#Daily_News
Published 10 August 2026
၁။ ရထားလမ်းရေကျော်နေ၍ ပုသိမ် - ကြံခင်းရထားခရီးစဉ်များယာယီရပ်နား
၂။ မြစ်ကြီးအချို့စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး လာမယ့်တစ်ရက်အတွင်းဆက်လက်မြင့်တက်နိုင်
၃။ စစ်ကိုင်းမြို့နယ်၊ ကျေးရွာများရှိနေအိမ်များနှင့်ဝါစိုက်ခင်းများရေမြုပ်
၄။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာအတွက်ကိုယ်စားလှယ်လောင်းများအပေါ် ကုလလုံခြုံရေးကောင်စီတံခါးပိတ်မဲပေးပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း၌ရထားလမ်းရေကျော်နေ၍ ပုသိမ် - ကြံခင်းရထားခရီးစဉ်များယာယီရပ်နားလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 10 August 2026
#ရထား
#YMG/NN #Yangon_Times
#Local_News
Published 10 August 2026
■ ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ဩဂုတ်လ ၉ ရက်က ကျင်းပသည့် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC)၌ ၇၅ကီလို/ ၅ ချီ ပြိုင်ပွဲ ၊၅၃ ကီလို /၄ ချီ ပြိုင်ပွဲ ၊၆၅ကီလို/၄ ချီပြိုင်ပွဲ ၊၅၆ ကီလို/၅ချီ ပြိုင်ပွဲ ၊၆၀ ကီလို /၅ချီ ပြိုင်ပွဲများ၌ပူးတွဲသရေများရရှိခဲ့ကြောင်းသိရသည်။
■ ခေါင်တွဲဆိုင်းဖြစ်သည့် ထွန်းမင်းအောင် နှင့် ရာမန် တို့၏ ၇၅ကီလို/ ၅ ချီ ပြိုင်ပွဲ၌ အနိုင် အရှုံး အဖြေမပေါ်ဘဲ ပူးတွဲသရေဖြင့်ပြီးဆုံးခဲ့ကြောင်း သိရသည် ။
■ ထို့အပြင် ဒုတိယခေါင်တွဲဆိုင်းဖြစ်သည့် နိုင်ဝင်းထွန်း နှင့် ကမ္ဘာရှား တို့၏ ၆၇ ကီလို/၅ ချီ ပြိုင်ပွဲမှာ နိုင်ဝင်းထွန်းက ၄ ချီ ၂ မိနစ်နှင့်စက္ကန့် ၃၀ တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
■ ၎င်းအပြင် ဒေါင်းမိုက်သွေး နှင့် စောရူဘီ တို့၏ ၅၃ ကီလို /၄ ချီ ပြိုင်ပွဲ၌ ပူးတွဲသရေ ဖြင့် ပြီးဆုံးသွားပြီး အောင်ကိုလတ် နှင့် စောထိန်လင်း တို့၏ ၆၅ကီလို/၄ ချီပြိုင်ပွဲမှာလည်း ပူးတွဲသရေ သာ ရရှိကြောင်း ၊ ဆလိုင်းထန်ခွီးရှိန် နှင့် ဟိန်းထွန်းအောင်တို့၏ ၅၆ ကီလို/၅ချီ ပြိုင်ပွဲ၌ ပူးတွဲသရေ ရရှိသွားပြီး အဲမွီ နှင့် သန့်ဇင်တို့၏ ၆၀ ကီလို /၅ချီ ပြိုင်ပွဲ၌လည်း ပူးတွဲသရေများရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 August 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ဩဂုတ်လ ၆ ရက်တွင် ပြန်ပေးဆွဲခံရမှုကို ၁၂ နာရီအချိန်အကြာ ဩဂုတ်လ ၇ ရက်နေ့၌ တရားခံများကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။
■ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့ နံနက် ၄နာရီခွဲချိန်ခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ တရားခံများ ဖြစ်ကြသည့် မူဒူးဂါး(ခ) ဝင်းကိုအောင်(ဘ)ဦးလှမြင့်(ခ)ဦးဘာစန်း(ဟိန္ဒူ၊ဗုဒ္ဓ)နှင့် ဂင်ဒို(ခ) လင်းလင်း (ဘ)ဦးမောင်မောင် (ဟိန္ဒူ၊ ဗုဒ္ဓ) တို့ နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ် အနီးတွင်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီး (ဘ) ဦးအုန်းမြနှင့် အောင်သူ(ခ) အောင်သူဦး (ဘ)ဦးဝင်းလှိုင် တို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင်အသွား၆လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာ တစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီး အား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည် ရှာဖွေတွေ့ရှိကယ်တင်နိုင်ခဲ့ပါတယ်။
