#Daily_News
Published 23 July 2026
၁။ အခြေခံအုတ်စီနှင့်ကျောက်ပုံးဆရာဖြစ် သင်တန်းဖွင့်လှစ်မည်
၂။ ဝဇီရာရုပ်ရှင်ရုံတွင် ရုပ်သေးပွဲများပြသမည်
၃။ ဇူလိုင် ၃၁ ရက်အထိ ဒေသအများအပြားတွင် မိုးကြီးနိုင်ဟုမိုးဇလအသိပေး
၄။ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောအင်ဒိုချိုင်းနားမီးခိုးရောင်မျောက်မြီးရှည် တရုတ်ဘေးမဲ့တော၌တွေ့ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် Inclusive System Myanmar (ISM) တို ပူးပေါင်းဖွင့်လှစ်မယ့် အခြေခံအုတ်စီနဲ့ ကျောက်ပုံးသင်တန်း TOT ဆရာဖြစ်သင်တန်းအတွက် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 23 July 2026
#ကျောက်ပုံးဆရာ #သင်တန်း
#YMG/SW #Yangon_Times
ရန်ကုန်မြို့တွင် မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့မယ့် ဝဇီရာရုံမှာ မြန်မာ့ရိုးရာရုပ်သေးပွဲများကို အပတ်စဉ်ထည့်သွင်းပြသသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ကသိရပါတယ်။
#Local_News
Published 23 July 2026
#ဝဇီရာရုပ်ရှင်ရုံ
#YMG/NN #Yangon_Times
လာမယ့် ဇူလိုင် ၃၁ ရက်အထိ ဒေသအများအပြားမှာ မိုးကြီးနိုင်တယ်လို့ယနေ့ ဇူလိုင် ၂၃ ရက်၊ နံနက် ၈ နာရီတွင် ထုတ်ပြန်လိုက်တဲ့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ် (၂၃/၂၀၂၆) မှာဖော်ပြထားပါတယ်။
#Local_News
Published 23 July 2026
#မိုးလေဝသ
#YMG/SW #Yangon_Times
အခုဇူလိုင်လအတွင်းပြည်ပနိုင်ငံတွေကို ပြောင်းတန်ချိန်တစ်သိန်းကျော်တင်ပိုပြီး အမေရိကန် ဒေါ်လာ ၂၆ သန်းကျော်ရရှိရန်လျာထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 23 July 2026
#ပြောင်း
#YMG/NN #Yangon_Times
#Local_News
Published 23 July 2026
■ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီးအိမ်ထောင်စုပေါင်း ၁၀၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါကညင်ရေလှောင်တမံတွင်အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရှိသည့်စီမံကိန်းဖြစ်ကာ ယင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့်ကို အိမ်ထောင်စုတစ်စုလျှင် လစဉ် ၁၀၀ ယူနစ်ခန့် အသုံးပြုမှုဖြင့် ခန့်မှန်းတွက်ချက်ပါက အိမ်ထောင်စုပေါင်း ၁၀၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
■ ယင်းရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
■ ထို့နောက် ကညင်ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားများကို အမျိုးသားဓာတ်အား ကွန်ရက်စနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် ၃၃/ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီးစီးမှုနှင့် ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သော ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အောင်မြင်ရေးအတွက် မြို့နယ်/ ခရိုင်အဆင့်တွင် တစ်ပတ်လျှင် တစ်ကြိမ်နှင့် တိုင်းဒေသကြီးအဆင့်တွင် တစ်လလျှင် တစ်ကြိမ် တွေ့ဆုံပွဲများပြုလုပ်၍ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
■ ထို့နောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင်လည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
ဇူလိုင်၂၃၊၂၀၂၆ (နေပြည်တော်)
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သံတမန်ဆက်ဆံရေးများတိုးတက်လာသည့် အခြေအနေကို ထင်ဟပ်သည့် အသစ်ခန့်အပ်သော သံအမတ်ကြီးနှစ်ဦး၏ သံအမတ်ခန့်အပ်လွှာများလက်ခံခြင်းနှင့် တာဝန်ပြီးဆုံးသည့် သံအမတ်တစ်ဦးကို ယမန်နေ့ ဇူလိုင် ၂၂ရက်က လက်ခံတွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရသိရသည်။
■ နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc နှင့် ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhanတို့၏ သံအမတ်ခန့်အပ်လွှာများကို သနေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ သီးခြားအခမ်းအနားများဖြင့်လက်ခံခဲ့သည်။
■ အစိုးရသစ်၏ ထူးခြားမှုအဖြစ် အသစ်ခန့်အပ်ခံရသော သံအမတ်ကြီးများသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမသို့ရောက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် သက်ဆိုင်ရာနိုင်ငံတို့၏ အလံတို့အား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြခြင်းဖြစ်ပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့ကြခြင်းဖြစ်သည်။
■ ဗီယက်နမ်နိုင်ငံတွင် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတို့ကို ကျင်းပပြုလုပ်သွားမည့်အခြေအနေနှင့် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သွားမည့်အခြေအနေကို နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်သံအမတ်သစ်တို့ တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတနှင့် ကာဇက်စတန်သံအမတ်သစ်တို့ တွေ့ဆုံစဉ်ကာဇက်စတန်နိုင်ငံအနေဖြင့် အလယ်အာရှဒေသတွင်တည်ရှိပြီး တရုတ်နိုင်ငံကိုဖြတ်သန်း၍ မြန်မာနိုင်ငံမှတစ်ဆင့် တောင်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးကူးလူးဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်သည့်အခြေအနေများကိုဆွေးနွေးခဲ့ကြောင်းလည်းသိရှိရသည်။
■ ထို့အပြင် နိုင်ငံတော်သမ္မတကို တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့ အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Jong Ho Bom ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ထိုနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။
Page 34 of 2477