လေကြောင်းလိုင်းတွေက သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ပိုမိုရောင်းချတာနဲ့ Fake Account တွေကနေတစ်ဆင့် လေယာဉ်လက်မှတ်ရောင်းချတာတွေ့ရှိပါကထိရောက်စွာ အရေးယူသွားမယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 06 October 2026
#လေယာဉ်လက်မှတ်
#YMG/SW #Yangon_Times
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ရာ ဆွမ်းအိုးပွဲတော်ကိုလည်း သီတင်းကျွတ်လပြည့်နေ့၌ ကျင်းပသွားမယ်လို့ပွဲတော်ကျင်းပရေးကော်မတီကနေသိရပါတယ်။
#Local_News
Published 06 October 2026
#ကျိုက္ခမီရေလယ်ဘုရား #မွန်ပြည်နယ်
#YMG/NN #Yangon_Times
၂၀၂၆ ခုနှစ် ဆောင်းရာသီမှာ သီးထပ်စိုက်ပျိုးမယ့် တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ကအသိပေးထားပါတယ်။
#Local_News
Published 06 October 2026
#တောင်သူ
#YMG/SW #Yangon_Times
စပါးရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုးမှုများလျော့ချနိုင်ဖို့နဲ့ စပါးစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိနိုင်စေဖို့ လာမယ့်စပါးလှိုင်လှိုင်ပေါ်ချိန်မှာ သိုလှောင်ရုံကုန်အပ်စနစ်ကိုဖော်ဆောင်ဖို့ သက်ဆိုင်ရာလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေသိရပါတယ်
#Local_News
Published 06 October 2026
#စပါး
#YMG/NN #Yangon_Times
#Daily_News
Published 06 October 2026
၁။ လေယာဉ်လက်မှတ် သတ်မှတ်ဈေးထက်ပိုရောင်းချမှုများကိုအရေးယူမည်
၂။ ကျိုက္ခမီရေလယ်ဘုရား၌ ဆွမ်းအိုးမျှောပွဲကျင်းပမည်
၃။ သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်
၄။ တရုတ်နိင်ငံတွင် အန်အိုင်အို EV ကားများ အဆင့်မြင့်ထုတ်လုပ်နေ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 October 2026
■ ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနဖွင့်ပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးညီလာခံ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
■ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ တရုတ်သံမှူး Mr. Li Qianguo ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
■ ဦးစွာဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နှင့် တက်ရောက်လာကြသူများသည် ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှုကြသည်။
■ ယင်းနောက် ညီလာခံအခမ်းအနားကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဖွင့်အမှာစကားပြောကြားသည်။
■ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Mr. Li Qianguo တို့က နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားကြသည်။
■ ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက် က ပြည်ထောင်စုဝန်ကြီးနှင့် အထူးဧည့်သည်တော်များအား အထိမ်းအမှတ်လက်ဆောင်များပေးအပ်ပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 October 2026
■ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Gelora Bung Karno အားကစားကွင်း၌ အောက်တိုဘာ ၅ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့် FIFA ASEAN Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino)၊ အာဆီယံဒေသတွင်း နိုင်ငံအသီးသီးမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသတွင်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ ထို့နောက် MFF အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် FIFA ASEAN Cup ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ပြီး ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ မိနစ် ၉၀ နှင့် အချိန်ပို ၃၀ မိနစ်အထိ ၂ ဂိုးစီ သရေကျနေခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ အင်ဒိုနီးရှားအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုံးအကြိမ် FIFA ASEAN Cup ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 15 of 2526