#Local_News
Published 06 October 2026
■ ဂျပန်ဘာသာသင်ကြားနေသည့် မြန်မာဆရာ၊ ဆရာမများအတွက် ဂျပန်ဖောင်ဒေးရှင်း (JF) ၏ ၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံရပ်ခြားဂျပန်ဘာသာဆရာများ သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ Hybrid ပုံစံဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါရှင်းလင်းပွဲကို ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) နှင့် Zoom တို့မှတစ်ဆင့် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် ပြုလုပ်သည့် ဂျပန်ဘာသာသင်ကြားနည်း၊ ဂျပန်ဘာသာနှင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းအစီအစဉ်များကို မိတ်ဆက်ရှင်းလင်းပေးမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါသင်တန်းများအတွက် ၂၀၂၇ ဘဏ္ဍာရေးနှစ် လျှောက်လွှာများကို လက်ခံနေပြီဖြစ်သဖြင့် သင်တန်းအစီအစဉ်များ၊ လျှောက်ထားနိုင်သည့်အခြေအနေများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပွဲတွင် သိရှိနိုင်မည်ဖြစ်သည့်အပြင် အဆိုပါသင်တန်းအစီအစဉ်များသို့ ယခင်က သွားရောက်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ဂျပန်ဘာသာဆရာ၊ ဆရာမများက သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်ေကြာင်း သိရသည်။
■ ရှင်းလင်းပွဲသို့ ဂျပန်ဘာသာသင်ကြားနေသည့် မြန်မာလူမျိုးဆရာ၊ ဆရာမများ တက်ရောက်နိုင်ပြီး ဂျပန်စာအရည်အချင်း သတ်မှတ်ချက်ထားရှိခြင်းမရှိကြောင်း သိရသည်။ အခမ်းအနားတွင် ဂျပန်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရှင်းလင်းမည်ဖြစ်ပြီး သင်တန်းအစီအစဉ်မိတ်ဆက်ခြင်းကို ဂျပန်ဘာသာဖြင့်သာ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
■ ရှင်းလင်းပွဲကို အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်ရှိ JFYG တွင် ကျင်းပမည်ဖြစ်ပြီး အွန်လိုင်းမှ တက်ရောက်မည့်သူများအတွက် Zoom Link ကို အီးမေးလ်မှတစ်ဆင့် ပေးပို့မည်ဖြစ်သဖြင့် လျှောက်လွှာဖောင်တွင် အီးမေးလ်လိပ်စာကို မှန်ကန်စွာ ဖြည့်စွက်ရန်လိုအပ်ကာ တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာဖောင်ကို အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီ နောက်ဆုံးထား၍ ဖြည့်စွက်စာရင်းပေးသွင်းနိုင်ပြီး ၂၀၂၇ ဘဏ္ဍာရေးနှစ် သင်တန်းအစီအစဉ်အသေးစိတ်အချက်အလက်များကိုလည်း သတ်မှတ်ထားသည့် လင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
နေပြည်တော်၊ အောက်တိုဘာ ၅
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ လူထု၏ ယုံကြည်အားကိုးမှုရရှိပြီး နိုင်ငံသည် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားစဉ် ပြောကြားသည်။
အချက်အလက်များအရ နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအားနည်းကာ နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေရသကဲ့သို့ ကုန်ထုတ် လုပ်ငန်းများ စွမ်းအားပြည့် လုပ်ကိုင်ခြင်းမရှိမှုကလည်း စီးပွားရေးအားနည်းမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားသည်။
အစိုးရတာဝန်ထမ်းဆောင်မှု မကြာမီ ခြောက်လပြည့်မြောက်တော့မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် မလွဲမသွေဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဘဏ္ဍာရေးအကူအညီနှင့် နိုင်ငံတကာဈေးကွက် အပြည့်အဝမရရှိမှု၊ ကုန်သွယ်မှု ကျဆင်းမှုတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်ရန် အခက်အခဲရှိနေကြောင်း၊ ပျက်စီးသွားသည့် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် ဘဏ္ဍာငွေ၊ လူ့စွမ်းအားနှင့် အချိန်များ ထပ်မံအသုံးပြုနေရသဖြင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ နှောင့်နှေးနေရကြောင်း ပြောကြားသည်။
ယင်းအခြေအနေတွင် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ရန်နှင့် ပြည်တွင်း လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စက်မောင်းဆီအပါအဝင် လိုအပ်သည့် သွင်းအားစုများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဒေသအစိုးရအဖွဲ့များက ဖြည့်ဆည်းပေးရန် မှာကြားသည်။ ကြက်သွန်၊ အာလူး၊ ငရုတ်စသည့် အခြေခံစားကုန်သီးနှံများနှင့် အသား၊ ငါး၊ ရေထွက်ကုန်များကိုလည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးမြှင့်ထုတ်လုပ်ရန် ပြောကြားသည်။
