#Local_News
Published 3 October 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းရှိ တံတားတစ်စင်း ရေတိုက်စားမှုကြောင့်ပြိုကျမှုတစ်ခု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ယနေ့ အောက်တိုဘာလ (၃) ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မိုင်တိုင် ၅၁/၆ နှင့် မိုင်တိုင် ၅၁/၇ ကြား၊ ကိုင်းကျေးရွာအနီးရှိ တံတားအမှတ်-၅/၅၂ တွင် ရေတိုက်စားမှုကြောင့် ကျိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တံတားကျိုးကျမှုကြောင့် ကားလမ်းအား ယာယီပိတ်ထားရပြီး မော်တော်ယာဉ်များ အမြန်ဆုံး ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေးအတွက်အမြန်ဆုံး ဘေလီတံထားထိုး ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်း၏ တစ်ဖက်တစ်ချက်စီမှ ယာဉ်များ ပိတ်ဆို့မှုမဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
သီတင်းကျွတ် ပိတ်ရက်အတွက် ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် အထူးရထားခရီးစဉ်များကို ယခုလ(၄)ရက်မှာစတင်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 03 October 2025
#ရထား #ရန်ကုန်_ပြည်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်မှတဆင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကို ထပ်မံ ရောင်းချပေးမယ်လို ယမန်နေ့ကထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 03 October 2025
#စက်သုံးဆီလုပ်ငန်းရှင် #ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Daily_News
Published 03 October 2025
၁။ သီတင်းကျွတ် ပိတ်ရက်အတွက် အထူးရထားပြေးဆွဲပေးမည်
၂။ မကွေးမြသလွန်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေ
၃။ ဆန်နှင့်ဆန်ကွဲတန်ချိန်(၁၂)သိန်းကျော်တင်ပို့ထား
၄။ တရုတ်ရင်းနှီးမြှုပ်နှံများအပါအဝင် မလေးရှား၌လျှပ်စစ်ကားဈေးကွက်ချဲ့ထွင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 03 October 2025
▪️ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ကျိုင်းတုံအကျဉ်းထောင်၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် ရဲစခန်းအချုပ်ခန်းများကိုယမာန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံအကျဉ်းထောင်၊ ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းနှင့် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။
▪️ ထိုကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျိုင်းတုံအကျဉ်းထောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများနှင့် အိပ်ဆောင်များ၌တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု၊ သန့်ရှင်းသောသောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ပေးမှုနှင့် ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့် အခြေအနေများကို တွေ့ဆုံမေးမြန်းခြင်း၊ အခြေခံ အရေး၊ အဖတ်၊ အတွက် သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားများဖြစ်သည့် ရှမ်း၊ လားဟူ၊ အာခါ ဘာသာစကားများဖြင့်လည်း တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ထို့ပြင် အကျဉ်းသား အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေများကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တောင်းခံသူ အကျဉ်းသား တစ်ဦးကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့ကြောင်း ၊ ထို့အတူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင် ဆေးရုံဆောင်၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်းအပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိနှင့် ထောင်ဝင်စာတွေ့ဆုံသည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် ယခင်အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်း စစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာစောင် ၇၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရှမ်းရိုးမဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ မရှိနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။
▪️ ထိုသို့စစ်ဆေးရာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေနှင့် အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွားများအား အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
