#Local_News
Published 19 October 2026
■ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ
ရေဘေးသင့်ပြည်သူများ၏ စိတ်ခွန်အားပြန်လည်မြှင့်တင်နိုင်ရေး မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင်မှ လေးမျက်နှာမြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့တွင် နိုဝင်ဘာလဆန်း၌ လေးညတိုင်တိုင် ကပြဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လနှောင်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ မြစ်ရေမြင့်တက်လာမှုများကြောင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံ နိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့သဖြင့် ရပ်ကွက်/ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှု များဖြစ်ပွားခဲ့ကာ ဒေသခံပြည်သူများအနေဖြင့် ရေလွတ်ရာနေရာများနှင့် ကယ်ဆယ်ရေးစခန်း များသို့ ၂ လနီးပါး ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး ယခုအခါ ၎င်းတို့၏နေအိမ်များတွင် ပြန်လည် နေထိုင်လျက်ရှိကြပြီ ဖြစ်သည်။
■ ယင်း ရေဘေးသင့်ခဲ့ရသည့်ဒေသများရှိ ပြည်သူများ၏ စိတ်ခွန်အားပြန်လည် မြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင်ကို နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့ များတွင် လေးမျက်နှာမြို့၊ အမှတ် ၁ ရပ်ကွက်၊ သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး ဘုရားဝန်းအတွင်း၌ လည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ငါးသိုင်းချောင်းမြို့၊ ဘောလုံး ကွင်းတွင် လည်းကောင်း၊ ၄ ညတိုင်တိုင် မိုးလင်းပေါက် တင်ဆက်ကပြဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times