#Local_News
Published 09 September 2026

■ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MPPA)တို့သည်ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပသော Myanmar-Vietnam Business Forum (2026) တွင် ဗီယက်နမ်ကုမ္ပဏီများနှင့်ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို MOU လက်မှတ်များရေးထိုးခဲ့ကြောင်း သိရသည်။

■ အဆိုပါ ခရီးစဉ်အတွင်း အသင်းချုပ်ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များသည် အသင်းချုပ်နှင့် MOU ရေးထိုးထားသော ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းမျိုးစေ့ထုတ် ကုမ္ပဏီများ ဖြစ်သည့် Vina Seed နှင့် Loc Troi Group တို့နှင့်လည်းကောင်း၊ ဆန်စက်ပစ္စည်း နှင့် အခြောက်ခံစက်များထုတ်လုပ်သည့် Lamico Groupနှင့် လည်းကောင်း၊ အခြားသော ဆန်စပါးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

■ ထို့အပြင် ဖိုရမ်၏ MOU ရေးထိုးခြင်းအစီအစဉ်တွင် Vietnam Rural Agricultural Development Science Instituteနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမြေဆီလွှာများ၊ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ဇီဝနှင့် သဘာဝ မြေဩဇာများ ထုတ်လုပ်သုံးစွဲမှု မြှင့်တင်ရေးဆိုင်ရာ MOUကို အသင်းချုပ်ကိုယ်စား တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က တက်ရောက်လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရသည်။

■ ၎င်းအပြင် အသင်းချုပ်၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MPPA) အနေဖြင့်လည်း ဗီယက်နမ်နိုင်ငံမှ Phong VU Trading Services Import Export Co.,Ltdနှင့် ဓါတ်မြေဩဇာလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို (MPPA)ဥက္ကဋ္ဌ ဦးခင်မြင့်မှ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times