#Local_News
Published 25 September 2026

■ ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တွန်းဇံမြို့တွင် MPT ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိပြီဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။

■ ဆက်သွယ်ရေးကွန်ရက် ပြန်လည်ရရှိရေးအတွက် MPT ဝန်ထမ်းများက လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့သို့ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ကာ တွန်းဇံမြို့တွင် စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

■ အဆိုပါလုပ်ငန်းများ ပြီးစီးပြီးနောက် MPT ဆက်သွယ်ရေးကွန်ရက် ပြန်လည်ရရှိလာသဖြင့် တွန်းဇံမြို့ဒေသခံများအနေဖြင့် ဖုန်းဆက်သွယ်မှုများ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ပြီး လူမှုစီးပွားရေးလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုနှင့် သတင်းအချက်အလက်စီးဆင်းမှုများ ပိုမိုအဆင်ပြေစေရန် အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

■ MPT အနေဖြင့် ချင်းပြည်နယ်အတွင်း ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိရေးနှင့် ဒေသခံများ ဆက်သွယ်ရေးအဆင်ပြေစေရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times