#Local_News
ရန်ကုန်၊ စက်တင်ဘာ ၁၆

■ မြန်မာနိုင်ငံသည် လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံသား ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုသည့် စမ်းသပ်အစီအစဉ်ကို တတိယအကြိမ်အဖြစ် တစ်နှစ်ထပ်မံတိုးမြှင့်လိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

■ အစီအစဉ်သက်တမ်းတိုးကာလသည် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်မှ ၂၀၂၇ ခုနှစ် ဩဂုတ် ၂၉ ရက်အထိ တစ်နှစ်ကြာ အကျုံးဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

■ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံခြားခရီးသွား ၇၀၁,၁၄၁ ဦး ဝင်ရောက်ခဲ့ပြီး ယင်းကာလအတွင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ လာရောက်သူ အများဆုံးဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

■ ယမန်နှစ် အလားတူကာလတွင် နိုင်ငံခြားခရီးသွား ၆၅၃,၉၅၂ ဦး ဝင်ရောက်ခဲ့သဖြင့် ယခုနှစ် ပထမရှစ်လအတွင်း ခရီးသွားဝင်ရောက်မှုသည် ယမန်နှစ်ထက် ၄၇,၁၈၉ ဦး၊ ခန့်မှန်းအားဖြင့် ၇.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။

■ တရုတ်နှင့် အိန္ဒိယခရီးသွားများအတွက် လေကြောင်းမှတစ်ဆင့် ဆိုက်ရောက်ဗီဇာခွင့်ပြုမှုကို တစ်နှစ်ထပ်မံသက်တမ်းတိုးခြင်းသည် အဆိုပါနှစ်နိုင်ငံမှ ခရီးသွားများအနေဖြင့် ၂၀၂၇ ခုနှစ် ဩဂုတ် ၂၉ ရက်အထိ ယင်းအစီအစဉ်အောက်တွင် မြန်မာနိုင်ငံသို့ လာရောက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

#YMG #Yangon_Times #Yangon_Media_Group