■ ဖမ်းဆီးရမိခဲ့သည့် တရားခံ စုစုပေါင်း ၉ ဦးတို့အား တည်ဆဲဥပဒေများနှင့် အညီထိရောက် ပြင်းထန်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
#Yangon_Media_Group
#YMG/MNN #Yangon_Times
#Local_News
Published 10 August 2026
■ မိုင်းဆတ်၊ ဩဂုတ် ၉ — (၁၆) ကြိမ်မြောက် အာခါရိုးရာစုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် အူးဖူဒေ့ကျေးရွာတည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု အူးဖူဒေ့ကျေးရွာ၌ ဩဂုတ် ၉ ရက်က ကျင်းပခဲ့ပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖော်ထုတ်ရေး၊ ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ပွဲတော်အခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတို့ကို မြှင့်တင်ရန်ရည်ရွယ်ကြောင်းသိရသည်။
■ အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ အာခါတိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
■ ပွဲတော်နှင့်အတူ အူးဖူဒေ့ကျေးရွာတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ကွန်ကရစ်ရင်ပြင်နှင့် လမ်းတို့ကို ဖွင့်လှစ်ခဲ့ပြီး အာခါရိုးရာဓလေ့ထုံးတမ်းနှင့်အညီ ဒန်းတော် မင်္ဂလာပြုစီးနင်းခြင်း၊ နှစ် ၃၀ ပြည့် မင်္ဂလာကျောက်စာတိုင် ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
■ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားတို့၏ ထူးခြားသည့် ရိုးရာပွဲတော်များကို ဖော်ထုတ်မြှင့်တင်ခြင်းသည် နိုင်ငံတကာခရီးသွားများအနေဖြင့် ဒေသခံတိုင်းရင်းသားများနှင့် တိုက်ရိုက်ထိတွေ့၍ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်စေသည့်အပြင် ဒေသခံလူထုအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ တိုးတက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
■ ယင်းမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကိုလည်း အထောက်အကူပြုနိုင်မည်ဟုဆိုသည်။
■ “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ အာခါမျိုးနွယ်စုများနှင့် အခြားဒေသခံတိုင်းရင်းသားများ ပူးပေါင်းပါဝင်ဆင်နွှဲလေ့ရှိသဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ဒေသတွင်း လူမှုအသိုက်အဝန်း ချိတ်ဆက်မှုကို အားပေးနိုင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
■ အခမ်းအနားတွင် အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ရိုးရာအကနှင့် တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပွဲတော်အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
■ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ဒေသဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်လည်ပတ်နိုင်သည့် အလားအလာရှိသဖြင့် ယခုကဲ့သို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်းသည် ဒေသ၏ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားထုတ်ကုန်များ ဖော်ထုတ်ရေးနှင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ငါး/ပုစွန်မွေးမြူရေးကန် ဧက တစ်သိန်းခုနှစ်သောင်းကျော်ဖြင့် အများဆုံးမွေးမြူထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 09 August 2026
#ငါး_ပုစွန်မွေးမြူရေး
#YMG/NN #Yangon_Times
(၂၇) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က အသိပေးထားပါတယ်။
#Local_News
Published 08 August 2026
#ဂျပန်ဘာသာ
#YMG/SW #Yangon_Times
Page 15 of 2477