HAIKOU, အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) -- တရုတ်နိုင်ငံ၏ ရှိရှာ (Xisha) ကျွန်းစု အနီး တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းဒဏ်ကြောင့် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပြီး စက်ချို့ ယွင်းမှုဖြစ်ပွားခဲ့သော သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၁၀ ဦးလုံးကို တရုတ်နိုင်ငံက အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ စန်းရှား (Sansha) ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာ ၏ ကြာသပတေးနေ့ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့တွင်၊ တရုတ်နိုင်ငံ တောင်ဘက်စွန်းရှိ ဟိုင်နန် (Hainan) ပြည်နယ် စန်းရှားမြို့ရှိ ယုန်ရှင်း (Yongxing) ကျွန်း ၏ အရှေ့တောင်ဘက် ၂၀၃ ကီလိုမီတာခန့်အကွာတွင် မြန်မာသင်္ဘောသား ၁၀ ဦးကို တင်ဆောင်လာသည့် သင်္ဘောတစ်စီး ပဲ့ကိုင်ဂီယာ စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ထိန်းချုပ်မရဘဲ မျောပါနေကြောင်း စင်တာသို့ သတင်းကိုရရှိခဲ့သည်။
ယခုနှစ်၏ ၂၀ခုမြောက် မုန်တိုင်း ဖြစ်သော ဘူအာလွိုင် (Bualoi) တိုင်ဖွန်းမုန်တိုင်း သည် ၎င်းတို့ရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသဖြင့် သင်္ဘောသားများ ချက်ချင်း အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် စင်တာမှ ချက်ချင်း အရေးပေါ် တုံ့ပြန်မှုစနစ် (emergency response) ကို ဖွင့်လှစ်ကာ ကယ်ဆယ်ရေး သင်္ဘောတစ်စီးကို စေလွှတ်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ကယ်ဆယ်ရေးသင်္ဘောသည် ရှိရှာကျွန်းစုအနီးရှိ အခက်အခဲကြုံတွေ့နေရသော သင်္ဘောအနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် မုန်တိုင်းချဉ်းကပ်လာမှု ကြောင့် ဆွဲယူခြင်း (towing) သည် မဖြစ်နိုင်သေး၍ စင်တာမှ သင်္ဘောသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ပြီး သင်္ဘောသား ၁၀ ဦးလုံးကို ထိုနေ့တွင်ပင် ကယ်ဆယ်ရေးသင်္ဘောသို့ ပြောင်းရွှေ့ပေးခဲ့သည်။
မုန်တိုင်းကင်းစင်သွားပြီးနောက် စင်တာမှ လျှပ်စစ်ဓာတ်အားနှင့် လျှပ်စစ်စနစ်များ ရပ်သွားသောကြောင့် အဆက်အသွယ်ပြတ်တောက်နေသည့် ချို့ယွင်းသင်္ဘောကို ရဟတ်ယာဉ်များနှင့် ဂြိုလ်တုများဖြင့် ရှာဖွေခဲ့သည်။ ၃၆ နာရီကြာ ရှာဖွေမှုများအပြီး စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် မျောပါနေသည့် သင်္ဘောကို ယုန်ရှင်းကျွန်းအနီး ရေပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
စက်တင်ဘာ ၂၉ ရက်နေ့တွင် သင်္ဘောသားများကို ၎င်းတို့၏သင်္ဘောသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး တရုတ်ကယ်ဆယ်ရေးသင်္ဘောမှ ဆွဲယူခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ အခက်အခဲကြုံတွေ့ခဲ့ရသော သင်္ဘောကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဘောပိုင်ရှင်၏ ဆွဲသင်္ဘောသို့ လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့ ကြာသပတေးနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်း၏ ခရီးပန်းတိုင်ဖြစ်သော ဗီယက်နမ်နိုင်ငံ ဒါနန်း (Da Nang) ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ကြောင်း စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
စန်းရှား ပင်လယ်ပြင် ဘေးကင်းရေး အုပ်ချုပ်ရေးအဖွဲ့ ၏ ပြောကြားချက်အရ ဤကယ် ဆယ်ရေးစစ်ဆင်ရေးသည် သင်္ဘောသားများ၏ အသက်များကို ကာကွယ်ပေးနိုင်ခဲ့သလို ဖြစ်ပေါ် လာနိုင်သည့် ပင်လယ်ပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုလည်း တားဆီးနိုင်ခဲ့သည်ဟုဆိုသည်။ မကြာသေး မီနှစ်များအတွင်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၌ ၎င်း၏ ပင်လယ်ပြင်နှင့် လေကြောင်း အရေးပေါ် တုံ့ပြန်မှုစနစ် ကို စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိပြီး အမျိုးမျိုးသော နိုင်ငံများမှ သင်္ဘောများ အတွက် စိတ်ချရသော အထောက်အပံ့များကို ပေးစွမ်းလျက်ရှိကြောင်းလည်းသိရသည်။
Source: Xinhua Myanmar
#Local_News
Published 03 October 2025
▪️ ကုန်သွယ်ရေးလိုငွေပြမှု မဖြစ်ပေါ်စေရေးအတွက် ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။
▪️ ယမန်နေ့က ကျင်းပသည့်ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များပူးပေါင်း၍ ပြည်ပဈေးကွက်ကို ပိုမိုရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွား ပိုမိုဖွံ့ဖြိုးရေးကို ရှေးရှူဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
▪️ ထို့ပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရေးကိစ္စရပ်များ၊ စက်သုံးဆီ/စားသုံးဆီ ဖြန့်ဖြူးမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
#YMG/SW #Yangon_Times
Page 35 of 2220