ရန်ကုန်မြို့တွင်းရှိ ဈေးများအတွင်းနဲ့ ဈေးပြင်ပသန့်ရှင်းသာယာသပ်ရပ်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနဲ့ ဈေးအတွင်းရောင်းချတဲ့ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးတိံကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားဖို့ ရန်ကုန်မြိုတော်ဝန် ဦးမျိုးမြင့်အောင်က မှာကြားခဲ့ပါတယ်။
#Local_News
Published 05 September 2026
#ဈေး
#YMG/SW #Yangon_Times
#Daily_News
Published 05 September 2026
၁။ ငလျင်ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး မွေးမြူရေးနည်းပညာသင်တန်းပြုလုပ်
၂။ သတ်မှတ်အခြေခံရည်ညွှန်းဈေးဖြင့် ဆန်ပုံမှန်ရောင်းချရန် ဆန်စပါးကုန်စည်ဒိုင်များနှင့်လက်လီ၊လက်ကားဆိုင်များကိုမေတ္တာရပ်ခံ
၃။ ဈေးတွင်း/ဈေးပြင် သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မြိုတော်ဝန်မှာကြား
၄။ တရုတ်သမ္မတရှီကျင့်ဖျင် အီဂျစ်နိုင်ငံသို့ခရီးစဉ်သွားရောက်ကာအီဂျစ်သမ္မတနှင့်တွေ့ဆုံဆွေးနွေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် နှင့် စက်တင်ဘာ ၅ ရက်၊ မွန်းလွဲပိုင်းက ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
■ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
■ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမစတင်မီနိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
#Local_News
Published 05 September 2026
■ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က စုစုပေါင်း ၃၃၀၈၄ ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
■ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)က ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အလုပ်အကိုင် ၄၂ မျိုးတွင် ကျွမ်းကျင်မှုအဆင့် (၁) ၂၉၉၀၈ ဦး၊ အဆင့် (၂) ၃၁၅၁ ဦးနှင့် အဆင့် (၃) ၂၅ ဦး စုစုပေါင်း ၃၃၀၈၄ ဦးတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။
■ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ကျင်းပပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း အလုပ်အကိုင်လေးမျိုးအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ ၂၂၇ ဦး၊ စစ်ဆေးအကဲဖြတ်သူနှစ်ဦးနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနနှစ်ခုတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
■ ထို့ပြင် အဆိုပါခန်းမ၌ကျင်းပသည့် လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
■ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးကြရန်၊ ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်းဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
■ အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသော အလုပ်ရှင်/ အလုပ်သမားကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို အလုပ်သမားရေးရဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များကို ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာချန်ထန်မန်းနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
■ ယင်းနောက်တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်သမ္မတကြီးနှင့်အတူ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရှိအဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ကို ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းနဲ့ဇနီးတို့က စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် ရှေ့ရင်ပြင်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားနှင့် ကြိုဆိုခဲ့သည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ကို ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနဲ့ဇနီး တို့ကနွေးထွေးစွာကြိုဆိုပြီးနောက် ဗီယက်နမ်ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းကမ်းကာ ကြိုဆိုကြပါတယ်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းများနှင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူခဲ့ကြသည်။
■ ဆက်လက်ပြီးနောက် နိုင်ငံတော်သမ္မတနှစ်ဦးနဲ့ ဇနီးတို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး နှစ်နိုင်ငံက တာဝန်ရှိသူများနှင့်အတူ အမျိုးသားလွှတ်တော် ဧည့်ခန်းမတွင် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#Local_News
Published 05 September 2026
■ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ထွက်ခွာပါက PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှအသိပေးထားသည်။
■ သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့်အလည်အပတ်ထွက်စာရယူပြီး ပြည်ပနိုင်ငံများသို့အလည်အပတ်ထွက်ခွာခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုများ ရှိနေခြင်းကြောင့် သင်္ဘောသားအချို့မှာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင်များသို့ရောက်ရှိသွားခြင်း၊ ဌာနကခွင့်ပြုထားခြင်းမရှိသည့် ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ထို့အပြင် ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသည့် စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်းမရှိဘဲ ကြားခံကုမ္ပဏီများ၊ ပွဲစားများမှတစ်ဆင့် စေလွှတ်ခံရသည့်အတွက် သတ်မှတ်လစာနှုန်းထားများ မရရှိခြင်း၊ လစာဆုံးရှုံးခြင်းများအပြင် တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရပြီး ပြည်ပနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
■ ၎င်းအပြင် အာမခံမရှိသည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းတို့အပြင် တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် ပြဿနာများလည်းဖြစ်ပေါ်နေပြီး ထွက်ခွာခဲ့သည့် သင်္ဘောနှင့်အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောမတူညီခြင်းများကြောင့် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက် မရရှိခြင်းနှင့် သက်ဆိုင်ရာသင်တန်းများ တက်ရောက်ခွင့်မရရှိခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူထားခြင်းမရှိဘဲ ရုံးခန်းများ ဖွင့်လှစ်ကာ Social Media များမှတစ်ဆင့် လူသစ်သင်္ဘောသားများကို စုဆောင်းခေါ်ယူ၍ စေလွှတ်နေသူများအတွက် တရားမဝင်ထွက်ခွာခွင့်များ ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးအဆင့်များ လိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက် လိမ်လည်ရယူခြင်းနှင့် သက်ဆိုင်ရာရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် သင်တန်းများပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။
■ ထို့ကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘဲ ပြည်ပသို့ ထွက်ခွာလိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#YMG/NN #Yangon_Times
Page 42 of 2527