#Local_News
Published 25 September 2026

■ အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

■ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ (၂၄)ရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို တစ်ရွာတည်းနေ မိုးမိုးအောင်(ခ)မမိုး၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သုခ(၂)ရပ်ကွက်နေ ခက်ခက်(ခ)နီနီဝင်း(ခ)မနီနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အမှတ်(၁) ရပ်ကွက်နေ မဖြူ(ခ)အဖြူတို့က တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၉၀/၁၀၀ ရရှိမည်၊ I Phone လည်းကိုင်ရမည်၊ အေးဆေးနေထိုင်ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ရွှေမန္တလာခရီးသည်တင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ခေါ်ဆောင်လာကြောင်းစိစစ်သိရှိရသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း(ပ)၄၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ခက်ခက်(ခ)နီနီဝင်း(ခ)မနီကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times