#Daily_News
Published 31 July 2026
၁။ RBF+ ထောက်ပံ့ငွေလျှောက်ထားနိုင်ရန် MFVP အခမဲ့ချိတ်ဆက်ကူညီပေးနေ
၂။ ယာဉ်နံပါတ်ကိုအလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက် QR Code အသစ်ထုတ်ပေးမည်
၃။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရန်ပုံငွေမြှင့်တင်ရေး Green Bago 2026 Campaign ပြုလုပ်
၄။ တရုတ်နှင့်ရုရှား ရေတပ်သင်္ဘောများပင်လယ်ပြင်တွင်ပူးတွဲကင်းလှည့်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
(နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးစင်္ကြံများ)
++++++++++++++++++++++++++++++++
Published 31 July 2026
၁။ အရှေ့တောင်အာရှနှင့် တောင်အာရှ ချိတ်ဆက်ရေး
◾️ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း - (၈၄၅) မိုင် (ကီလိုမီတာ ၁,၄၀၀ ခန့်) ရှည်လျားသည့် လမ်းကြောင်းဖြစ်ပြီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဝေးပြေးလမ်းမကြီးနှင့်အတူ အပြီးသတ်အကောင်အထည်ဖော်လျက် ရှိပါသည်။
◾️ဒေသတွင်း အကျိုးကျေးဇူး - အဆိုပါ လမ်းကြောင်းများသည် အရှေ့တောင်အာရှနှင့် တောင်အာရှကို ချိတ်ဆက်ပေးမည့် စီးပွားရေးစင်္ကြံများဖြစ်သည့်အတွက် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရုံသာမက နယ်စပ်ကုန်သွယ်ရေးကိုပါ အရှိန်အဟုန်မြှင့် တိုးတက်စေမည်ဖြစ်ပါသည်။
၂။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မန္တလေး-မူဆယ် အမြန်ရထားလမ်း စီမံကိန်း
◾️မဟာဗျူဟာမြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) ၏ အဓိက စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဘက်စီးပွားရေးတံခါးပေါက်ကို ဖွင့်လှစ်ပေးမည့် အသက်သွေးကြော စီမံကိန်း ဖြစ်ပါသည်။
◾️လမ်းကြောင်းအရှည် - မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် မူဆယ်မြို့မှ မန္တလေးမြို့အထိ စုစုပေါင်း ကီလို မီတာ (၄၁၀) ရှည်လျားပါသည်။
◾️နည်းပညာမြင့် ဒီဇိုင်း -ခရီးသည်တင် ရထားများအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၆၀) နှုန်း၊ကုန်စည်ပို့ဆောင်ရေး ရထားများအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၂၀) နှုန်းဖြင့် မောင်းနှင်နိုင်ရန် နည်းပညာမြင့် ဒီဇိုင်းရေးဆွဲထားပါသည်။
◾️စီးပွားရေးအကျိုးသက်ရောက်မှု - မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
၃။ အခြားသော မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ စီမံကိန်းများ
◾️ဆိပ်ကမ်းနှင့် လမ်းကွန်ရက်များ - ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရန်ကုန်-မြဝတီ လမ်းကြောင်း စီမံကိန်းနှင့် ငွေဆောင်-ပုသိမ် လမ်းကြောင်း စီမံကိန်းများကိုလည်း ဖော်ဆောင်လျက် ရှိပါသည်။
◾️စိန်ခေါ်မှုများကို ကျော်လွှားရေး - နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် နှောင့်နှေးမှုများကြုံတွေ့ခဲ့ရသော်လည်း အောင်မြင်အောင်ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၄။ အဓိက အခြေခံလိုအပ်ချက်
◾️အဆိုပါ နိုင်ငံတကာ စီးပွားရေးစင်္ကြံများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိရေး သည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။
#Local_News
Published 31 July 2026
■ ပြင်သစ်နိုင်ငံတွင်ဇူလိုင် ၂၃ ရက်မှ စတင်ကျင်းပလျက်ရှိသည့် Esports ကမ္ဘာ့ဖလား (Esports World Cup 2026) ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG)၏ MLBB အသင်းသည် Mobile Legend တွင် ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိရာ ဇူလိုင် ၂၉ ရက်နေ့က ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ သိရသည်။
