ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတွေ သြဂုတ်လ(၁၂)ရက်ကနေ(၁၇)ရက်အတွင်းတက်လာနိုင်တာကြောင့်မြစ်ကမ်းနားနေသူထိုင်သူများ
ဘေးကင်းရာကြိုတင်ရွေ့သင့်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ်လ(၇)ရက်က အသိပေးထားပါတယ်။
#Local_News
Published 08 August 2026
#ရန်ကုန်မြစ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဒေသတွေမှာရှိတဲ့ MPT သုံးစွဲသူတွေအတွက် အခမဲ့ဒေတာ 1GB၊ MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နဲ့ SMS အစောင် ၁၀၀ ကို ပေးအပ်သွားမယ်လို့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က သိရပါတယ်။
#Local_News
Published 08 August 2026
#MPT #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 08 August 2026
၁။ ဧရာဝတီတိုင်း ရေဘေးသင့်ဒေသများရှိ MPT သုံးစွဲသူများကို အခမဲ့ဒေတာနှင့်ဖုန်းခေါ်ဆိုခွင့်ပေးမည်
၂။ ရန်ကုန်ထူးကဲဒီရေတက်နိုင်၍ မြစ်ကမ်းနားနေသူထိုင်သူများဘေးကင်းရာကြိုတင်ရွေ့သင့်ဟုဆို
၃။ (၂၇) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကျင်းပမည်
၄။ (၂၀၂၆)နှစ်ဝက်အတွင်း တရုတ်၌လျှပ်စစ်ကားအားသွင်းနေရာပေါင်း(၂၃)သန်းကျော်အထိမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 August 2026
■ လာမည့်နိုဝင်ဘာလတွင်ဂျပန်နိုင်ငံတွင် ကျင်းပမည့် Lemino SHOOTO-8 ပြိုင်ပွဲတွင်
ချင်းတိုင်းရင်းသားဖိုက်တာ ထီရဲယ်ထန်သည် ဂျပန်ဖိုက်တာ ကာဝါနာမတ်စ် နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည် ။
■ SHOOTO က ကျင်းပမည့် Lemino SHOOTO-8 ပြိုင်ပွဲသည် ဂျပန် MMA ၏ ပရိုမိုးရှင်းတစ်ခုလည်း ဖြစ်သည်။
■ အဆိုပါ Lemino SHOOTO-8 ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရင်ခန်းမ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည် ။
■ လက်ရှိမှာ ဂျပန် MMA ပရိုမိုးရှင်း SHOOTO သည် Lemino SHOOTO-8 ပြိုင်ပွဲတွင် ပါဝင်မည့် တွဲဆိုင်းနှစ်ဆိုင်းကိုသာထုတ်ပြန်ထားပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နှင့် ထီရဲယ်ထန်တို့၏ တွဲဆိုင်းကို အစောဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။
■ ထီရဲယ်ထန် သည်အစောပိုင်းကာလများ၌ ONE Championship တွင် ထိုးသတ်ခဲ့ပြီး နောက်ပိုင်းတွင်မူ အခြား MMA ပရိုမိုးရှင်းများ၌ သွားရောက်ထိုးသတ်နေသူဖြစ်ကာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ ၁၃ ပွဲ ထိုးသတ်ထားရာ ရှစ်ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 August 2026
■ ရေကြီးရေလျှံမှုများ ကြောင့်သိုလှောင်ထားသည့် အစားအသောက်များသည် ကွဲအက်ပျက်စီးနိုင်ခြင်း ၊မိလ္လာ၊ အညစ်အကြေး၊ ဆီနှင့် အခြားဓာတုပစ္စည်းများ ရောနှောပါဝင်နိုင်သည့်အတွက် စနစ်တကျ စစ်ဆေးပြီးမှ စားသုံးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထားသည်။
■ ရေကြီးမှုနှင့် ထိစပ်ထားသည့် ချက်ပြုတ်ပြီး/မချက်ရသေးသည့် အစားအသောက်များ၊ ရေစိုခံနိုင်ခြင်းမရှိသည့် စက္ကူပုံးထုပ်ပိုးစာများ၊ ပေါက်ပြဲ ဖောင်းပွ သံချေးတက်နေသည့် စည်သွပ်ဘူးများနှင့် အနံ့အရောင် မကောင်းသည့် အစားအသောက်များကို မစားသုံးဘဲ စွန့်ပစ်ရန် ဖော်ပြထားသည်။
■ ထို့ပြင် လျှပ်စစ်မီးပြတ်တောက်၍ ရေခဲသေတ္တာအတွင်းရှိ အစားအသောက်များ အခန်းအပူချိန်တွင် ၄ နာရီကျော်ပါက ဆက်လက်စားသုံးရန် မသင့်တော့ကြောင်းသိရသည်။
■ ၎င်းအပြင်စားသောက်ရန် မသင့်သည့် အစားအသောက်များကို သီးခြားခွဲ၍ စနစ်တကျ စွန့်ပစ်ရန် ဖော်ပြထားသည်။
■ သို့သော် ရေနှင့်မထိစပ်သည့် အစားအသောက်များနှင့် ပျ-က်စီးမှုမရှိသည့် သန့်ရှင်းသော စည်သွပ်ဘူးများကို စားသုံးနိုင်ပြီး သောက်ရေအတွက် ရေကို ကျိုချက်ရန် သို့မဟုတ် အဖုံးမဖွင့်ရသေးသည့် သောက်ရေသန့်ဘူးနှင့် ရေသန့်ဆေးပြား (Water Tablet) များ အသုံးပြုရန်၊ မစားမီ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်အကြံပြုထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 August 2026
■ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့၌ ကျင်းပမည့် Esports Nations Cup 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Team Myanmar MLBB အသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) ထံမှ သိရသည်။
■ Team Myanmar MLBB အသင်းသည် ပြည်တွင်း Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲများတွင် ရရှိခဲ့သည့် စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာပြိုင်ပွဲများမှ ရရှိထားသည့် ENC Ranking Points များအပေါ် အခြေခံ၍ Esports Nations Cup 2026 ပြိုင်ပွဲသို့ တိုက်ရိုက်ဖိတ်ကြားမှု (Direct Invitation) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ အဆိုပါ Esports Nations Cup 2026 ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံပေါင်း ၃၂ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
■ ပြိုင်ပွဲတွင် စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း သတ်မှတ်ထားပြီး ကမ္ဘာ့အဆင့် ထိပ်တန်း Mobile Esports ပြိုင်ပွဲကြီးတစ်ရပ်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။
■ မြန်မာနိုင်ငံအနေဖြင့် ENC MLBB Ranking System တွင် ရမှတ် ၇,၆၀၀ ရရှိထားပြီး ကမ္ဘာ့အဆင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ Esports Nations Cup 2026 ပြိုင်ပွဲသို့ တိုက်ရိုက်ဖိတ်ကြားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
■ Esports Nations Cup သည် နိုင်ငံအလိုက် အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာ့အဆင့် Esports ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး Team Myanmar MLBB အသင်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် နိုင်ငံတကာစင်မြင့်တွင် မြန်မာ့ Esports အားကစားသမားများ၏ စွမ်းဆောင်ရည်ကို ပြသနိုင်မည့်အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 08 August 2026
■ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့ သည့် ရေဘေးအခြေအနေတွင် မြိုပေါ်ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ဆက်သွယ်ရေး ကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်လျက်ရှိရာ လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရ သိရသည် ။
■ လက်ရှိတွင် လေးမျက်နှာမြိုနယ်၌ မိုဘိုင်းစခန်း ၁၃ ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း ၆ ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း ၆ ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာရှိ စခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စု ကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၊ စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံး၌Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal တစ်စုံစီကို စာရေးကွင်းကျေးရွာနှင့် ဆိတ်နိုကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် တပ်ဆင်ထားကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
■ ထို့အပြင် ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဩဂုတ် ၆ ရက် ညနေ ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်း ရပ်ကွက် (၅) နှင့် အမြင့်ပိုင်းရပ်ကွက် (၃) တို၌ ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရှိရသည်။
■ အဆိုပါ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ပြီးကြောင်းနှင့် မြိုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ရေဘေးစိုးရိမ်ရမှု အခြေအနေများလည်း တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ကြောင်း အဆိုပါသတင်းထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/NN #Yangon_Times
Page 16 of 2477