#Local_News
Published 24 March 2025
▪️ ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ်မိုးရွာနိုင်ပြီး နေ့အပူချိန်များတိုးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စားအုန်းဆီ အခြေခံ ရည်ညွန်းဈေးတွေဆက်တိုက်ကျဆင်းနေပြီး သုံးလအတွင်းတစ်ပိဿာကို ကျပ်၄၀၀ ကျော်အထိကျဆင်းနေတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 24 March 2025
#စားအုန်းဆီရည်ညွန်းဈေး #စားအုန်းဆီဈေးကျဆင်း
#YMG/NN #Yangon_Times
နိုင်ငံတော်ရဲ့ လျှပ်စစ်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေဖိတ်ခေါ်ပြီး ဆိုလာများဆက်လက်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်မယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။
#Local_News
Published 24 March 2025
#ဆိုလာများထုတ်လုပ် #ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပို့ကုန်ကုမ္ပဏီတွေ အသင်းဝင်ဆန်စက်ကြီးတွေနဲ့ ညှိနှိုင်းပြီး တောင်သူထံမှ စပါးတင်းသိန်း၁၅၀နဲ့ ဧည့်မထဆန်အိတ်လေးသိန်းကို ဝယ်ယူသွားမယ်လို့ သိရပါတယ်။
#Local_News
Published 24 March 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဧည့်မထဆန်အိတ်လေးသိန်းဝယ်ယူ
#YMG/SW #Yangon_Times
မျိုးဆက်သစ်လူငယ်တွေ အသိပညာရှာမှီးနိုင်ဖို့ ရန်ကုန်တိုင်းမှာ ပထမဆုံး လူငယ်စင်တာကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဆက်လက်ဖွင့်လှစ်ဖို့ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်က ပြောပါတယ်။
#Local_News
Published 24 March 2025
#လူငယ်များအသိပညာရှာမှီး #လူငယ်စင်တာဖွင့်လှစ်
#YMG/NN #Yangon_Times
#Local_News
Published 24 March 2025
▪️ ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲစဉ်ကို မနက်ဖန်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာမြန်မာအသင်းနှင့် အာဖဂန်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် မတ် ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
▪️ အဆိုပါ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲ၍ ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၃ ရက်မှစ၍ ပဏာမကစားသမား ၄၂ ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီး ဝင်းနိုင်ထွန်း၊ ဝေလင်းအောင် စသည့် ကစားသမားအချို့ ဒဏ်ရာပြဿနာကြောင့် ယခုခြေစစ်ပွဲနှင့် လွဲချော်မည်ဖြစ် ကြောင်းသိရသည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ဆက်လက်ကိုင်တွယ်နေပြီး ဂိုးသမား- ဇင်ညီညီအောင် (ဒဂုံစတား)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက် (ဟံသာဝတီ)၊ နောက်တန်း- နန္ဒကျော်၊ သက်ဟိန်းစိုး၊ ဟိန်းဖြိုးဝင်း၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သီဟထက်အောင် (ဒဂုံစတား)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်သီဟဇော် (အား/ကာသိပ္ပံ)၊ စိုးမိုးကျော် (အူထိုင်းထာနီ-ထိုင်း)၊ အလယ်တန်း- လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ အောင်နိုင်ဝင်း (ရခိုင်ယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်း၊ ရဲရင့်အောင် (ရှမ်းယူနိုက်တက်)၊ သီဟဇော် (နာဂါဝေါ-ကမ္ဘောဒီးယား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ ဟိန်းထက်အောင် (နီဂျီရီဆီဘမ်လန်-မလေးရှား)၊ ရှေ့တန်း- သန်းပိုင် (ကန်ချာနာဘူရီ-ထိုင်း)၊ အောင်ကောင်းမာန် (ဖရေးယူနိုက်တက်-ထိုင်း)နှင့် ပြည်မိုး(ရတနာပုံ)တို့ ပါဝင်ကြ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 March 2025
▪️ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဝါးဆန်းသစ်တီထွင်မှု သုတေသနစင်တာ တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ သိရသည်။
▪️ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် စီမံကိန်းနှစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များနှင့် ပတ်သက်သည့် သုတေသနစင်တာ တည်ဆောက်ရေးစီမံကိန်း (လုပ်ငန်းစဉ် ၁) စီမံကိန်းအပြင် ဒီဂျစ်တယ် စီးပွားရေးကို ပံ့ပိုးပေးနိုင်ရန်အတွက် အိုင်စီတီ ပူးပေါင်းဆောင်ရွက်သည့် ဆန်း သစ်တီထွင်မှုများ တိုးမြှင့်ခြင်းဆိုင်ရာ စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဝါးသည် ကြီးထွားမြန် သယံဇာတဖြစ်သည့်အတွက် ဆောက်လုပ်ရေး၊ ပရိဘောဂ၊ လက်မှုလုပ်ငန်းများတွင် အသုံးချနိုင်မည့်တန်ဖိုးရှိသည့် သယံဇာတဖြစ်ရာ ဝါးထုတ်လုပ်မှုကို အားပေးခြင်းအားဖြင့် ထုတ်ကုန်တင်ပို့မှုကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး ကျေးလက်ဒေသများအတွက်ပါ အလုပ်အကိုင် အခွင့် အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း၌ ကြိမ်၊ဝါးနှင့် လက်မှုပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခု ခန့်ရှိပြီး ကျေးလက်ဒေသ အခြေခံထုတ်ကုန်ဖြစ်သည့် ကြိမ်၊ ဝါးနှင့် ပြုလုပ်သည့်လက်မှုပစ္စည်းများကို ပြည်ပ ဈေးကွက်သို့ ၈၀ ရာခိုင်နှုန်းတင်ပို့နေပြီး ပြည်တွင်း ဈေးကွက်၌ ၂၀ ရာခိုင်နှုန်း ဖြန့်ဖြူး ရောင်းချနေကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 39 of 1985