မြန်မာနိုင်ငံမှ မွန်ပြည်နယ်ရှိ သံဖြူဇရပ်မြို့နယ်အနေနဲ့ 2026 ASEAN SMOKE - FREE AWARD တတိယဆုကိုရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 12 September 2026
#2026_ASEAN_SMOKE_FREE_AWARD
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်နဲ့ ကာလဝမ်းရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၄၆ မက်ထရစ်တန်နဲ့ ယူရို ၇ သိန်းခွဲကို ဥရောပသမဂ္ဂ EU က ထောက်ပံ့ပေးလိုက်ပါတယ်။
#Local_News
Published 12 September 2026
#EU #ဆေးဝါး
#YMG/SW #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေဟာ
စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 12 September 2026
#လေဖိအားနည်းရပ်ဝန်း
#YMG/NN #Yangon_Times
#Local_News
Published 12 September 2026
■ MSME လုပ်ငန်းများစွာအောင်မြင်လာပါက ဒေသစီးပွားရေးတိုးတက်လာစေနိုင်မည်ဖြစ်ကြောင်းစက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
■ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) တို့ ပူးပေါင်း၍ MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် “Startup Ignite Program 2026” ကို ယမန်နေ့က စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက
အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ အဆိုပါအစီအစဉ်တွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME တစ်ခု အောင်မြင်လာပါက အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး MSME များစွာအောင်မြင်လာပါက ဒေသစီးပွားရေးတိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသစီးပွားရေးများ တိုးတက်လာမှုနှင့်အတူ နိုင်ငံ့ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးချိန်တွင် စမ်းသပ်မည့်အကြံဉာဏ်တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်မည့် သတ္တိတစ်ခုယူဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
■ ထို့အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌက အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်-၂၀၂၆ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး သည်။
■ ဆက်လက်၍ ဆွေးနွေးမှုအစီအစဉ်များအဖြစ် တာဝန်ရှိသူများက စွန့်ဦးတီထွင်စိတ်ဓာတ်မွေးမြူခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ငန်းတိုးချဲ့ရန်အခွင့်အလမ်းများ၊ အစပျိုးလုပ်ငန်းစီမံခန့်ခွဲခြင်း၊ အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အတွေ့အကြုံမျှဝေခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးမှုအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
■ အဆိုပါအစီအစဉ်သို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကွန်ရက်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်စွန့်ဦးတီထွင်သူများ တက်ရောက်ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနဝန်ကြီးဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်က ရောက်ရှိနေခြင်းဖြစ်သည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုတွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်တို့သည် စက်တင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု ကို လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
■ အဆိုပါ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု ဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတိုအကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးတည်ဆောက်မယ့် မြေနေရာသစ်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတသည် အဆိုပါ သံရုံးတည်ဆောက်မည့်နေရာသို့ မသွားရောက်မီ ဦးစွာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာတော်သင်များကို တွေ့ဆုံပြီးအမှာစကားပြောကြားခဲ့သည်။
■ နိုင်ငံတော်သမ္မတနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူတွေလည်းလိုက်ပါခဲ့ကြကြောင်း သိရသည်။
#YMG #Yangon_Times #Yangon_Media_Group
Page 34 of 2526