#Local_News
Published 18 July 2026
■ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EOI) ခေါ်ယူနေကြောင်း သိရသည်။
■ အဆိုပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနလက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာ ရန်ကုန် - ပဲခူးလမ်းမကြီးဘေး၌ တည်ရှိပြီး ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများမှ ပြည်ပသို့တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ ရလဒ်များအား Test Report ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO/ IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရေးနှင့် စီးပွားဖြစ် တွက်ခြေကိုက်မှုရှိစေရေး (Commercialization) တို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် Joint Operation စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိခြင်း ဖြစ်သည်။
■ သို့ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို www.doca.gov.mm တွင် download ရယူ၍ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ အီးမေးလ်
#YMG/NN #Yangon_Times
#Local_News
Published 18 July 2026
■ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်မှာအိန္ဒိယကပဲပုတ်ဆီကြိတ်စက်ရုံကို တည်ဆောက်ပြီး ထွက်ရှိလာသည့် ပဲပုတ်ဆီများကိုပြည်တွင်း၌ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
■ ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စ နှင့်စပ်လျဉ်းပြီးဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဇူလိုင်၁၃ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိ သူများ တက်ရောက်ကြရာကုမ္ပဏီမှတာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံရှိ Green Rise Company Limited နှင့် အိန္ဒိယနိုင်ငံရှိ Super Power Trading Company Private Limited တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော မတ်မဲ(Raw) များကို ဝယ်ယူကြိတ်ခွဲသန့်စင်(Gravity Cleaned) ပြုလုပ်ပြီး ထွက်ရှိသော Black Matpe(SQ, FAQ)များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချခြင်းနှင့် ငါးအစာကုန်ကြမ်းဖြစ်သော ပဲပုတ်ဖက်(Soybean Meal) များကို တင်သွင်းပြီး ငါးအစာတောင့်များ ထုတ်လုပ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးကန်များသို့ ဖြန့်ဖြူးမည့်အစီအစဉ်များ၊ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ တင်ပို့သွားမည့်အခြေအနေများ၊ စီမံကိန်းမတည်ရင်းနှီးငွေ၊ လုပ်ငန်းစတင်မည့် ကာလ၊ ပို့ကုန်ရငွေ၏ ၅၀ % တန်ဖိုးရှိ ပြည်တွင်းလိုအပ်ချက်ရှိသော အိန္ဒိယ နိုင်ငံထွက်ကုန်များကို ပြန်လည်တင်သွင်းမည့်အခြေအနေများ၊ ကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ ကုမ္ပဏီများ Joint Venture Partnership အဖြစ် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် အိန္ဒိယ-မြန်မာကုန်သည်လုပ်ငန်းရှင်များအသင်း(IMCC)တို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ကုန်သွယ်ရေးအောင်မြင်စွာဆောင်ရွက်နိုင်ရန် သွင်းကုန်နှင့်ပို့ကုန်ရငွေ ပေးချေမှုကို အိန္ဒိယငွေကြေး ရူပီး(INR)ဖြင့် တိုက်ရိုက်ပေးချေခြင်းစနစ်အသုံးပြုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံတော်ပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ပုသိမ်စက်မှုဇုန် တွင် SOYBEAN MEAL & SOYBEAN OIL EXTRACTION AND REFINERY ပဲပုတ်ဆီကြိတ်စက်ရုံ တည်ဆောက်မည့် အစီအစဉ်များ၊ စားသုံးရန်အသင့် ပဲပုပ်ဆီများထုတ်လုပ်ပြီး ပြည်တွင်းတွင်ဖြန့်ဖြူးခြင်းနှင့် ပဲပုတ်ဖတ်များအား တိရစ္ဆာန်အစာအတွက် အသုံးပြုနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် အထွေထွေဆွေးနွေးတင်ပြခဲ့ကြပါသည်။
■ ထို့သို့ ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြုပ်နှံမှုများတိုးမြင့်လာမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း စသည့်ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ အဓိကထားတင်ပို့လျက်ရှိပါကြောင်းနှင့် အခြားကုန်စည်များ တင်ပို့နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်စည်များတိုးချဲ့တင်ပို့နိုင်ပါက တိုင်းဒေသကြီး၏ GDP လည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များကို ကုန်းလမ်းသာမက ရေလမ်းခရီးကို အဓိကထားတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့နိုင်ပါက တောင်သူများနှင့် exporter လုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုစရိတ်များသက်သာမည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း၊ ထို့အပြင် တောင်သူများအတွက်လိုအပ်သည့် သွင်းအားစုများအား အိန္ဒိယမှ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းမည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း၊ ပဲပုတ်ဆီကြိတ်စက်ရုံကိုလည်း တည်ထောင်၍ ပဲပုပ်ဆီများ ထုတ်လုပ်ပြီး ပြည်တွင်းတွင် ဖြန့်ဖြူးမည်ဖြစ်၍ စားသုံးဆီဖူလုံရေးနှင့် တိရိစ္ဆာန်အစာထုတ်လုပ်မှုများအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ပြီး ပြည်ပသွင်းကုန်များကို လျော့ချနိုင်မည်ဖြစ်၍နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း စီမံကိန်းလုပ်ငန်းများကိုလည်း အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးရဲ့ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို အောက်တိုဘာလ(၇)ရက်နေ့ကနေ(၁၁)ရက်နေ့အထိ ဆိုင်ခန်းပေါင်း ၁၁၁ ခန်း နဲ့စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ ပွဲကျင်းပရေးကော်မတီ ကသိရပါတယ်။
#Local_News
Published 17 July 2026
#ဗိုလ်ချုပ်အောင်ဆန်း
#YMG/NN #Yangon_Times
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) ရန်ပုံငွေမှတဆင့် ဝါလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တာကြောင့် စိတ်ဝင်စားသူများအနေဖြင့် ချေးငွေအဆိုပြုလွှာများ ပေးပို့လျှောက်ထားနိုင်တယ်လို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများမှတဆင့်ယနေ့အသိပေးထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 17 July 2026
#ဝါ #ချေးငွေ
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အခု၂၀၂၆ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လတာအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ၃ ဒသမ ၈ သန်းကျော်လာရောက်ဖူးမြော်ခဲ့ရာ အရင်နှစ်ကာလတူထက်လာ ရောက်ဖူးမျှော်သူ ပိုမိုများပြားလာတယ်လို့ စေတီတော်ကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 17 July 2026
#ရွှေတိဂုံစေတီတော်မြတ်ကြီး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆိုလာစနစ်အသုံးပြုမှုများ တိုးပွားလာသည်နှင့်အမျှ ဆိုလာစနစ်ဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာနှင့်လက်တွေ့ဆောင်ရွက်နိုင်မှုများ မြှင့်တင်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 17 July 2026
#ဆိုလာစနစ် #
#YMG/SW #Yangon_Times
#Daily_News
Published 17 July 2026
၁။ ဝါလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမည်
၂။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး ၃ ဒဿမ ၈သန်းကျော်လာရောက်ဖူးမြော်ပြီး ယခင်နှစ်ကာလတူထက်ပိုမိုများပြား
၃။ ဆိုလာစနစ်မီးဘေးလုံခြုံရေးသင်တန်းကို မီးသတ်ဦးစီးဌာနဖွင့်လှစ်သင်ကြား
၄။ အရှေ့အလယ်ပိုင်းပဋိပက္ခများနှင့်ဟော်မုဇ်ရေလက်ကြားအခြေအနေတို့ကြောင့် ကမ္ဘာ့စီးပွားရေးရေရှည်သက်ရောက်နိုင်မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 38 of 2477