#Local_News
Published 16 September 2026
■ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံ၌ ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
■ အဆိုပါပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
■ သီတဂူဆရာတော်ကြီးက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် နီပေါနိုင်ငံသားများအား ကူညီထောက်ပံ့နိုင်စေခြင်းအကျိုးငှာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
■ ယင်းနောက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက လက်ခံရယူခဲ့သည်။
■ သံအမတ်ကြီးက မိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအစိုးရ၏ ကရုဏာထား လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ယင်းအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဆရာတော်ကြီးမှလည်း ယခုကဲ့သို့ မေတ္တာကရုဏာထားပြီး စောင့်ရှောက်လှူဒါန်းမှုပြုလုပ်ပေးသည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times