ပြည်တွင်းကုန်ကြမ်းအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရာဘာမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာ၊ ကျွတ်နှင့် အခြားလူသုံးကုန်များ ထုတ်လုပ်ရန်၊ ဝါမှ ချည်မျှင်နှင့် အထည်အလိပ်အထိ ဆက်စပ်ကုန်ထုတ်လုပ်မှုများ တိုးတက်စေရန် မှာကြားသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းလုပ်ငန်းရှင် များကို ဦးစားပေးသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုတိုးမြှင့်ကာ စားသုံးမှုဖူလုံအောင် ဆောင်ရွက်ရန် ပြောကြား သည်။
ပို့ကုန်တိုးမြှင့်ရေးနှင့်ပတ်သက်၍ အရည်အသွေးကောင်း စပါးမျိုးများစိုက်ပျိုးခြင်း၊ ဆန်စက်များ အဆင့်မြှင့်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းတို့ ဆောင်ရွက်ရန်၊ ဆန်ကွဲကို တိုက်ရိုက်တင်ပို့မည့်အစား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန်နှင့် စီးပွားရေးသံမှူးများက ပြည်ပဈေးကွက်များ ရှာဖွေပေးရန် မှာကြားသည်။ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် လုပ်သားအရင်းအမြစ် လိုအပ်နေပြီး ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မှုကြောင့် ပြည်တွင်းလုပ်သားအင်အား ဆုံးရှုံးမှုများရှိကြောင်းနှင့် ပညာတတ် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အယ်လ်နီညိုကြောင့် အပူလွန်ကဲခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် မြေအောက်ရေခမ်းခြောက်ခြင်းတို့ ကြုံတွေ့နိုင်ကြောင်း သုံးသပ်မှုများရှိသဖြင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီမတိုင်မီအထိ ကြိုတင် ပြင်ဆင်ထားရန် သမ္မတက မှာကြားသည်။ သောက်သုံးရေနှင့် စိုက်ပျိုးရေကို ထိန်းသိမ်းသုံးစွဲခြင်း၊ ဆည်နှင့် တာတမံများ၌ ရေသိုလှောင်ခြင်း၊ ရေအလေအလွင့်မရှိစေရန် ကြပ်မတ်ခြင်း၊ အပူရှောင်စခန်း များ ဖွင့်လှစ်ခြင်းနှင့် ကြာရှည်အထားခံ စားနပ်ရိက္ခာများ စုဆောင်းခြင်းတို့ ဆောင်ရွက်ရန်၊ မိုးနှောင်း ရာသီသီးနှံများ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည် ပတ်နိုင်ရန် စီမံထားရန် ပြောကြားသည်။
ပြည်ထောင်စုနှင့် ဒေသအဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အသိပညာ၊ အတွေ့အကြုံများနှင့် ဒေသအလိုက် အားသာချက်များကို အသုံးချကာ ရည်မှန်းချက်များချမှတ်၍ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူ တို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
ရေအောက်ဥမင်ပါဝင်သည့် နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကို ရန်ကုန်မြို့ရှိကန်တော်ကြီးဥယျာဉ်အတွင်းမှာတည်ဆောက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 02 October 2026
#ရေအောက်ဥမင် #ငါးပြတိုက်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံက MSMEs လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေကို City Mart၊ Ocean Supermarket၊ Sein Gay Har၊ ABC Convenience Store စတဲ့ ခေတ်မီလက်လီဈေးကွက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ရေးအတွက် B2B ဆွေးနွေးမှုတွေနဲ့ ဈေးကွက်ချိတ်ဆက်ရေးအစီအစဉ်တွေပါဝင်တဲ့ “မြန်မာ MSMEs များအတွက် ခေတ်သစ်ဈေးကွက်ချိတ်ဆက်ခြင်း” အခမ်းအနားကို အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 02 October 2026
#MSMEs #B2B
#YMG/SW #Yangon_Times
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့အယ်လ်နီညိုအခြေအနေသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 02 October 2026
#အယ်လ်နီညို
#YMG/NN #Yangon_Times
#Daily_News
Published 02 October 2026
၁။ ရေအောက်ဥမင်ပါဝင်သည့် နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ရန်ကုန်တွင်တည်ဆောက်နေ
၂။ MSMEs ထုတ်ကုန်များ ခေတ်မီလက်လီဈေးကွက်သို့တိုက်ရိုက်ချိတ်ဆက်နိုင်ရေးဆောင်ရွက်မည်
၃။ ၂၀၂၆ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနိုင်ဟုခန့်မှန်း
၄။ ယူနက်စကိုအသိအမှတ်ပြုခံရကာ ပန်းခြံများကိုလေဟာပြင်စာကြည့်တိုက်များအဖြစ် မော်ရိုကိုမြို့တော်ပြောင်းလဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကိုရီးယားဈေးကွက်အတွင်း မြန်မာထုတ်ကုန်တွေ မိတ်ဆက်ပြသနိုင်ခဲ့တဲ့ “2026 ASEAN Panorama” ၅ လတာပြပွဲ ကျင်းပပြီးစီးပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 02 October 2026
#ကိုရီးယားဈေးကွက် #2026_ASEAN_Panorama
#YMG/SW #Yangon_Times
Page 16 of 2526