#Local_News
Published 12 September 2026

■ ‎ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးတည်ဆောက်မယ့် မြေနေရာသစ်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။

■ နိုင်ငံတော်သမ္မတသည် အဆိုပါ သံရုံးတည်ဆောက်မည့်နေရာသို့ မသွားရောက်မီ ဦးစွာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာတော်သင်များကို တွေ့ဆုံပြီးအမှာစကားပြောကြားခဲ့သည်။

■ နိုင်ငံတော်သမ္မတနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူတွေလည်းလိုက်ပါခဲ့ကြကြောင်း သိရသည်။

#YMG #Yangon_Times #Yangon_Media_Group