#Local_News
Published 10 September 2026
■ ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၃၀,၇၅၅ ဧကရှိသည့် နယ်မြေကို “ခိုလမ်ကြိုးပြင်ကာကွယ်တော”အဖြစ် စက်တင်ဘာ ၁ ရက်မှစတင်၍ သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
■ အဆိုပါသတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
■ ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ရေ၊ မြေထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် သစ်တောများကို စနစ်တကျ ပြုစုထိန်းသိမ်းရန် ဖြစ်သည်။
■ ထို့အပြင် သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေများတွင် ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် သစ်တောနယ်မြေများ တိုးပွားလာစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။
■ ခိုလမ်ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းကြောင့် အင်ကြင်း၊ ထင်းရှူး၊ သစ်ယား၊ ထောက်ကြံ့၊ ယမနေ၊ သစ်မန်၊ ကျည်း၊ သစ်နီ၊ ရင်းစပ်၊ သစ်စေး၊ ဆီးဖြူ၊ ကြို့၊ ရင်းတိုက်၊ လက်ပံနှင့် မျှင်ဝါးတောများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည့်အပြင် ဝက်ဝံ၊ ယုန်၊ တောဝက်၊ ဂျီ(ချေ)၊ တောကြောင်၊ ကြက်တူရွေးနှင့် ဗျိုင်းငှက်များ၏ နေရင်းဒေသများကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
■ ယင်းသို့ ထိန်းသိမ်းကာကွယ်နိုင်ခြင်းဖြင့် ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 September 2026
■ ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း သည် စက်တင်ဘာလ (၁၀) ရက်နေ့၌ ဂျပန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
■ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် တို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ Osaka မြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
■ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ (၁၄) ရက် နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာလ (၁၇) ရက် နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ တွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာလ (၂၁) ရက် နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ခွဲ အချိန်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
■ ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်းကို အုပ်စု ၃ စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ အဆင့် (၁) နှင့် (၂) ရရှိသည့် အသင်းများအပြင် တတိယနေရာရ အသင်းများအနက် အကောင်းဆုံး ၂ သင်း၊ စုစုပေါင်း ၈ သင်းသည် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
■ အဆိုပါ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းကို နည်းပြချုပ် ကောလင်းဘဲလ်က ယမန်နေ့ကထုတ်ပြန်လိုက် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ လမ်းညွှန်အကြံပြုချက်များကိုအခြေခံပြီးမြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ B to B ဆန်စပါးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးစီမံချက်ကို လုပ်ငန်းနယ်ပယ် (၉)ရပ် သတ်မှတ်ပြီး အရှိန်အဟုန်ဖြင့် အထူးဦးစားပေးမြှင့်တင်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 09 September 2026
#မြန်မာ_ဗီယက်နမ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Apparel Sourcing Paris 2026 ပြပွဲမှာ မြန်မာပြခန်းစီစဉ်ပြသခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 09 September 2026
#ပဲရစ် #အထည်အလိပ်ပြပွဲ
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းကျွန်းတာထိန်းသိမ်းပြုပြင်နေမူ လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 09 September 2026
#ညောင်တုန်းကျွန်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဒေသအများအပြားတွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ဩစတြေးလျနိုင်ငံက ထုတ်ဖော်ပြောကြားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 09 September 2026
#ဩစတြေးလျ #မြန်မာ့ရေဘေး
#YMG/SW #Yangon_Times
#Daily_News
Published 09 September 2026
၁။ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးစီမံချက်ကို အထူးဦးစားပေးဆောင်ရွက်သွားမည်
၂။ ပဲရစ်အထည်အလိပ်ပြပွဲတွင် မြန်မာပါဝင်ပြသခဲ့
၃။ ညောင်တုန်းကျွန်း တာ ထိန်းသိမ်းပြုပြင်နေမူလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်နေ
၄။ (၂၀၂၆)လူသားပုံသဏ္ဍာန်စက်ရုပ်အထုပ်ဖြည်ပြိုင်ပွဲ ပေကျင်း၌ကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 5 of 2493