#Daily_News
Published 22 April 2026
၁။ ဒေါ်လာသန်း(၄၀၀)ကျော်တန်ဖိုးရှိ ငါးတန်ချိန်(၃)သိန်းကျော်တင်ပို့ထား
၂။ ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်၌ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည်
၃။ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်နှင့် ဧပြီလပျှမ်းမျှအပူချိန်ထက်ပိုလာနိုင်
၄။ ဂျာမနီ၌ဘက်ထရီလျှပ်စစ်ကားများမှတ်ပုံတင်သွင်းခြင်း ဓာတ်ဆီကားများအားကျော်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာသန်း(၄၀၀)ကျော်တန်ဖိုးရှိ ငါးတန်ချိန်(၃)သိန်းကျော်တင်ပို့ထားတယ်လို့ လုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 22 April 2026
#ငါး
#YMG/NN #Yangon_Times
ရန်ကုန် - မန္တလေး - ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားကို မေလ ၁ ရက်နေ့ကစတင်ပြီး ပြေးဆွဲပေးသွားမယ်လို့မြန်မာ့မီးရထားကနေသိရပါတယ်။
#Local_News
Published 22 April 2026
#ရန်ကုန်_မန္တလေး_ရန်ကုန် #DEMU
#YMG/NN #Yangon_Times
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်(၁၁)ခုမှာ ဧပြီလပျှမ်းမျှအပူချိန်ထက်ပိုလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတိုမှာ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 22 April 2026
#လေဖိအားနည်းရပ်ဝန်း #မိုးလေဝသ
#YMG/NN #Yangon_Times
#Local_News
Published 22 April 2026
■ Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
■ ယမာန်နေ့ မနက်ပိုင်းက Naypyitaw State Academy သို့
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာ၀န်ရှိသူများနှင့်အတူ ရောက်ရှိပြီး အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုကာ Naypyitaw State Academy တွင် Centre for Research and Innovation(CRI) ဖွင့်လှစ်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတက Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပြီးဖြစ်သဖြင့် အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို လာရောက်လေ့လာခြင်းဖြစ်ပါကြောင်း၊ Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and Innovation (CRI) ကို စတင်ထူထောင်အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ Naypyitaw State Academy တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားပြီးဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သော သုတေသနများ ထွက်ပေါ်လာစေရန် ရက် ၁၀၀ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ၊ Digital Education နှင့် ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ AI tools များကို အသုံးပြု၍ Lecture များ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြစေလိုကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် LMS Platform ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်တန်းများ ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Naypyitaw State Academy ကစတင်ကာ LMS Platform ကို အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Naypyitaw State Academy တွင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ လူရည်ချွန်စီမံကိန်း အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
■ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy တွင် Centre for Research and Innovation(CRI) တည်ထောင်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် စက်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Learning Management System(LMS) နှင့် ပတ်သက်၍ Naypyitaw State Academy တွင် Digital Education ၏ အခြေခံအဆောက်အအုံများဖြစ်သည့် Smart TV၊ Digital Learning Centre၊ LMS စနစ်နှင့် မြန်နှုန်းမြင့်အင်တာနက်လိုင်းများကို တပ်ဆင်ပေးထားပြီးဖြစ်သဖြင့် သင်ကြားရေး၊ သုတေသနနှင့် တီထွင်မှုလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြသည်။
■ ယင်းနောက် Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ပါမောက္ခ (ဌာနမှူး) များက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၀ ဧပြီ၊၂၀၂၆
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာမည့်ရက်ပိုင်းအတွင်းလာရောက်လည်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ မစ္စတာဝမ်ယိသည် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာနိုင်ငံတွေကို ဧပြီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
မစ္စတာဝမ်ယိ သည် မြန်မာနိုင်ငံတွင် သမ္မတသစ် ဦးမင်းအောင်လှိုင်၏ အစိုးရသစ် နှင့် လွှတ်တော်များ ပေါ်ပေါက်အပြီး ပထမဆုံးလာရောက်သည့် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ ၂၀၂၂ခုနှစ်ဇူလိုင်လနှင့် ၂၀၂၄ခုနှစ် ဩဂုတ်လတို့တွင် လာရောက်ခဲ့ပြီး နောက်အစိုးရအသစ်တာဝန်ယူပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။
သူဟာ ကာကွယ်ရေးဝန်ကြီး တုန်းကျွင်း နဲ့အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ ကာကွယ် ရေးဝန်ကြီးတွေအကြား ၂+၂ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ယန္တရားရဲ့ ပထမဆုံးအကြိမ် အစည်းအဝေ းကိုလည်းတက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသို့ လာရောက်ရာမှာ တရုတ်ကာကွယ်ရေးဝန်ကြီး လိုပါလာခြင်း ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။
-END-
#Local_News
Published 21 April 2026
■ အားကစားနှင့် ပညာရေးပေါင်းစပ်ကာ သင်တန်းများကို ရန်ကုန်အပါအဝင် မြို့ကြီး (၆) မြို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာသိပ္ပံမှသိရသည်။
■ အဆိုပါသင်တန်းများကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်တို့ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
■ သင်တန်းများအတွက် ကျန်သည့်တိုင်းဒေသကြီးပြည်နယ်များရှိ အလားလာရှိသည့် ထူးချွန်သည့် အားကစားသမားများကိုလည်း ရွေးချယ်မည် ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ ပထမအပတ်ကစတင်၍ သက်ဆိုင်ရာပြည်နယ်တိုင်း မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများကို ဆက်သွယ်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
■ သင်တန်းတွင်သင်ကြားမည့်အားကစားနည်းများမှာ ရေကူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကပ်ဘော၊ လှေလှော်၊ လက်ဝှေ့၊ စက်ဘီး၊ သေနစ်ပစ်၊ ဂျူဒို၊ ကာရာတေး၊ ပိုက်ကျော်ခြင်း၊ ရွက်လှော်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်တို့ ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 8 of 2368