မြန်မာရွှေ့ပြောင်းလုပ်သားအများဆုံးတည်ရှိတဲ့ ထိုင်းနိုင်ငံကရာဘီမှာ CI ထုတ်ပေးရေး ရွှေ့လျားယူနစ်(၁)ခုကိုဖွင့်လှစ်ပေးသွားမယ်လို့ အလုပ်သမားသံအရာရှိရုံးမှ သိရပါတယ်။
#Local_News
Published 08 October 2025
#မြန်မာရွှေ့ပြောင်းလုပ်သား #ထိုင်းနိုင်ငံ
#YMG/SW #Yangon_Times
၈ အောက်တိုဘာ ၂၀၂၅
ပန်းဘဲတန်းမြို့နယ်ရှိ ၃၂လမ်းရှိ Beauty Land Hotel ၌ အမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးတွေ့ရှိရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင် အသား များ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက်(၂၀)နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတ မြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်း မြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေအေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်သိရှိခဲ့ရပြီး အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံ ကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှု လေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးခဲ့ပါတယ်။
အဲဒီနောက် သူကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သူရဲ့ထွက်ဆိုချက်အရသိရပါတယ်။
ယင်းနောက် သူ၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်း အတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက် ဖျက်ခြင်းတို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် သူဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား ၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက် ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 8 October 2025
▪️ ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်၊ ၃၂လမ်း (အထက်ဘလောက်) ရှိ Beauty Land Hotel တွင် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာအား အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့သည့် အသက် ၁၈နှစ်အရွယ်တရားခံအား ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
▪️ သတ်ဖြတ်ကာအမှိုက်အိတ်ဖြင့်ထည့် စွန့်ပစ်ခံရသည့်အမျိုးသမီးမှာပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့တွင် လာရောက်နေထိုင်သည့် အသက် ၂၃ နှစ်ခန့်အရွယ် ပြည့်တန်ဆာ အမျိုးသမီးဖြစ်ပြီးတရားခံမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌နေထိုင်သည့်အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
▪️ တရားခံကို အောက်တိုဘာ ၇ ရက် ညနေပိုင်းက ၎င်း၏နေအိမ်၌ပင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရားခံနှင့် သေဆုံးသူ အမျိုးသမီးသည် ယခင်သိကျွမ်းခဲ့ခြင်းမရှိဘဲ အခကြေးငွေဖြင့် ပြည့်တန်ဆာကိစ္စပျော်ပါးရန် အွန်လိုင်းမှ တဆင့် ချိတ်ဆက်ခေါ်ယူ ပျော်ပါးခဲ့ပြီးနောက် ယခုကဲ့သို့သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တရားခံအား လက်ရှိတွင် စစ်ဆေးနေဆဲဖြစ်ပြီး သတ်ဖြတ်ရသည့်အကြောင်းရင်းကို တိတိကျကျမသိရသေးကြောင်း၊တရားခံအား စစ်ဆေးမှုအရမူးယစ်ဆေးဝါးသုံးစွဲကြောင်းမပေါ်ပေါက်သော်လည်း ၎င်းသည် လူသတ် ရုပ်ရှင်ဇာတ်လမ်းများ အကြည့်များသူတစ်ဦး ဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 8 October 2025
▪️ နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်လျှက်ရှိသည့် ဖွဲနုဆီစက်၊ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့်စက်ရုံ၊ EV ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံများကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပျဥ်းမနားမြို့နယ်ရှိ MAPCO ၏ ဖွဲနုဆီစက်၊ ဒက္ခိဏသီ ရိမြို့နယ်ရှိ New Stellar Energy MM Co., Ltd. ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့် စက်ရုံနှင့် Myanmar New Power Auto Co., Ltd. ၏ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်၊ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံတည်ဆောက်နေမှုများကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ -၂၀၂၅ နှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ စက်ရုံစီမံကိန်းလုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်၍ သတ်မှတ်ချိန်အတွင်း စတင်လည်ပတ်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ စက်တပ်ဆင်ရေးလုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ စနစ်တကျရှိရေး၊ လိုအပ်ချက်များကိုကူညီ ဖြည့်ဆည်းပေးနိုင်ရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကာ အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
ဘုရားဖူးများအဆင်ပြေစေရန်မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ ကေဘယ်လ်ကားများ နေ့စဉ်ပြေးဆွဲ ပေးနေပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 08 October 2025
#ကျိုက်ထီးရိုး #ကျိုက်ထိုမြို့နယ်
#YMG/NN #Yangon_Times
#Local_News
Published 8 October 2025
▪️ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ လူမှုအကျိုးပြုလုပ်ငန်းေကာ်မတီဥက္ကဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
▪️ ယခုလအတွင်းကျင်းပသောကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကောင်စီ အစည်းအဝေးတွင် ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းဖြစ်ရာ ဦးဇော်ဇော်အနေဖြက့်အဆိုပါ ဥက္ကဌရာထူးကို ၂၀၂၅ခုနှစ်မှ ၂၀၂၉ခုနှစ်အထိတာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
▪️ FIFA၏ လူမှုအကျိုးပြုလုပ်ငန်းေကာ်မတီတွင် ဒုတိယဥက္ကဌအဖြစ်အာဂျင်တီးနား ဂန္တဝင်အားကစားသမားတစ်ဦးဖြစ်သူ Javier Zanetti ကဆောင်ရွက်မည်ဖြစ်ပြီးကော်မတီတွင် အဖွဲ့ဝင်၂၁ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အာရှဘောလုံးအဖွဲ့ချုပ်AFCအကြီးတန်းဒုတိယဥက္ကဌဖြစ်သူမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်အနေဖြင့်လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီဥက္ကဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ခုနှစ် အထိ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေကို အခု အောက်တိုဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၈) စင်းဝင်ရောက်ဆိုက်ကပ်သွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ် ။
#Local_News
Published 08 October 2025
#ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း #ကုန်သေတ္တာတင်ယာဉ်
#YMG/NN #Yangon_Times
Page 31 of 2220