■ အဆိုပါအသင်းသည် ဇူလိုင် ၂၉ ရက်က ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်းအား ၃ - ၀ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ ရှုံးပွဲမရှိဖြင့် တက်လှမ်းနိုင်ခဲ့ရာ မြန်မာနိုင်ငံမှ Esports ဝါသနာရှင်ပေါင်း ၂၀၀,၀၀၀ ကျော် တိုက်ရိုက်ကြည့်ရှုအားပေးခဲ့ကြသည်။
■ Yangon Galacticos PUBG Mobile အသင်းသည် ယခင်နှစ်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် Esports ကမ္ဘာ့ဖလားပြိုင်ပွဲ တွင်လည်း ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူး ရရှိထားပြီး ယခုနှစ် Esports ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း Yangon Galacticos MLBB အသင်းသည် ဆီမီးဖိုင်နယ်အဆင့်ထိ ရှုံးပွဲမရှိအောင်မြင်ခဲ့ကာ ကမ္ဘာ့ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည့်အပြင် Yangon Galacticos MLBB အသင်းသည် အုပ်စုပထမပွဲစဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ Geekay Esports အသင်းကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports ကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း အောင်မြင်ခဲ့ရာ ရှုံးထွက်အဆင့်၌ PRO Esports အသင်း ကို ၃-၀ ရလဒ်ဖြင့် ထပ်မံကျော်ဖြတ်ခဲ့ကြောင်းသိရသည်။
■ “မြန်မာလူငယ် Esports အားကစားသမားတွေဟာ ကမ္ဘာ့အဆင့်ကို ရောက်ရှိနေပြီဆိုတာ အရင်နှစ် Esports ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံရွှေတံဆိပ် ဆုဖလားကြီး ဆွတ်ခူးနိုင်ခဲ့စဉ်ကတည်းက သက်သေပြခဲ့ပြီးပါပြီ။ ဒီနှစ်မှာလည်း YG MLBB အသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်သွားပြီဖြစ်လို့ ကျွန်တော်တို့ မြန်မာလူငယ် Esports အားကစားသမားတွေဟာ ကမ္ဘာ့ထိပ်တန်း အဆင့် ရောက်နေပြီဆိုတာ ထပ်မံသက်သေ ပြနေပါပြီ။ အခုအောင်မြင်မှုဟာ အသင်း အနေနဲ့အောင်မြင်မှုသာမက နိုင်ငံ့ဂုဏ်ဆောင်အဖြစ် ချန်ပီယံဆွတ်ခူးနိုင် အောင်လည်း ကြိုးစားနေပါတယ်”ဟု မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက ပြောသည်။
■ အဆိုပါ Esports World Cup 2026 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု Yangon Galacticos(YG) အသင်းသည် ဇူလိုင် ၁၉ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ရာ ဆီးမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ ဆီမီးဖိုင်နယ်အဆင့်ကို ဩဂုတ် ၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 July 2026
■ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ နိုင်ငံတကာအဆင့်မီ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံကြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သဘင်အငြိမ့်ဖျော်ဖြေပွဲကို ယနေ့ ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က အသိပေးထားသည်။
■ အဆိုပါ သဘင်အငြိမ့်ဖျော်ဖြေပွဲတွင် မင်းသမီး ဝင်းသပြေထွန်း၊ ဇွဲရတီတို့က ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး နိုင်ငံကျော်ဟာသလူရွှင်တော်များကလည်း ဟာသအငြိမ့်ခန်း များဖြင့် ပါဝင်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် ရွာစား သီရိမောင်မောင်၊ ပတ္တလားတီးဝိုင်းဖြင့် မွန်ပြည်နယ် ကိုကိုနိုင်၊ ရတနာမင်း ကျောက်ဆည်ဆင်အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဆပ်ကပ်နှင့် မျက်လှည့်အစီအစဉ်များကိုလည်း ပဒေသာပွဲစဉ်အဖြစ် ထည့်သွင်းတင်ဆက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က သဘင်ချစ်ပရိသတ်များအနေဖြင့် အဆိုပါဖွင့်ပွဲအထိမ်းအမှတ်ဖျော်ဖြေပွဲသို့လာရောက်ကြည့်ရှုအားပေးကြရန် ဖိတ်ကြားထားသည်။
#YMG/SW #Yangon_Times
#Local_News
