#Local_News
Published 30 September 2026
■ အောက်တိုဘာလအတွင်းနိုင်ငံတကာ ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
■ ထိုသို့ကျင်းပရာတွင်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် မြန်မာ ယူ-၁၇ အမျိုးသားအသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသားအသင်းတို့၏ International Friendly Matches (ခြေစမ်းပွဲများ)ပါဝင်ကြောင်းသိရသည်။
■ ထို့အပြင် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့် AFC U-17 Women's Asian Cup Qualifiers (Group G) ပြိုင်ပွဲနှင့် ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်မည့် AFC Challenge League East Region (Group E) ပြိုင်ပွဲ ပွဲစဉ်များလည်း ပါဝင်ကြောင်းသိရသည်။
■ ထို့အပြင် ကလပ်အသင်းအဆင့်တွင်မူ AFC Challenge League East Region (Group E) ၌ ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 September 2026
■ “Naypyitaw” ဟု အမည်ပေးထားသည့် MAI ၏ ATR 72-600 လေယာဉ်သစ် XY-ANE
ပြင်သစ်နိုင်ငံမှ ရောက်ရှိလာရာကြိုဆိုခဲ့ကြောင်း Myanmar Airways International (MAI) ကအသိပေးထားသည်။
■ အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံ Toulouse မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ရေဖြန်းဂုဏ်ပြုကြိုဆိုမှုဖြင့် ဂုဏ်ပြုခဲ့ကြောင်း ၊ XY-ANE သည် MAI ၏ ATR 72-600 လေယာဉ်အုပ်စုတွင် အသစ်ထပ်မံဝင်ရောက်လာသော လေယာဉ်ဖြစ်ပြီး လေယာဉ်အုပ်စုတိုးချဲ့ရေးနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းလေကြောင်းဆက်သွယ်မှုများအပြင် ဒေသတွင်းနိုင်ငံများနှင့် လေကြောင်းဆက်သွယ်မှုများကို ပိုမိုအားကောင်းစေရန် အထောက်အကူပြုမည်ဖြစ်သည်ဟုဆိုထားသည်။
■ ထို့အပြင် MAI အနေဖြင့်လည်း လေကြောင်းကွန်ရက်များကို ဆက်လက်တိုးချဲ့ပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ခရီးစဉ်ဆက်သွယ်မှုများ ပိုမိုရရှိစေရန် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ကြီးမြို့၌ လာမယ့်နိုဝင်ဘာလအတွင်းကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော် ၊ရိုးရာမီးပုံးပျံပြိုင်ပွဲ၌ မီးပုံးပျံ ၅၄၁ လုံး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရိုးရာမီးပုံးပျံပြိုင်ပွဲသတင်းနှင့်ပြန်ကြားရေးကသိရပါတယ်။
#Local_News
Published 29 September 2026
#တောင်ကြီးမြို့ #တန်ဆောင်တိုင်ပွဲတော်
#YMG/NN #Yangon_Times
လာမယ့် အောက်တိုဘာလအတွင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုန်သေတ္တာတင်သင်္ဘောခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှသိရပါတယ်။
#Local_News
Published 29 September 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီးမြစ်ဝကျွန်းပေါ်ဒေသများနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်း အနောက်တောင်မုတ်သုံလေများလည်း ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ အောက်တိုဘာလ လပတ်အတွက် မိုးလေ၀သနဲ့ဇလဗေဒခန့်မှန်းချက်အရသိရပါတယ်။
#Local_News
Published 29 September 2026
#ကပ္ပလီပင်လယ်ပြင် #ဘင်္ဂလားပင်လယ်အော်
#YMG/NN #Yangon_Times
#Daily_News
Published 29 September 2026
၁။ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်၌ မီးပုံးပျံ (၅၄၁)လုံးဝင်ရောက်ယှဉ်ပြိုင်မည်
၂။ အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘော(၅၆)စီး ပြေးဆွဲမည်
၃။ အောက်တိုဘာလအတွင်းမုန်တိုင်းငယ်(၂)ကြိမ်ရောက်ရှိနိုင် ၊ အနောက်တောင်မုတ်သုံလေများဆုတ်ခွာမည်
၄။ တရုတ်ဟန်ကျိုး၌ကျင်းပမည့်စက်ရုပ်ပြပွဲတွင် လက်တွေ့အသုံးချရေးတာဝန်များဖြင့်စမ်းသပ်သွားမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ငဝန်တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေအတွက် သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ (၂၂)နိုင်ငံက ကုမ္ပဏီ (၅၇)ခုက ကျပ် ၄၃၁ ဒသမ ၅၁ သန်း လှူဒါန်းခဲ့ပါတယ်။
#Local_News
Published 29 September 2026
#လေးမျက်နှာရေဘေး
#YMG/SW #Yangon_Times
Page 19 of 2526