မြန်မာအစိုးရရဲ့ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်တဲ့အကောင်အထည်ဖော်မှုကို ဖြေလျှော့နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 04 September 2025
#ထိုင်းကုန်စည် #မြန်မာအစိုးရ
#YMG/SW #Yangon_Times
လေးနှစ်တာအတွင်း ပန်းခင်းစီမံချက်နဲ့ လူဦးရေ(၉) သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးထားတဲ့အပြင်
အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ် လိုအပ်တဲ့ဒေသခံပြည်သူတွေကို ပန်းခင်းစီမံချက်အဆင့်(၃)နဲ့ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက
သိရပါတယ်။
#Local_News
Published 04 September 2025
#ပန်းခင်းစီမံချက် #နိုင်ငံသားစိစစ်ရေး ကတ်ပြား
#YMG/NN #Yangon_Times
#Local_News
Published 04 September 2025
▪️ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့အနီးပြင်းအား၄.၉အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်ကို မန္တလေး၊ကျောက်ဆည်နှင့်စစ်ကိုင်းရှိ ပြည်သူများ သိသိသာသာခံစားခဲ့ရပြီး အသံပါမြည်ဟိန်းသည့် ငလျင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ " လှုပ်တာကကြမ်းတယ်ကြောက်စရာကြီးအသံလည်းပါတယ်။ အိမ်ထဲက နေထွက်ပြေးရတာဖိနပ်တောင်မပါဘူး" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
▪️ ယနေ့ စက်တင်ဘာ ၄ ရက်နံနက် ၁၀ နာရီ ၅၁ မိနစ် ၄၈ စက္ကန့်က ကျောက်ဆည်မြို၏ အနောက်-အနောက်တောင်ဘက်(၇)မိုင်ခန့်အကွာ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရသ်(ခ်)တာစကေး(၄ ဒသမ ၂)အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 September 2025
▪️ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကို စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ သိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို Yangon-MCPA မှကြီးမှူး၍ အသင်းဝင်များအတွက် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများ၊ စွန့်ဦးတီထွင်လူငယ်များနှင့် Digital နည်းပညာအသုံးပြု၍ ကိုယ်ပိုင်လုပ်ငန်းများတွင် စတင်အသုံးပြုရန် စိတ်ဝင်စားသူများအတွက်ရည်ရွယ်၍ How to Start a Startup Business in Digital Economy ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်သည်။
▪️ ဟောပြောပွဲတွင် စဉ်ဆက်မပြတ်ပြောင်းလဲနေသော Digital ခေတ်အတွင်း အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်းစတင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခြင်း၊ စီးပွားရေးတစ်ခုစတင်ရာတွင် မရှိမဖြစ်သိထားရမည့် Strategy Finance၊ Marketing၊ Sales အစရှိသော စီးပွားရေးစီမံခန့်ခွဲမှု အခြေခံမူများကို ထည့်သွင်းဆွေးနွေးမည် ဖြစ်သည့်အပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် အသုံးဝင် Software များ၊ IT နည်းပညာများနှင့် တခြားသောအသုံးချနည်းပညာများကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၄ ရက်ထက် နောက်မကျစေဘဲ Google Form Link တွင် Register ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 04 September 2025
▪️ Express ယာဉ်သည် ဘရိတ်ပေါက်၍ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိမိမှုဖြစ်ပွားခဲ့ရာ နှစ်ဦး ေ-သဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ စက်တင်ဘာ၃ရက်နေ့၊ ည၁၂နာရီ ၅၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား- တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းလမ်းဆုံတွင် Express ယာဉ်သည် ဘရိတ်ပေါက်၍ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိနေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ညို(ယာယီ)နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပြင်ဆိုင်အတွင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး သေဆုံး၊ နေအိမ်အတွင်းရှိ ကျား(၁)ဦး သေဆုံးနှင့် ယာဉ်ပေါ်ပါ ကျား(၂၁)ဦး၊ မ(၆)ဦး စုစုပေါင်း(၂၇)ဦး အနက် ကျား(၄)ဦး၊ မ(၅)ဦး စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တံတားဦးကျေးရွာမှ သုခဒါနပရဟိတအသင်းမှ သူနာတင်ယာဉ်(၃)စီးဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
စက်တင်ဘာ၃၊၂၀၂၅ (ဘေဂျင်း)-
တရုတ်နှင့်မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အသင့်ရှိတယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟန်ကျန့် က မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက သတင်းရေးသားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာ ဟန်ကျန့်တို့သည် စက်တင်ဘာ ၂ ရက် အင်္ဂါနေ့က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဘေဂျင်းမြို့တော်တွင်တွေ့ဆုံစဉ် တရုတ်ဒုတိယသမ္မတက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဆက်လက်တိုးတက်စေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အသင့်ရှိတယ်လို့ မစ္စတာဟန်ကျန့်က ဆက်လက်ပြောဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံ ငလျင်ဒဏ်ခံရပြီးနောက် ချက်ချင်းအကူအညီပေးခဲ့သည့်အတွက် တရုတ် နိုင်ငံကို မင်းအောင်လှိုင်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအပြင် သမ္မတရှီက အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ Global Governance Initiative (GGI) ကို မြန်မာ နိုင်ငံက ထောက်ခံကြောင်းနှင့် မြန်မာ-တရုတ် အေးအတူပူမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ရှေ့ဆက်မြှင့်တင်ရန် ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေး နှင့် ၈၀နှစ်မြောက် ဖက်စစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်၃၀ရက်ကတည်းက ရောက်ရှိနေခြင်း ဖြစ်ပါတယ်။
#ymg #Xinhua
#Daily_News
Published 03 Sept 2025
၁။ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနေရာတွင် မြန်မာရပ်တည်နေ
၂။ Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၂၀၀ကျော် တွေ့ရှိထား ၊ကရုဏာထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သိန်း(၁၀၀)ပေးအပ်မည်
၃။ ပြည်ပသို့ ကန်ဒေါ်လာ(၁)သန်းကျော်ရှိ ပျားရည်တန်ချိန်(၇၀၀)ကျော်တင်ပို့ထား
၄။ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးအစီအစဉ်အား SCOအစည်းအဝေး၌ရှီကျင့်ဖျင်အဆိုပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 14 of 2166