(နိုင်ငံခြားရေးမူဝါဒ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး)
++++++++++++++++++++++++++++++++
Published 31 July 2026
၁။ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူများ
◾️အခြေခံဥပဒေပါ လွတ်လပ်ပြီး တက်ကြွသော၊ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ဆွဲကိုင်၍ ဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေးကို တည်ဆောက်လျက်ရှိသည်။
◾️အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍသီးသီးတွင် ပူးပေါင်း ဆောင်ရွက်ကာ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်သွားမည် ဖြစ်သည်။
၂။ အာဆီယံအပေါ်ရပ်တည်ချက်
◾️အာဆီယံထုတ်ပြန်ချက် (၅) ချက် သည် အာဆီယံ အဖွဲ့၏ တရားဝင် ထုတ်ပြန်ချက် မဟုတ်ဘဲ အစည်းအဝေးဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
◾️ယင်းကို အကောင်အထည်ဖော်ရာတွင်-
(၁) အထောက်အကူ ပြုခြင်း၊(၂) နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ (၃) အာဆီယံ ပဋိညာဉ်နှင့် ကိုက်ညီခြင်း ဟူသည့် အချက် (၃) ချက်အပေါ် အခြေခံပြီး ဖြစ်သင့်ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။
၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ဆက်ဆံရေး
◾️ အချို့သော အာဆီယံနိုင်ငံများ၏ ခွဲခြားဆက်ဆံမှုများအပေါ် သည်းခံ၍ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့သကဲ့သို့၊ လိုအပ်သည့် တုံ့ပြန်မှုများကိုလည်း Case by Case တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
◾️ပကတိအခြေအနေများအပေါ် အခြေခံကာ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက်ပြီး မြန်မာနိုင်ငံကဦးဆောင်သည့် "မြန်မာ့ကိုယ်ပိုင်နည်းလမ်း" ဖြင့် အာဆီယံနှင့်ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
#Local_News
(အာကာသနည်းပညာ၊ ဂြိုဟ်တုလွှတ်တင်ရေးနှင့် အာကာသယာဉ်မှူးများ)
++++++++++++++++++++++++++++++++
Published 31 July 2026
၁။ မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency) ဖွဲ့စည်းခြင်း
◾️အာကာသနည်းပညာကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် မြန်မာအာကာသ အေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါသည်။
၂။ ဂြိုဟ်တု မြေပြင်ထိန်းချုပ်ရေးနှင့် လက်တွေ့အသုံးချမှုများ
◾️ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း တည်ဆောက်ခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ပါ သည်။
◾️ဂြိုဟ်တုနည်းပညာနှင့် AI နည်းပညာကို ပေါင်းစပ်ကာ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲရေးနှင့် မြေပုံချမှု စီမံခန့်ခွဲရေးစသည့် လူမှုစီးပွားရေးကဏ္ဍများတွင် လက်တွေ့အသုံးချနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
၃။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရေး
◾️ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက် လက်မှတ်ရေးထိုးထားသကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ဘီလာရုစ်အပါအဝင် နိုင်ငံတကာအာကာသအဖွဲ့အစည်းများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
◾️မကြာမီကာလတွင် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်းလွှတ်တင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာပိုင်းဆိုင်ရာများကို စတင်ပြင်ဆင်နေပြီ ဖြစ်ပါသည်။
◾️မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နာနိုဂြိုဟ်တု (Nano Satellite) နှင့် မိုက်ခရိုဂြိုဟ်တု (Micro Satellite) များကိုလည်း တည်ဆောက်လွှတ်တင်သွားမည် ဖြစ်ပါသည်။
၄။ မြန်မာ့အာကာသယာဉ်မှူး အစီအစဉ်
