NAY Pyi TAw, Sept 16-
A U.S. delegation arrived in Naypyitaw on the evening of Sept. 15 and departed the Myanmar capital the following evening after a visit lasting about one day, according to information posted on a Facebook account under the name “Kyaw Min.”
The identities of the delegation members, the individuals or officials they met in Naypyitaw, and the subjects discussed during the visit could not be independently verified based on information currently available.
Flight records indicate that the delegation traveled aboard a United States Air Force (USAF) Beech C-12D Huron aircraft bearing registration number 83-0498. The aircraft operated under the flight callsign “SPAR14,” according to aviation tracking records.
On Sept. 16, the aircraft departed Naypyitaw International Airport (NYT) and flew to Don Mueang International Airport (DMK) in Bangkok, Thailand, flight-tracking data showed.
Details concerning the visit were also reported on the Facebook account “Kyaw Min.” However, no official statement or independently verifiable information regarding the composition of the U.S. delegation, the purpose of the visit, the officials or individuals involved in the meetings, or the substance of the discussions was available at the time of publication.
“SPAR” callsigns are associated with U.S. military flights and have been used for missions involving the transportation of senior officials and congressional delegations. However, the use of the “SPAR14” callsign alone does not establish the identities or positions of the passengers aboard the aircraft.


နေပြည်တော် စက်တင်ဘာ ၁၆၊
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး တစ်ရက်ခန့်ကြာမြင့်သည့် ခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ သို့သော် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူများ ပါဝင်ခဲ့သည်၊ နေပြည်တော်၌ မည်သူများနှင့် တွေ့ဆုံခဲ့သည်နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်တို့ကို လက်ရှိရရှိထားသည့် အချက်အလက်များအရ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ Kyaw Minဆိုငသည့်ဖေ့စ်ဘုတ်ခ်အကောင့်တွင်ဖော်ပြထားခြင်းဖြစ်သည်။
ခရီးစဉ်အတွက် အမေရိကန်လေတပ် (United States Air Force) ၏ Beech C-12D Huron အမျိုးအစား လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပြီး လေယာဉ်မှတ်ပုံတင်အမှတ်မှာ 83-0498 ဖြစ်ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါလေယာဉ်သည် ပျံသန်းရာတွင် “SPAR14” Call Sign ကို အသုံးပြုထားကြောင်းလည်း မှတ်တမ်းများအရ သိရသည်။
စက်တင်ဘာ ၁၆ ရက်တွင် အဆိုပါလေယာဉ်သည် နေပြည်တော်လေဆိပ် (NYT) မှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DMK) သို့ ပျံသန်းခဲ့ကြောင်း ပျံသန်းမှုခြေရာခံမှတ်တမ်းတွင် ဖော်ပြထားသည်။
ယခုခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံ၊ ခရီးစဉ်ရည်ရွယ်ချက်၊ တွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုနိုင်သည့် တရားဝင်သတင်းထုတ်ပြန်ချက် သို့မဟုတ် သီးခြားအတည်ပြုနိုင်သည့် အချက်အလက်များကို လက်ရှိအချိန်အထိ မရရှိသေးပေ။
SPAR14 ဆိုသည်မှာ အမေရိကန် လေတပ် (USAF) က အဆင့်မြင့်အရာရှိကြီးများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည့် စစ်ဘက်ဆိုင်ရာ လေယာဉ်ခေါ်ဆိုမှုအမှတ်အသား (Flight Callsign) တစ်ခု ဖြစ်ကြောင်းသိရသည်။


#Local_News
Published 16 September 2026
■ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံ၌ ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
■ အဆိုပါပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
■ သီတဂူဆရာတော်ကြီးက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် နီပေါနိုင်ငံသားများအား ကူညီထောက်ပံ့နိုင်စေခြင်းအကျိုးငှာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
■ ယင်းနောက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက လက်ခံရယူခဲ့သည်။
■ သံအမတ်ကြီးက မိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအစိုးရ၏ ကရုဏာထား လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ယင်းအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဆရာတော်ကြီးမှလည်း ယခုကဲ့သို့ မေတ္တာကရုဏာထားပြီး စောင့်ရှောက်လှူဒါန်းမှုပြုလုပ်ပေးသည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
