#Local_News
Published 20 October 2026

■ မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan တို့ ယနေ့နံနက်ပိုင်း နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

■ တွေ့ဆုံပွဲတွင် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်သည့် မြန်မာနှင့် ထိုင်းတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာသည့် အခြေအနေများ၊ နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

■ ထို့ပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

■ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းစွမ်းအင်ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Tor Saralamba နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

#YMG #Yangon_Times #Yangon_Media_Group