အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ ယခုလအတွင်း မြန်မာအလုပ်သမား ၃၆၀ နီးပါးစေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ် ။
#Local_News
Published 24 July 2026
#ကိုရီးယားသမ္မတနိုင်ငံ #POEA
#YMG/NN #Yangon_Times
တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သား ၂,၃၉၇ ဦးအနေဖြင့် ကျန်ရှိနေတဲ့ အာမခံငွေများကို ထုတ်ယူနိုင်တယ်လို့ HRD Korea ကအသိပေးကြေညာထားပါတယ်။
#Local_News
Published 24 July 2026
#EPS #တောင်ကိုရီးယားနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 24 July 2026
၁။ MSME လုပ်ငန်းရှင်များအတွက် ဒီဂျစ်တယ်ချေးငွေလျှောက်ထားစနစ် ဖော်ဆောင်မည်
၂။ ကိုရီးယားသမ္မတနိုင်ငံသို့ ယခုလအတွင်း မြန်မာအလုပ်သမား (၃၆၀) နီးပါးစေလွှတ်ထား
၃။ EPS လုပ်သား(၂,၃၉၇)ဦးအတွက် ကျန်ရှိအာမခံငွေထုတ်ယူနိုင်ကြောင်းကြေညာ
၄။ Embodied AIစက်ရုပ်နည်းပညာအသုံးပြု၍ တရုတ်စက်မှုလုပ်ငန်းသုံးစက်ရုပ်များထုတ်လုပ်မှုအရှိန်မြှင့်တင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 July 2026
■ မန္တလေး - မြစ်ကြီးနားရထားလမ်းပိုင်း နန်းခွင် - ဟိုပင်ဘူတာအကြား မြန်မာ့မီးရထားပိုင် ရထားသံလမ်းထိန်းကလစ်များခိုးယူဖျက်ဆီးမှုကြောင့် ရထားလမ်းလုံခြုံရေးကင်းလှည့်ရထား. လမ်းချော်ကျမှုဖြစ်ပွား၍ ယာယီပိတ်ထားသည့် နန်းခွင် - ဟိုပင်ဘူတာအကြားလမ်းပိုင်းပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
■ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်တွင် မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ဟိုပင်မြို့နယ် နန်းခွင် ဘူတာမှ ထွက်ခွာလာသော ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နန်းခွင်နှင့်ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားသို့ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရသည်။
■ ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေရာ၌ သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့်နှင့် ၎င်းနေရာအနီးရှိ မိုင်တိုင်အမှတ် ၆၅၃/၁၈- ၂၀ ကြားနေရာ၌ သံလမ်း(၃)ဆက်ပေ(၁၂၀)ခန့် စုစုပေါင်းပေ(၂၄၀)ခန့်အတွင်း သံလမ်းထိန်းကလစ် (၄၀၈)ခု ဖြုတ်ယူထားကြောင်းစစ်ဆေးတွေ့ရှိရပြီး သံလမ်းထိန်း ကလစ်များ ဖြုတ်ယူခံရမှုကြောင့် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများ ‘မ’တင်ခြင်းနှင့် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့သည့်အတွက် ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ကြောင်း သိရသည်။
■ အဆိုပါလုပ်ရပ်သည် ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏လုပ်ရပ်အားတွေ့ရှိပါက ရထားမတော်တဆမှုများ ကာကွယ်နိုင်ရန် သက်ဆိုင်ရာသို့အချိန်မီအကြောင်းကြားသွားရန်လိုအပ်သည်။
■ ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆိုဆွဲထုတ်ဖယ်ရှားခြင်း၊ ဖြေလျှော့ခြင်း၊ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ကြောင်း သိရသည်။
■ ယခု ရထားသံလမ်းထိန်းကလစ်များ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်နိုင်ရေး ဟိုပင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ရရှိပါက ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 July 2026
■ လာမည့် ဇူလိုင် ၂၅ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည့် Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲ၊ အုပ်စုအဆင့် မြန်မာအသင်းနှင့်မလေးရှားအသင်း ယှဉ်ပြိုင်မှုတိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
■ Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု(B)ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မလေးရှားအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 July 2026
■ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ "ဇာနန်းလှ" က မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး) "ရဋ္ဌနန္ဒက" သည် လက်ရှိ အသက်(၄)နှစ်အရွယ်တွင် ကျန်းမာသန်စွမ်းစွာ ကြီးထွားလျက်ရှိကြောင်း သိရသည်။
■ အဆိုပါ ဆင်ဖြူတော်လေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ မွေးဖွားစဉ်က အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိခဲ့ကြောင်းသိရသည်။
■ "ရဋ္ဌနန္ဒက" သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ (၈)ချက်အနက် (၇)ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်ဖြစ်ပြီး မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ရှေ့ခြေသည်း (၅)ခုစီနှင့် နောက်ခြေသည်း (၄)ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့မှာထင်ရှားသည့် လက္ခဏာများဖြစ်ကြောင်းသိရသည်။
■ လက်ရှိတွင် "ရဋ္ဌနန္ဒက" သည် အရပ်အမြင့် ၅ ပေ ၆ လက်မ၊ ကိုယ်လုံးလုံးပတ် ၈ ပေ ၂ လက်မနှင့် ကိုယ်အလေးချိန် ၁,၇၇၅ ပေါင်အထိ ရှိလာပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိကြောင်း သိရသည်။
■ ထို့ပြင် "ရဋ္ဌနန္ဒက" သည် ငယ်စဉ်ကတည်းက လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ဖြစ်ပြီး လူနှင့်ဆင်အကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်နိုင်စေရန် "Peace Human and Elephant Interaction Training" စနစ်ဖြင့်ဆက်လက်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 July 2026
■ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ Jiegao International Jade & Jewelry Trade Center တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
■ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။
■ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ Jiegao International Jade & Jewelry Trade Center တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာများကို ပြသရောင်းချခြင်းနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
■ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် Jincheng Dihai Hotel တွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့် ကိုယ်စားလှယ်အဖွဲ့အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 33 of 2477