#Local_News
Published 24 Sept 2025
▪️ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP)၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ ၂၆ ရွာအား ရန်ပုံငွေပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းမှရရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာ ၂၆ ရွာကို ရွေးချယ်ပြီး ရန်ပုံငွေများပေးအပ်ခြင်းအခမ်းအနားကို ယမာန်နေ့က နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာခေါင်းဆောင်များ တက်ရောက်ကြသည်။
▪️ ပြည်ထောင်စုဝန်ကြီးက ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာဆောင်ရွက်ကြသည့် ကျေးရွာခေါင်းဆောင်များက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းတွင် ရွာသူရွာသားများ တက်တက်ကြွကြွ ပါဝင်အောင်စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်လိုကြောင်း “ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သည်” ဆိုသော ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း၏ လက်စွဲဆောင်ပုဒ်နှင့်အညီ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ကျေးရွာများအားလုံး ဖွံ့ဖြိုးတိုးတက်အောင် အတူလက်တွဲ၍ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
▪️ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဒေသများဖြစ်သည့် ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၂၆ ရွာအတွက် ရန်ပုံငွေများပေးအပ်ပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သင်တန်းထောက်ပံ့ပစ္စည်းများပေးအပ်ရာ ကျေးရွာခေါင်းဆောင်တစ်ဦးစီက လက်ခံရယူကြသည်။
▪️ ယင်းအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုရှိ ကျေးရွာ ၂၆ ရွာမှ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ပေအပ်ခြင်းဖြစ်ပြီး စီမံကိန်းကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများလျာထားအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များမရှိစေရန် ငွေစာရင်းလုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသင်တန်းကိုလည်း တစ်ပါတည်းပို့ချပေးပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာစားသောက်ကုန်လုပ်ငန်း ၁၈၀၀ နီးပါးကို တရုတ်နိုင်ငံရဲ့အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှာ မှတ်ပုံတင် လျှောက်ထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 24 September 2025
#GACC #မြန်မာစားသောက်ကုန်လုပ်ငန်း
#YMG/NN #Yangon_Times
တက္ကသိုလ်ဝင်တန်း(Grade 12)အောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 24 September 2025
#တက္ကသိုလ်ဝင်တန်း # မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
#YMG/SW #Yangon_Times
#Daily_News
Published 24 September 2025
၁။ မြန်မာလုပ်ငန်း (၁၈၀၀) နီးပါး GACC တွင် မှတ်ပုံတင်ထား
၂။ ဈေးကွက်ဝယ်လိုအားကြောင့် Hass ထောပတ်သီးများ တိုးချဲ့စိုက်ပျိုးမည်
၃။ ဆည်မြောင်းတာတမံများနှင့်မြစ် ၊ချောင်းကမ်းအနီးနေသူများအား မိုးဇလ သတိပေး
၄။ ယူနက်စ်ကို၏ STEMပညာရေးနိုင်ငံတကာတက္ကသိုလ်ကြီး ရှန်ဟိုင်း၌တရားဝင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 September 2025
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသတင်း ဖိုရမ်(World Atomic Week Forum 2025) သို့တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားကြောင်းသိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းခရီးစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်းသိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 24 September 2025
▪️ လက်ရှိဆောင်ရွက်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကြီးများသည် သက်တမ်းကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်သောကြောင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်းလျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းကပြောသည်။
ယမန်နေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)ကို လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ရတနာ၊ ဇောတိက၊ ရဲတံခွန်နှင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးလေးခုတို့မှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့်အပြင် ပြည်တွင်းသုံးအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ CNG သုံးမော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများအတွက်လည်း သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊သို့ရာတွင် အဆိုပါစီမံကိန်းကြီးများသည် သက်တမ်းကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သဖြင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်းတွင်း နှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရန် နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများအား လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
▪️ ထို့အပြင် ရေနံတွင်းသစ်များ နေရာသတ်မှတ်နိုင်ရေး တိုင်းတာရရှိခဲ့သော ဆိုက်စမစ်အချက်အလက်များ ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး၊ ပုဂ္ဂလိကရေနံတူးဖော်ခြင်းလုပ်ငန်းများအား နည်းစနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရေနံလက်ယက် တွင်းလုပ်ငန်းများအစား နည်းစနစ်ကျတွင်း (Standard Well)များ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
NAY PYI TAW, September 23, 2025 — Myanmar's acting President and Chairman of the State Security and Peace Commission, Senior General Min Aung Hlaing, is set to pay a friendly visit to the Russian Federation in the coming days. The trip comes at the invitation of Russian President Vladimir Putin.
According to a government press release, the Senior General will attend the World Atomic Week Forum - 2025, which will be held in Moscow.
During his visit, the Senior General will meet with President Putin and other Russian officials. The agenda includes discussions on strengthening and enhancing cooperation in various sectors, including diplomatic relations, trade, security, and strategic partnerships between the two governments and their peoples.
Senior General has visited Russia at least five times since 2021.
#ymg/knl
Page 46 of 2220