#Local_News
Published 20 October 2026

■ လုပ်ငန်းခွင်အတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းပညာဖြေရှင်းချက်များ ရွေးချယ်အသုံးပြုနိုင်ရေးအတွက် Enterprise Solution for Digital Transformation Seminar ကို အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က သိရသည်။

■ အဆိုပါဆွေးနွေးပွဲကို UMFCCI ၏ နည်းပညာနှင့် စမ်းသပ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ UMFCCI မင်္ဂလာခန်းမတွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။

■ ဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် နည်းပညာဖြေရှင်းချက်များကို မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရေးနှင့် နည်းပညာအသုံးပြုမှုမှတစ်ဆင့် လုပ်ငန်းအကျိုးရလဒ်များ လက်တွေ့ဖော်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်ထားသည်။

■ ဆွေးနွေးပွဲသို့တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်း မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times