#Local_News
Published 18 October 2026
■ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများသည် မမှန်ကန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာ ၁၈ ရက်တွင်ထုတ်ပြန်ထားသည်။
■ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်ဝက်ဘ်ဆိုက်များ၌ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများ ပျံ့နှံ့နေသော်လည်း ယင်းသတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ငွေစက္ကူသစ်ထုတ်ဝေရန် အစီအစဉ်မရှိကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။
■ ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိစေရန်နှင့် ထိန်းသိမ်းရန်ဖြစ်ပြီး ငွေကြေးတည်ငြိမ်ရေးနှင့် ငွေကြေးစနစ်တည်ငြိမ်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
■ ထို့ပြင် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်ပေါ်စေနိုင်သည့် သတင်းမှားများ ဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူကာ ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times