#Daily_News
Published 02 January 2026
၁။ လဝကရုံးများတွင် နိုင်ငံသားကတ်ပြား အမြန်ဆောင်ရွက်ပေးလျှက်ရှိ
၂။ စားအုန်းဆီ ပိဿာချိန် ၃၅,၀၀၀ ရောင်းပေးမည်
၃။ တရုတ်၊ကမ္ဘောဒီးယား၊ထိုင်းတိုပါဝင်သောနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ယူနန်၌ပြုလုပ်
၄။ (၂၀၂၆)နှစ်သစ်အတွက် တရုတ်သမ္မတရှီကျင့်ဖျင် ဆုမွန်ကောင်းအမှာစကားပြောကြား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်အပါအဝင် ဒေသအချို့မှာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ပြီး မြူများလည်းကျဆင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 02 January 2026
#မိုး #နေပြည်တော်
#YMG/NN #Yangon_Times
#Local_News
Published 02 January 2026
#ပေါင်းဆန် #ဥရောပဈေးကွက်
#YMG/NN #Yangon_Times
#Local_News
Published 02 January 2026
▪️ ဇန်နဝါရီ၁၀ရက်အတွင်း ဧရာဝတီ၊ချင်းတွင်းအပါအဝင်မြစ်ရေ များဆက်လက်ကျဆင်းနိုင်
မည ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။
▪️ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်းသိရသည်။
▪️ ၎င်းအပြင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ပေဝက်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ပဲခူးမြစ်ရေ သည် ပဲခူးမြို့တွင် ၁ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် သာပေါင်း မြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
သဘာဝဘေးဒဏ်သင့်ဒေသတွေရဲ့ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီရဲ့ (၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 01 January 2026
#သဘာဝဘေးဒဏ် #အသက်မွေးဝမ်းကျောင်း
#YMG/SW #Yangon_Times
ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာ ဖွံဖြိုးရေးခြံ(ပွေးတောင်)မှာ
ကော်ဖီဥယျာဉ်ဖွင့်လှစ်ထားရာ မည်သူမဆိုအခမဲ့ ဝင်ရောက်လေ့လာနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲက သိရပါတယ်။
#Local_News
Published 01 January 2026
#ကော်ဖီ #ပြင်ဦးလွင်
#YMG/NN #Yangon_Times
စားသုံးမှိုတွေကိုအလိုအလျှောက် ရေဖြန်းစေတဲ့စနစ်နဲ့စိုက်ပျိုးဖို့ Pilot Project အဖြစ်စတင်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)က သိရပါတယ်။
#Local_News
Published 01 January 2026
#မှို #Pilot_Project
#YMG/NN #Yangon_Times
Page 11 of 2275