◾️မြန်မာအာကာသယာဉ်မှူးများ အာကာသခရီးစဉ်တွင် လိုက်ပါနိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းကာ အာကာသယာဉ်မှူးလောင်းများကို စိစစ်ရွေးချယ် လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
◾️အနာဂတ်တွင် မြန်မာနိုင်ငံသား အာကာသယာဉ်မှူးတစ်ဦး နိုင်ငံတကာအာကာသစခန်း (ISS) ၌ တာဝန်ထမ်းဆောင်နိုင်ရန် ရည်မှန်းထားပြီး ယင်းသည် နိုင်ငံနှင့်နိုင်ငံသားတို့အတွက် ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
#Local_News
(ပြည်တွင်းငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး)
၁။ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အခြေခံလိုအပ်ချက်
◾️ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး - ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်နှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် ငြိမ်းချမ်းရေးသည် မဖြစ်မနေ လိုအပ်သည်။
◾️စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု - တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် နိုင်ငံတော်စီးပွားရေးကို ဖူလုံတိုးတက်အောင် ဆောင်ရွက်နိုင်မည် ။
၂။ အစိုးရ၏ ငြိမ်းချမ်းရေး မူဝါဒနှင့် ဖိတ်ခေါ်မှုများ
◾️ဥပဒေဘောင်တွင်း ဖြေရှင်းရေး - နိုင်ငံရေး သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ် ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရန် အလေးအနက် ထပ်မံဖိတ်ခေါ်ထားသည်။
◾️ငြိမ်းချမ်းရေးတံခါး ထာဝရဖွင့် - "ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားသည်" ဟူသော ခံယူချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲတမ်း ဖိတ်ခေါ်လျက် ရှိပါသည်။
◾️ကန့်သတ်ချက်မရှိ ဆွေးနွေးရေး - NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များသာမက မထိုးရ သေးသည့် အဖွဲ့များကိုပါ ကန့်သတ်ကမ်းလှမ်းချက် မထားဘဲ ပွင့်လင်းစွာ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။
◾️လက်ရှိ ဆွေးနွေးမှု ရလဒ် - အစိုးရ၏ ပွင့်လင်းသော ဖိတ်ခေါ်မှုများကြောင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း (၁၃) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါသည်။
၃။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် သမိုင်းပေးတာဝန်
◾️သမိုင်းကြောင်းနောက်ခံ - မြန်မာနိုင်ငံသည် လွတ်လပ်ရေး မဆုံးရှုံးခင်ကတည်းက တိုင်းရင်းသား အားလုံး စုစုစည်းစည်း နေထိုင်ခဲ့ကြသည့် နိုင်ငံဖြစ်ပါသည်။
◾️ကွဲပြားမှုများ ပေါ်ပေါက်လာခြင်း - လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း သွေးခွဲမှုများနှင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း တွေးခေါ်မှု ကွဲပြားချက်များကြောင့် တိုင်းရင်းသားအချင်းချင်းအကြား စည်းလုံး ညီညွတ်မှု ပျက်ပြားခဲ့ရပါသည်။
◾️အနာဂတ်အတွက် စည်းလုံးညီညွတ်မှု - ယခုအခါ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာဖြင့် နိုင်ငံသစ်ကို အတူတကွ တည်ဆောက်ရန် လိုအပ်ပြီး၊ ယင်းညီညွတ်မှုခွန်အားသည် အနာဂတ်မျိုးဆက် သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သော သမိုင်းမော်ကွန်း ဖြစ်လာမည် ဖြစ်ပါသည်။
၄။ လက်တွေ့ကျသော ဆွေးနွေးညှိနှိုင်းမှု
◾️NSPNC ၏ အခန်းကဏ္ဍ - ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိပါသည်။
◾️ဖြစ်သင့်ဖြစ်နိုင်သည်များကို ဆွေးနွေးရေး - တိုင်းရင်းသားပြည်သူ အများစု အေးချမ်းစေရန် ငြိမ်းချမ်း ရေး တည်ဆောက်ရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ဖြစ်သင့်ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြရန် လိုအပ်သည်။
Page 26 of 2477