#Local_News
Published 01 August 2026
■ မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ရာ အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNATIONAL LIMITED တို့အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)၌ ယမန်နေ့ညနေ က ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မုတ္တမကမ်း လွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူသည့်နေ့တွင် ကုန်းတွင်းစီမံကိန်း တစ်ခုအတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရက်(၁၀၀)ပြည့်မြောက်သည့်အချိန်တွင် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းတို့သည် အစိုးရသစ်လက် ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မုတ္တမကမ်းလွန် လုပ်ကွက် (M-3) (အောင်သိင်္ခစီမံကိန်း)ကို ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခဲ့ရာ ယနေ့အချိန်တွင် လက်မှတ်ရေးထိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ စီမံကိန်းမှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် အဓိက အသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်မည့်သဘာဝဓာတ်ငွေ့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၂၈ ခုနှစ်အကုန်တွင် သဘာဝဓာတ်ငွေ့ စတင် ထုတ် လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပြုလုပ်ရန် ဖိတ်ခေါ်တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
■ ထို့နောက် PTTEP မှ ဒုတိယအမှုဆောင်အရာရှိချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် PTTEP အထွေထွေမန်နေဂျာနှင့် ဒုတိယအမှုဆောင်အရာရှိချုပ်တို့က မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာသုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 August 2026
■ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အထူးဇုန် ၁၂ ခု သတ်မှတ်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါ၊ ဝါးစသည်တို့ကိုလည်း တိုးချဲ့စိုက်ပျိုးရန်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ပြောသည်။
■ ဇူလိုင် ၃၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (၁၂) ရက်မြောက်နေ့၌ ပြောကြားသည့် အစိုးရ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ နိုင်ငံတော်သမ္မတကြီးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်စပ်လျဉ်း၍ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အထူးဇုန် ၁၂ ခု သတ်မှတ်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နှမ်းနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင်အထွက်နှုန်းတင်း ၂၀ သတ်မှတ်ထားသော်လည်း အမှန်တကယ်အထွက်နှုန်းသည် ၉ ဒသမ ၆ တင်းသာ ရှိသည့်အတွက် ၅၀ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရပါကြောင်း၊ ပန်းတိုင် အထွက်နှုန်း ပြည့်မီမည်ဆိုပါက ထုတ်လုပ်မှုကုန်ကျစရိတ်များကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
■ ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု ပမာဏအရ လူတစ်ဦးအတွက် ဆီကိုတစ်နှစ်တွင် ငါးပိဿာမှ ခြောက်ပိဿာကြားသာ စားသုံးသင့်သော်လည်း မိမိတို့နိုင်ငံသားများအနေဖြင့် တစ်နှစ်တွင် ရှစ်ပိဿာကျော်အထိ စားသုံးနေသည့်အတွက် ပုံမှန်သုံးစွဲသင့်သည့် ပမာဏထက် များစွာကျော်လွန်သုံးစွဲနေသည်ကိုလည်း စစ်တမ်းများအရသိရကြောင်း၊ ဆီစားများခြင်းသည် ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးများကို ဖိတ်ခေါ်နေသည့်အပြင် ပြည်ပက စားအုန်းဆီ တင်သွင်းရသည့်အတွက် နိုင်ငံခြားငွေ အများအပြား သုံးနေရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅ ဒသမ ၅ သိန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၄ သိန်း တင်သွင်းခဲ့ရကြောင်း၊ ထို့ကြောင့် ဆီစားနှုန်းလျှော့ချပြီး နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အထူးအလေး ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
■ ထို့အပြင် မိမိတို့အစိုးရအနေဖြင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါ၊ ဝါးစသည်တို့ကို တိုးချဲ့စိုက်ပျိုးရန် ရော်ဘာကို ပြည်တွင်း၌ အရည်အသွေးရှိရှိ ထုတ်လုပ်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဝါမျိုးစုံစိုက်ဧက ၅ ဒသမ ၅ သိန်းခန့် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၇-၂၀၂၈ စိုက်ရာသီတွင် ဧကခြောက်သိန်းအထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုထွက်ရှိနေသည့် ဝါအထွက်နှုန်းနှင့် စိုက်ဧကမှန်ကန်ပါက ပိုလျှံမှုများစွာရှိမည်ဖြစ်သောကြောင့် မိမိတို့ ပြည်ပသို့ တင်ပို့နိုင်ပါကြောင်း၊ လက်ရှိတွင် ဝါထွက်နှုန်းသည် ပျမ်းမျှတစ်ဧကတွင် ၄၉၉ ပိဿာသာရှိသောကြောင့် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ အထိထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေများစွာရနိုင်မည်ဖြစ်သည့်အတွက် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 August 2026
■ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် မုံရွာ-ယာကြီး-ကလေးဝ-ကလေး-တမူး ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်လုံးကို အစိုးရသစ်၏ ရက်၁၀၀ပြည့်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက် ယနေ့တွင် ထုတ်ပြန်သည်။
■ တပ်မတော်စစ်ကြောင်းများသည် ဇွန်လ ၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းကို ဇူလိုင်လ ၇ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်၊ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ကို ဇွန်လ ၇ ရက်နေ့မှစ၍ တမူးမြို့ဘက်နှင့် ကလေးမြို့ဘက်တို့မှ နှစ်ဘက်စစ်ကြောင်းခွဲ၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ဇူလိုင်၃၁ရက်နေ့တွင်ရန်တိုင်းအောင်ကျေးရွာ၌ နှစ်ဘက်စစ်ကြောင်းများ ချိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ အဆိုပါ စစ်ဆင်ရေးကာလအတွင်း လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်ဖက်အဖွဲ့များထံမှလည်း အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ကျဆုံးခဲ့ရကြောင်းသိရသည်။
■ ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ အဆင့်ဆင့် တိုက်ခိုက်မှုများအတွင်း နန်းမွတ်တား၊ ရန်လင်းဖိုင်၊ အရှေ့ခုံသာ၊ ရာဇဂြိုဟ်၊ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင်၊ ခွန်နိုင်း၊ နန်းခေါက်ခေါက်၊ ကနန်၊ ကမ္မကြီး(ချင်း/ဗမာ)၊ ထင်းဇင်(ရွာသစ်/ရွာဟောင်း)၊ ဘုတ်ကန်၊ ဝိတုတ်၊ တီးတိန်ယံ၊ ရန်တိုင်းအောင်နှင့် တို့ဘန် စသည့် ကျေးရွာများအပြင် ဇွန်လ ၁၄ ရက်တွင် ရာဇဂြိုဟ်ရေလှောင်တမံနှင့် ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့တို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
■ ၂၀၂၄ ခုနှစ်မှစတင်၍ လမ်းကြောင်းအား ပိတ်ဆို့ထားသည့် NUG၊ CRPH နှင့် PDF အဖွဲ့များအနေဖြင့် ဆက်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မော်တော်ယာဉ်များ မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အပြင် နန်းမွတ်တား၊ ၅၅ မိုင်၊ ခါမ်းပါတ်၊ တွဲဘန် တံတားများနှင့် ရာဇဂြိုဟ်ရေလှောင်တမံ ရေထိန်းတံခါးတို့ကို ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အများပြည်သူဆိုင်ရာနှင့် ဘာသာရေး အဆောက်အအုံများတွင် ဘန်ကာနှင့် မိုင်းများ တပ်ဆင်အသုံးပြုခဲ့သည်ဟုလည်းသတင်းထုတ်ပြန်ထားသည်။
■ လက်ရှိတွင် လမ်းကြောင်းများ ပြန်လည်ပွင့်လမ်းသွားပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် တမူးမြို့မှတစ်ဆင့် ကလေး၊ မုံရွာနှင့် မန္တလေးမြို့များအထိ ကုန်သွယ်မှုနှင့် သွားလာမှုများ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
■ ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ လမ်း၊ တံတားများနှင့် မိုင်းရှင်းလင်းရေး အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာက လုပ်ဆောင်လျက်ရှိပြီး၊ လိုအပ်သည့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရသိရသည်။
စိုက်ပျိုးရေးနှင့်အစားအသောက်ထုတ်လုပ်မှုကဏ္ဍအတွင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ RBF+ Matching Grant ထောက်ပံ့ငွေလျှောက်ထားနိုင်ဖို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP) အသင်းက အခမဲ့ချိတ်ဆက်ကူညီပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 31 July 2026
#RBF+ #MFVP
#YMG/SW #Yangon_Times
မသမာသောနည်းလမ်းများ အသုံးပြု၍ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများကစက်သုံးဆီဝယ်ယူခြင်းခံခဲ့ရတဲ့ ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးသွားမယ်လို့ သိရပါတယ် ။
#Local_News
Published 31 July 2026
#QR_Code
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုကရုဏာလုပ်ငန်းတွေအတွက် ရန်ပုံငွေမြှင့်တင်ရေးကို ရည်ရွယ်တဲ့ Green Bago 2026 Campaign သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်–မန္တလေး အမြန်လမ်း မိုင်(၄၀)၊ (၃)ဖာလုံအနီးမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 31 July 2026
#Green_Bago_2026_Campaign
#YMG/SW #Yangon_Times
နိုင်ငံတော်အစိုးရသစ်ရဲ့ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်တဲ့ ရန်ကုန် - ပြည်ရထားလမ်းပိုင်းမှာ အမှတ် (၇၃) အဆန်/ အမှတ် (၇၄) အစုန် ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 31 July 2026
#ရန်ကုန်_ပြည်ရထား #DEMU
#YMG/NN #Yangon_Times
Page 25 of 2477