#Local_News
Published 12 September 2026

‎ ■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ နာမည်ကျော် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

■ ‎ယင်းသို့ သွားရောက်စဉ် နိုင်ငံတော်သမ္မတသည် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ် ကျောင်းထိုင် ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipati Bour Kry ကို ဖူးမြော်ကြည်ညိုခဲ့သည်။

■ ‎နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်က ရောက်ရှိနေခြင်းဖြစ်သည်။

#YMG #Yangon_Times #Yangon_Media_Group