ပေကျင်း၊ စက်တင်ဘာ ၁၆
■ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ အမှတ် (၄၈) သင်္ဘောစောင့်ကြပ်ရေးတပ်ဖွဲ့ သင်္ဘောအုပ်စု သည် အေဒင်ပင်လယ်ကွေ့၌ တာဝန်ထမ်းဆောင်မှုများ ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ အပြန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကိုကိုးကး၍ ဆင်ဟွာ သတင်းတွင်ရေးသားသည်။
■ တရုတ်ရေတပ်တပ်ဖွဲ့သည် မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့သို့လည်း သွားရောက်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
■ မြန်မာနိုင်ငံသို့ လာရောက်စဉ် တရုတ်ရေတပ်နှင့် မြန်မာဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ကျွမ်းကျင်မှုဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရေတပ်သင်္ဘောများကို အများပြည်သူ လေ့လာကြည့်ရှုနိုင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
■ သို့သော် မြန်မာနိုင်ငံသို့ ရောက်ရှိမည့်ရက်၊ ဆိုက်ကပ်မည့်ဆိပ်ကမ်းနှင့် ခရီးစဉ်ကြာမြင့်ချိန်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသေးပေ။
■ အဆိုပါခရီးစဉ်များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုတို့ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ကြောင်း ကျန်းပင်က ပြောသည်။
■ အိမ်နီးချင်းနိုင်ငံများနှင့် မျှဝေအနာဂတ်အသိုက်အဝန်း တည်ဆောက်ရေးကိုလည်း အထောက်အကူပြုမည်ဟု ၎င်းက ဆိုသည်။
■ မြန်မာနိုင်ငံသို့ လာရောက်မည့် အမှတ် (၄၈) သင်္ဘောစောင့်ကြပ်ရေးတပ်ဖွဲ့တွင် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Tangshan၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော Daqing နှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော Taihu တို့ ပါဝင်သည်။
■ အဆိုပါ ရေတပ်သင်္ဘောသုံးစင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်၌ သင်္ဘောစောင့်ကြပ်ရေးတာဝန်များ ထမ်းဆောင်ရန် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
■ တရုတ် PLA ရေတပ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်တို့၌ သင်္ဘောစောင့်ကြပ်ရေးတာဝန်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ဆောင်ရွက်လာခဲ့သည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
ရန်ကုန်၊ စက်တင်ဘာ ၁၆
■ မြန်မာနိုင်ငံသည် လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံသား ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုသည့် စမ်းသပ်အစီအစဉ်ကို တတိယအကြိမ်အဖြစ် တစ်နှစ်ထပ်မံတိုးမြှင့်လိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။
■ အစီအစဉ်သက်တမ်းတိုးကာလသည် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်မှ ၂၀၂၇ ခုနှစ် ဩဂုတ် ၂၉ ရက်အထိ တစ်နှစ်ကြာ အကျုံးဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံခြားခရီးသွား ၇၀၁,၁၄၁ ဦး ဝင်ရောက်ခဲ့ပြီး ယင်းကာလအတွင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ လာရောက်သူ အများဆုံးဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
■ ယမန်နှစ် အလားတူကာလတွင် နိုင်ငံခြားခရီးသွား ၆၅၃,၉၅၂ ဦး ဝင်ရောက်ခဲ့သဖြင့် ယခုနှစ် ပထမရှစ်လအတွင်း ခရီးသွားဝင်ရောက်မှုသည် ယမန်နှစ်ထက် ၄၇,၁၈၉ ဦး၊ ခန့်မှန်းအားဖြင့် ၇.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။
■ တရုတ်နှင့် အိန္ဒိယခရီးသွားများအတွက် လေကြောင်းမှတစ်ဆင့် ဆိုက်ရောက်ဗီဇာခွင့်ပြုမှုကို တစ်နှစ်ထပ်မံသက်တမ်းတိုးခြင်းသည် အဆိုပါနှစ်နိုင်ငံမှ ခရီးသွားများအနေဖြင့် ၂၀၂၇ ခုနှစ် ဩဂုတ် ၂၉ ရက်အထိ ယင်းအစီအစဉ်အောက်တွင် မြန်မာနိုင်ငံသို့ လာရောက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
#YMG #Yangon_Times #Yangon_Media_Group
Rice Export Zoneရှိ စိုက်ဧက တစ်သိန်း၌အပင်များအခြေအနေ၊ ရိတ်သိမ်းမှု အခြေအနေများကို စိစစ်ခြင်းအတွက် ဂြိုလ်တုမှထောက်လှမ်းအသုံးပြုတဲ့ စနစ်ဖြင့် စတင်ဆောင်ရွက်မယ့်အစီအစဉ်ကို Satellite-Based Monitoring Service for Rice Export Zone (Project Consortium) အဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 15 September 2026
#Rice_Export_Zone #ဂြိုလ်တု
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို ပူးပေါင်းဆောင်ရွက်တဲ့ မိသားစုပြန်လည်ဆက်သွယ်ပေးရေး အခြေခံသင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 15 September 2026
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #တောင်ကြီးမြို့
#YMG/SW #Yangon_Times
Page 32 of 2526