ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်မှာ အမှတ်(၇၃)အဆန်နဲ့ အမှတ်(၇၄)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများကို ဇူလိုင် ၃၁ ရက်မှ စတင်တိုးချဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2026
#ရန်ကုန်_ပြည်_ရန်ကုန် #DEMU
#YMG/SW #Yangon_Times
#Daily_News
Published 25 July 2026
၁။ ပိုးသတ်ဆေး(၂)မျိုးကိုသုံးစွဲမှု (၂)နှစ်ပိတ်ပင်
၂။ မြန်မာ့ကောက်ညှင်းဆန်တရုတ်အပါအဝင်အာရှနှင့်ဥရောပနိုင်ငံများဝယ်လိုအားဆက်လက်ကောင်းနေ
၃။ ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ်တွင် ခေတ်မီ DEMU လူစီးအမြန်ရထားများ ဇူလိုင် ၃၁ ရက်မှစတင်ပြေးဆွဲမည်
၄။ ကုန်ကျစရိတ်လျှော့ချရန်လိုအပ်သည့်ဗောက်စ်ဝက်ဂန်ကားကုမ္ပဏီ အလုပ်နေရာပေါင်း(၅)သောင်းကျော်လျှော့ချဖွယ်ရှိသည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 July 2026
■ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်း ကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ သုံးနှစ်ပြည့်အထိမ်းအမှတ် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
■ အခမ်းအနားများသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
■ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်ပြီး ရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်ပူဇော်ကြသည်။
■ ထို့နောက် “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ဒေဝနိမန္တနစာတမ်းဖတ်ကြား၍ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ သရဏဂုံသုံးပါးနှင့် မေတ္တာပို့လင်္ကာများ ရွတ်ဆိုခြင်း၊ မေတ္တာဘာဝနာပွားများခြင်းတို့ ဆောင်ရွက်ကြပြီး နိုင်ငံတော်သမ္မတက ရွှေကြာ သင်္ကန်းတော်ကို ရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ကပ်လှူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
■ ထို့အပြင်အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် နိုင်ငံတော်သမ္မတက မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်သည်။
■ နိုင်ငံတော်သမ္မတနှင့်ဇနီးအပါအဝင် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးများ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်းသတင်းရရှိသည်။
#Local_News
Published 25 July 2026
■ မလေးရှားနိုင်ငံ ၌ ကျင်းပသည့်(Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.)၌ မြန်မာအားကစားသမား ငွေတံဆိပ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
■ Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock. ဇူလိုင် ၂၅ ရက်နေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ ပြိုင်ပွဲဝင် မြင်းစီးအားစားသမား ပိုးပိုးဟန် ဒုတိယဆု (ငွေတံဆိပ်) ရရှိခဲ့ခြင်းဖြစ်သည်။
■ မလေးရှားနိုင်ငံ Kuala Lumpur Polo Club ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး -၂ ဦးချမ်းမြေ့ဝင်း ဦးစီး ၊ နည်းပြ ဒေါ်အိသက်မွန်၊ လက်ထောက်နည်းပြ ဦးအောင်သူထွန်း၊ အလုပ်အမှုဆောင် ဦးရဲသီဟ နှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ ပြိုင်ပွဲဝင် မြင်းစီးအားစားသမား ပိုးပိုးဟန် တို့သည် ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။
■ ဇူလိုင်၂၄ ရက်နေ့တွင် ပြိုင်ပွဲနှင့်ပတ်သက်သည့် Technical Briefing အား တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်မြင်းများအား Borrowed Horse စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မဲနှိုက်ခဲ့ရာတွင် မြန်မာအသင်းမှ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမား ပိုးပိုးဟန်သည် မြင်းအမည် Utars VD Langvroot Z အား စီးနင်း၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
■ ဇူလိုင်၂၅ ရက်နေ့တွင် ကျင်းပသည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.) ပြိုင်ပွဲသို့ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ မွန်ဂိုးလီးယား၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ကိုရီးယား၊ အိုမန်၊ ဥဘက္ကစ္စတန်၊ကမ္ဘောဒီးယား နိုင်ငံ စုစုပေါင်း (၁၄) နိုင်ငံမှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား (၁၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် က ဒုတိယဆု (ငွေတံဆိပ်) ကို ရရှိခဲ့ကြောင်းသိရသည်။
