓမ္မာစရိယ၊အရဟံသာသနဟိတဂဏဝါစက" တန်း ဆရာလေးများက တင်သွင်းဖတ်ကြားခဲ့ပြီး "ဗုဒ္ဓတရားတော်များသည် ချမ်းသာကြီးပွားခြင်းကိုအားမပေးဟူသော စကားသည် မှန်၊မမှန် လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံသာသနာပြုဓမ္မကောလိပ် လူပုဂ္ဂိုလ် ဒကာ၊ဒကာမများဆိုင်ရာ B.A (Dhamma studies Studies ) တန်း ကျောင်းသား/သူများက တင်သွင်းဖတ်ကြားခဲ့ကြောင်းသိရသည်။
■ ထို့နောက် နေ့လယ်ပိုင်းအစီအစဉ်များအနေဖြင့်အရဟံသာသနာပြု ဓမ္မကောလိပ်သင်ကြားရေးဆရာ၊ဆရာမများအား ၂၀၂၅/၂၀၂၆ ပညာသင်နှစ် အတွင်း 'အရဟံဖောင်ဒေးရှင်း 'ကထုတ်ဝေခဲ့သည့် ပညာရေးအထောက်အကူပြုကျမ်းစာများနှင့် အာစရိယပူဇာ လက်ဆောင်များပေးအပ်ခြင်း၊အရဟံဖောင်ဒေးရှင်း ဩဝါဒစရိယ ကျောက်မဲ ဆရာတော်ကြီးကဒက္ခိဏောဒက ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အဓိပတိဆရာတော်အမှူးပြုသောသင်ကြား/စီမံ ဆရာတော်များနှင့်ကျောင်းသား/ကျောင်းသူများ ၊ဧည့်သည်တော်များ က " ဗုဒ္ဓသာသနာ စိရံတိဌတု "သုံးကြိမ်ရွတ်ဆိုအဓိဌာန်ပြုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာ ၂၈ ရက်ကစပြီး လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 September 2026
#တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
#YMG/SW #Yangon_Times
Page 27 of 2526