#Local_News
Published 06 November 2026

■ မြန်မာအလုပ်သမားများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံအတွင်းသို့ တားမြစ်ပစ္စည်းများသယ်ဆောင်လာပါက ဝမ် ၁၀ သိန်းမှ ဝမ် သိန်း ၁၀၀ အထိ ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှသိရသည်။

■ ကိုရီးယားသမ္မတနိုင်ငံသို့ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်အရ EPS စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် လာရောက်သူများအား ပြည်ဝင်ခွင့်အဆင်ပြေစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

■ ထို့အပြင်သယ်ဆောင်လာသည့် ပစ္စည်းများနှင့်ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံ၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် တားမြစ် ပစ္စည်းများမှာ ကိုရီးယားသမ္မတနိုင်ငံပြင်ပမှ သစ်သီးဝလံများ၊ မြေဆီလွှာပါသည့်အပင်များ၊ သားငါးထွက်ကုန်များနှင့် သက်ရှိတိရစ္ဆာန်များ၊ ငါး၊ ကမာ၊ ခရု၊ ပုစွန်၊ ဂဏန်း၊ ဖားစသည့် ရေထွက်သတ္တဝါအသားစိုများနှင့် အေးခဲပင်လယ်စာများ၊ နွား၊ ဝက်၊ ဆိတ် စသည့် အသားစိမ်း၊ အသားခြောက်၊ ဝက်အူချောင်း/အမဲအူချောင်းများဖြစ်ပြီး သယ်ယူလာမှုကို အသိပေးတင်ပြပါက လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ခွင့်ပြုခြင်း/မပြုခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အသိမပေးဘဲ သယ်ဆောင်လာပါက ဝမ် ၁၀ သိန်းမှ ဝမ် သိန်း ၁၀၀ အထိ ဒဏ်ငွေချမှတ်ခံရ နိုင်ကြောင်း သိရသည်။

■ ၎င်းအပြင် ကိုရီးယားသမ္မတနိုင်ငံအတွင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် စုစုပေါင်း USD 800 အထိ တန်ဖိုးရှိသောပစ္စည်းများကို သယ်ဆောင်လာခွင့်ရှိရာ ယင်းထက်ပိုမိုသယ်ဆောင်မှုများ လည်း တွေ့ရှိရသဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ အကောက်ခွန်ဌာနမှ အခွန်တိုးမြှင့်ဒဏ်ငွေ ၄၀% မှ ၆၀% အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times