■ အဆိုပါပြိုင်ပွဲတွင် ပထမ - တရုတ်နိုင်ငံ၊ ဒုတိယ- မြန်မာနိုင်ငံ ၊ တတိယ- စင်္ကာပူနိုင်ငံ တို့မှ အသီးသီးဆွတ်ခူးရရှိခဲ့ပါကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 July 2026
■ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယနေ့ကျင်းပပြုလုပ်မည့်AFF Championship Hyundai Cup 2026 ပြိုင်ပွဲ၌ မလေးအသင်းအား တိုက်စစ်စင် ကစားနိုင်ပါကအနိုင်ရနိုင်ဟု မြန်မာအသင်း နည်းပြချုပ်Jørn Andersen ကပြောသည်။
■ ယမန်နေ့ ကရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ကြီးမှူးကျင်းပသည့် AFF Championship Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သော မြန်မာအမျိုးသားလက်ရွေးစင်အသင်းနှင့် မလေးရှားအမျိုးသားလက်ရွေးစင်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ (Pre-Match Press Conference) ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ် Jørn Andersen နှင့် အသင်းခေါင်းဆောင်နန္ဒကျော်တို့ တက်ရောက်ခဲ့ကြပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို အသီးသီးပြန်လည်ဖြေကြားခဲ့ကြသည်။
■ မြန်မာအသင်း နည်းပြချုပ် Jørn Andersen က "ကျွန်တော်တို့ ဒီပြိုင်ပွဲအတွက် အတူတကွ အကောင်းဆုံး ပြင်ဆင်ကြိုးစားခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ ကျွန်တော်တို့ရဲ့ ပထမဆုံးပွဲစဉ်ကို စတင်ရတော့မှာဖြစ်ပြီး အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့အတွက် အနိုင်ရရှိချင်ပါတယ်။ ဒါက ကျွန်တော်တို့ သွားမယ့် လမ်းကြောင်းပါပဲ။""ဒီအုပ်စုထဲမှာရှိတဲ့ မလေးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ဟာ မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားတာကြောင့် ခက်ခဲမယ်ဆိုတာ သိပါတယ်။ သူတို့မှာ အရည်အသွေးရှိတယ်ဆိုတာ သိပေမဲ့ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့ရဲ့ တိုက်စစ်စတိုင်နဲ့သာ ဖိအားပေးကစားနိုင်ရင် အခွင့်အရေး ရရှိနိုင်မှာပါ။ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပြီး သူတို့အနေနဲ့ ကျွန်တော်တို့ကို တစ်ခဲနက် အားပေးကာ အနိုင်ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ဆိုသည်။
■ အဆိုပါ အုပ်စုအတွင်းရှီ မလေးရှား၊ ထိုင်းနှင့်ဖိလစ်ပိုင်တို့သည် မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားတာကြောင့် ခက်ခဲနိုင်သော်လည်း တိုက်စစ်စတိုင်ဖြင့်သာ ဖိအားပေးကစားနိုင်ပါကအခွင့်အရေးရရှိနိုင်ရန်မျှော်လင့်ထားကြောင်း ၎င်းကဆက်ပြောသည်။
■ ယင်းအပြင် အသင်းခေါင်းဆောင်နန္ဒကျော်က "မနက်ဖြန်ပွဲစဉ်အတွက် အစစအရာရာ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အိမ်ကွင်းပွဲစဉ်လည်း ဖြစ်တာကြောင့် အသင်းနဲ့ ပရိသတ်တွေအတွက် နိုင်ပွဲရရှိအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ အဓိကကတော့ ကစားသမားတွေ စုစည်းလေ့ကျင့်စဉ် ကာလအတွင်း နည်းပြစနစ်တကျ ပြင်ဆင်ပေးမှုတွေနဲ့အတူ အသင်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ ပရောဖက်ရှင်နယ်စိတ်ဓာတ်တွေ ပိုမိုတိုးတက်လာခဲ့ပါတယ်။ နည်းပြရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပွဲချိန်အတွင်း အကောင်းဆုံးကစားပြနိုင်ဖို့ ကစားသမားတွေဘက်က အပြည့်အဝပြင်ဆင်ထားပါတယ်"ဟုဆိုသည်။
■ Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု(B)ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မလေးရှားအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Rice Export Zone (REZ) စီမံကိန်း၌ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့အရည်အသွေးမြင့်ဆန်တွေ ထုတ်လုပ်ဖို့ရည်ရွယ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်းက ပြောပါတယ်။
#Local_News
Published 24 July 2026
#Rice Export Zone
#YMG/NN #Yangon_Times
MSME လုပ်ငန်းရှင်တွေအတွက် ချေးငွေလျှောက်ထားမှုကို ပိုမိုလွယ်ကူမြန်ဆန်စေမယ့် MSME Digital Lending Application တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စက်မှုနှင့် MSME ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 24 July 2026
#MSME # ဒီဂျစ်တယ်ချေးငွေ
#YMG/SW #Yangon_Times
Page 32 of 2477