#Local_News
Published 23 August 2025
▪️ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းတွေ့ရှိ ၍ ကူညီသယ်ထုတ်ပြီး ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။
▪️ ယမာန်နေ့က မန္တလေးမြို့မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် ၄၃×၄၄ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် အပုပ်နံ့ရရှိကြောင်း ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အဖွဲ့ဝင်များသွားရောက်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့သွားရောက်စဉ် နေအိမ်အတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၆၈ နှစ်အရွယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ သေဆုံးရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နေအိမ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 August 2025
▪️ နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
▪️ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်ကြသော မင်းထက်မင်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ မင်းထက်မင်းဆိပ်ကမ်းသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
▪️ အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အကောက်ခွန်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့ တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
▪️ ထို့နောက် မင်းထက်မင်းဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ခေတ်မီသိုလှောင်မှုစနစ် (SILO) တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ကုန်သေတ္တာများအား ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
▪️ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ လိုက်နာသွား ရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကြရန်ပြောကြားသည်။
▪️ ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေး ခန်းမ၌ ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပြီး နိုင်ငံတော်က ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိ၏အလုပ်အပေါ် အဂတိတရားကင်းကင်းဖြင့် မေတ္တာထားဆောင်ရွက်ပေးရန် မှာကြားသည်။
▪️ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီး Dry Port သို့ ရောက်ရှိကြပြီး KM နှင့် RG ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးကာ အကောက်ခွန်ကုန်လှောင်ရုံ (Bonded Warehouse) ၌ လျှပ်စစ်မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုများနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်အနီးလှုပ်ခတ်ခဲ့တဲ့ငလျင်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတဲ့အများပြည်သူတွေအတွက် Yangon Media Group မှ
မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌ ဒေါ်ရီရီငြိမ်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို တင်ဆက်ပေးလိုက်ပါတယ်။
#Local_News
Published 22 August 2025
#မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌဒေါ်ရီရီငြိမ်း
#YMG/SW #Yangon_Times
#Daily_News
Published 22 August 2025
၁။ ထိုင်းနှင့်ဩစတြေးလျခရီးသွားများလာရောက်လည်ပတ်
၂။ အေဂျင်စီ ၃၆၀ခန့်ကို မိသားစုလွှဲပို့ငွေ အထောက်အထားနှင့်ပတ်သက်၍ စိစစ်မည်
၃။ ဓာတ်ဆီဈေးပြန်တက် ဒီဇယ်ဈေးဆက်ကျ
၄။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ အိန္ဒိယသို့လာရောက်ကာမိုဒီနှင့်တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်အတွက်ရည်ညွှန်းဈေးတွေမှာ ဓာတ်ဆီဈေးပြန်တက်ပြီး ဒီဇယ်ဈေးဆက်ကျလာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 22 August 2025
#ဓာတ်ဆီ # ဒီဇယ်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံများသို့ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိအလုပ်သမား စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေ ရဲ့မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြဖို့ စိစစ်မှုကို သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ စိစစ်သွားမှာဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က အသိပေးထားပါတယ်။
#Local_News
Published 22 August 2025
#အေဂျင်စီ၃၆၀ခန့် #Safe_Migration
#YMG/SW #Yangon_Times
ထိုင်းနဲ့ ဩစတြေးလျခရီးသွားတွေကျိုက်ထီရိုးဘုရားအပါအဝင် အခြားဒေသတွေကို လာရောက်လည်ပတ်ခဲ့ကြတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 22 August 2025
#ထိုင်းနှင့်ဩစတြေးလျခရီးသွား #ကျိုက်ထီရိုးဘုရား
#YMG/NN #Yangon_Times
Page 28 of 2166