#Local_News
Published 17 July 2026
■ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ဘူတာသစ်တည်ဆောက်နေမှုအပါအဝင် ဘူတာများ၊ လမ်း၊ တံတားများ ကိုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယမန်နေ့က မန္တလေးဘူတာကြီး၌ တိုင်းတာဝန်ခံအရာရှိများနှင့် တွေ့ဆုံပြီး ရထားလမ်းများ၊ တံတားများ၊ ရထားစက်ခေါင်းနှင့်တွဲများ ကောင်းမွန်စေရေးနှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျူးကျော်နေအိမ်များ ရှင်းလင်းရေးတို့ကို ဆွေးနွေးမှာကြားကာ မန္တလေးမှရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၁၀) အစုန် DEMU ရထားအား ကြည့်ရှုစစ်ဆေးသည်။
■ ယင်းနောက် ကျောက်ဆည်ဘူတာနှင့် ဘဲလင်းဘူတာကြားရှိ တံတားအမှတ် (၇၇၁) အသစ်ပြန်လည်တည်ဆောက်နေမှု၊ ကျောက်ဆည်ဘူတာသစ် တည်ဆောက်နေမှု၊ ကျောက်ဆည်ဘူတာနှင့် မင်းစုဘူတာကြားရှိ တံတားအမှတ် (၇၃၉) အသစ်ပြန်လည်တည်ဆောက်နေမှု၊ စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ တံတားအမှတ် (၆၉၁) ၌ စက်ယန္တရားကြီးများဖြင့် Foundation လုပ်ငန်း၊ မြေထိန်းနံရံဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
■ ထို့အပြင် ဇူလိုင်၁၅ ရက် နေ့ကလည်း မန္တလေး-လားရှိုးရထားလမ်းပိုင်းရှိ နောင်ချိုဘူတာ၊ ဝက်ဝံဘူတာနှင့် ဇီးပင်ကြီးဘူတာတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 July 2026
■ လေဆိပ်ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက်ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နှင့်ကျေးရွာအချို့တွင် သတ်မှတ်ထားသည့်အချိန်များအတွင်း ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
■ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၃၃ ကေဗွီ ပျဉ်းမနား-နေပြည်တော်လေဆိပ် ဓာတ်အားလိုင်းတွင် ဖြစ်ပွားခဲ့သည့် ချို့ယွင်းချက်ကို ပြုပြင်တည်ဆောက်ပြီးဖြစ်သဖြင့် ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါလုပ်ငန်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းခွင်နှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီ အေလာ-သာဝတ္ထိ ဓာတ်အားလိုင်းအား ယာယီဓာတ်အားပိတ်ထားမည်ဖြစ်သည်။ ယင်းကြောင့် သာဝတ္ထိမြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများနှင့် ရုံးဌာနများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကာ သက်ဆိုင်ရာရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထုတ်လုပ်သည့် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားအရည်အသွေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းရှိ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးများကို ဝန်အားနှစ်ဆကျော်အထိ သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးများဖြင့် အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
■ အဆိုပါလုပ်ငန်းများကို တိုင်အမှတ် (၁၁၄) နှင့် (၁၁၅) ကြား၊ တိုင်အမှတ် (၁၁၈) နှင့် (၁၁၉) ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းကြောင့် မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့နှင့် သစ်ရာကောက်မြို့တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ဓာတ်အားသုံးစွဲသူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 July 2026
■ မေလကုန်ပိုင်းမှစတင်၍ လက်ရှိအချိန်အထိဓာတ်ဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ ကြောင်း သိရသည်။
■ ဇူလိုင် ၁၇ ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီမှ ထုတ်ပြန်သည့် ရန်ကုန်မြို့၏ ဓာတ်ဆီ (92 RON)နှင့်ဓာတ်ဆီ(95 RON) ရည်ညွှန်းလက် လီဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92 RON) ၁လီတာလျှင် ၄၀ ကျပ် နှင့် ဓာတ်ဆီ(95 RON) ၁ လီတာလျှင် ၂၅ ကျပ်ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်းသိရသည်။
■ ဓာတ်ဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းဖွင့်ရာသီ လည်းဖြစ်သည့်အတွက် ကျောင်းပို့ကျောင်းကြိုဆောင်ရွက်နေသည့် မိဘပြည်သူများအဆင်ပြေ
အများပြည်သူအသုံးပြုနေသည့် ဓာတ်ဆီဈေးနှုန်းများသည် ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှစ၍ အပတ်စဉ်တောက်လျှောက် ကျဆင်းနေသည့်အတွက် မိဘပြည်သူများအဆင်ပြေပြေ အသုံးပြုနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 July 2026
■ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ၂၀၂၇ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းများ၏ ကျောင်းသား၊ ကျောင်းသူခေါ်ယူမှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ သူနာပြုသိပ္ပံများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အချင်းပြည့်ဝကာ လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်မည့် အရေးပါသည့် ကျန်းမာရေးပညာဗဟိုဌာနများဖြစ်လာကြောင်းယမန်ျန့ နံနက်ပိုင်းကသူနာပြုသိပ္ပံ(နေပြည်တော်)တွင်ပြုလုပ်သည့် သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၁၄ခုရှိသူနာပြုသိပ္ပံများဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
■ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦးနှင့် သားဖွား ၄၂,၅၂၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ လက်ရှိ ၂၀၂၆ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ ၅,၉၄၆ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ကျောင်းသူ ၁,၀၃၅ ဦးကို လေ့ကျင့်သင်ကြားပေးနေပြီး ၂၀၂၇ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာသင်တန်းအတွက် သင်တန်းသား၊ သင်တန်းသူ ၂,၉၀၀ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းအတွက် သင်တန်းသူ ၁,၄၀၀ ဦးအထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် သူနာပြုပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးအဆင့်အထိ မြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးလျက်ရှိသည့်အပြင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များတွင် ပါရဂူဘွဲ့အဆင့်အထိ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
■ ၎င်းအပြင် ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း အစိုးရအဖွဲ့သစ်၏ ရက်(၁၀၀)အတွင်း ဦးစားပေးဖွဲ့စည်းပုံတိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံ၏ အနာဂတ်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည့် သူနာပြုနှင့် သားဖွားများကို ပညာရည်ပြည့်ဝပြီး ထူးချွန်သူများဖြစ်လာစေရန် စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သတ်မှတ်ထားတဲ့ ကျောင်းအင်္ဂါရပ်နှင့်စံနှုန်းများကို မပြည့်မီသေးတဲ့ ပုဂ္ဂလိကကျောင်းအချို့အား ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး လာမယ့်ပညာသင်နှစ်မှာ စံနှုန်းများနှင့်အညီ ပြင်ဆင်ပြီးစီးထားရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 16 July 2026
#ပုဂ္ဂလိကကျောင်း #ပညာရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 16 July 2026
■ သူနာပြုသိပ္ပံ(ရန်ကုန်)၏ ဆိုင်းဘုတ်သစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ သူနာပြုသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
■ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားအစီအစဉ်အရ နိုင်ငံတစ်ဝန်းရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲကိုတစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Virtual စနစ်ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
■ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သူနာပြုသိပ္ပံ(ရန်ကုန်)၏ ဆိုင်းဘုတ်သစ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
■ ထို့အပြင် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ပက်ဖြန်းဂုဏ်ပြုခဲ့ကြသည်။
■ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ(ရန်ကုန်)ရှိ ကွန်ပျူတာခန်း၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) တွင် သင်ကြားလေ့ကျင့်နေမှုများ၊ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 16 July 2026
၁။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်အကြို မွေးနေ့ပူဇော်ပွဲကျင်းပမည်
၂။ မော်တော်ယာဉ် အမည်ပြောင်းမှတ်ပုံတင်ခြင်းကို VAVS စနစ်ပြောင်းလဲကျင့်သုံး
၃။ ဝဥ၊ ချဥ်ပေါင်ဖာလာ ၊သီဟိုစေ့တင်ပို့မှုမှဒေါ်လာ (၉၄)သန်းကျော်ရရှိပြီးလျာထားချက်ထက်ကျော်လွန်
၄။ တရုတ်၏6Gနည်းပညာအစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကဏ္ဍများပိုမိုအားကောင်းလာစေမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ်(တိုက်ရိုက်)
Published 16 July 2026
၁။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်အကြို မွေးနေ့ပူဇော်ပွဲကျင်းပမည်
၂။ မော်တော်ယာဉ် အမည်ပြောင်းမှတ်ပုံတင်ခြင်းကို VAVS စနစ်ပြောင်းလဲကျင့်သုံး
၃။ ဝဥ၊ ချဥ်ပေါင်ဖာလာ ၊သီဟိုစေ့တင်ပို့မှုမှဒေါ်လာ (၉၄)သန်းကျော်ရရှိပြီးလျာထားချက်ထက်ကျော်လွန်
၄။ တရုတ်၏6Gနည်းပညာအစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကဏ္ဍများပိုမိုအားကောင်းလာစေမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 39 of 2477