ဒီကနေ့ကနေလာမယ့် စက်တင်ဘာ(၂၉)ရက်အထိ ဒေသအချို့၌ မိုးကြီး လေထန်ပြီး သဘာဝဘေးအချို့ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်တဲ့မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ် (၈၂/၂၀၂၆) ထုတ်ပြန်ပြီး အသိပေးထားပါတယ်။
#Local_News
Published 25 September 2026
#မိုးကြီးလေထန်
#YMG/NN #Yangon_Times
ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်က နှစ်စဉ်ပြုလုပ်နေတဲ့ ထောက်ပံ့မှုအစီအစဉ်တွေထဲက မြန်မာနိုင်ငံရှိယဉ်ကျေးမှုနဲ့အနုပညာနယ်ပယ်က ပညာရှင်တွေ လျှောက်ထားနိုင်မယ့်အစီအစဉ်တွေကိုအသိပေးထားပါတယ်။
#Local_News
Published 25 September 2026
#ဂျပန်ဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများရဲ့ ငွေကြေးတွေနဲ့ တိုက်ရိုက်ပေးချေနိုင်ရေးဆွေးနွေးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးကပြောပါတယ်။
#Local_News
Published 25 September 2026
#ကိုရီးယား
#YMG/SW #Yangon_Times
#Local_News
နေပြည်တော်၊ စက်တင်ဘာ ၂၆
■ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်ရှိ NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ဟု ဖော်ပြထားသည့် နေရာကို တပ်မတော်က မြေပြင်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ထားသည်။
■ ယင်းတိုက်ခိုက်မှုတွင် DCS စစ်ပြေး နေဝင်းအောင် သေဆုံးခဲ့ပြီး တင်လင်းအောင်နှင့် NUG အထူးတိုင်းစစ်ဌာနချုပ်မှ တိုင်းကွပ်ကဲရေးမှူးအဆင့်ရှိသူ အောင်စံရှားတို့အပါအဝင် NUG ခေါင်းဆောင်အချို့နှင့်အဖွဲ့ဝင်များ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းများ နှင့် ထိခိုက်သေဆုံးခြင်းများစွာ ဖြစ်ပွားခဲ့ ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။
■ ဒေသခံများနှင့် အဖွဲ့အတွင်းမှ သတင်းပေးသူအချို့ထံမှ ရရှိသည့် လှုပ်ရှားမှုသတင်းများကို လုံခြုံရေးတပ်ဖွဲ့များက စိစစ်ထောက်လှမ်းပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ တပ်မတော်အနေဖြင့် ဒေသခံများနှင့် ပူးပေါင်းကာ လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊သကျသီဟနဲ့ အစိုးရသိရီပဝရဓမ္မာစရိယ သက်တော်(၉၉)နှစ်၊ သိက္ခာဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို စက်တင်ဘာ ၂၅ရက်နေ့ တွင်သာသနာထုံးစံနှင့်အညီ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 25 September 2026
#ချမ်းမြေ့ဆရာတော်ဘုရားကြီး
#YMG/NN #Yangon_Times
#Local_News
Published 25 September 2026
■ ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တွန်းဇံမြို့တွင် MPT ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိပြီဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။
■ ဆက်သွယ်ရေးကွန်ရက် ပြန်လည်ရရှိရေးအတွက် MPT ဝန်ထမ်းများက လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့သို့ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ကာ တွန်းဇံမြို့တွင် စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
■ အဆိုပါလုပ်ငန်းများ ပြီးစီးပြီးနောက် MPT ဆက်သွယ်ရေးကွန်ရက် ပြန်လည်ရရှိလာသဖြင့် တွန်းဇံမြို့ဒေသခံများအနေဖြင့် ဖုန်းဆက်သွယ်မှုများ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ပြီး လူမှုစီးပွားရေးလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုနှင့် သတင်းအချက်အလက်စီးဆင်းမှုများ ပိုမိုအဆင်ပြေစေရန် အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
■ MPT အနေဖြင့် ချင်းပြည်နယ်အတွင်း ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိရေးနှင့် ဒေသခံများ ဆက်သွယ်ရေးအဆင်ပြေစေရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 September 2026
■ အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ (၂၄)ရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို တစ်ရွာတည်းနေ မိုးမိုးအောင်(ခ)မမိုး၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သုခ(၂)ရပ်ကွက်နေ ခက်ခက်(ခ)နီနီဝင်း(ခ)မနီနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အမှတ်(၁) ရပ်ကွက်နေ မဖြူ(ခ)အဖြူတို့က တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၉၀/၁၀၀ ရရှိမည်၊ I Phone လည်းကိုင်ရမည်၊ အေးဆေးနေထိုင်ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ရွှေမန္တလာခရီးသည်တင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ခေါ်ဆောင်လာကြောင်းစိစစ်သိရှိရသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း(ပ)၄၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ခက်ခက်(ခ)နီနီဝင်း(ခ)မနီကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 23 of 2526