ရန်ကုန်မြစ်အတွင်း ဇူလိုင်လ (၁၄) ရက်နေ့ကနေ (၁၈) ရက်အထိ ကာလအတွင်း သာမန်ထက်ထူးကဲသော ဒီရေတက်နိုင်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 09 July 2026
#ရန်ကုန်မြစ် #ဒီရေ
#YMG/NN #Yangon_Times
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲပြသနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 09 July 2026
#ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် #အာဇာနည်နေ့
#YMG/SW #Yangon_Times
#Daily_News
Published 09 July 2026
၁။ နိုင်ငံအဝှမ်း၌ ဆန်စပါးသိုလှောင်ရုံ (၅၈၀၀)နီးပါး မှတ်ပုံတင်ထား
၂။ စားအုန်းဆီခွဲတမ်းလျှော့ချလိုက်တာကြောင့် ပြင်ပပေါက်ဈေးတစ်ပိသာကိုကျပ်(၁၈၀၀၀)အထိဖြစ်လာ
၃။ ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်၍ မြစ်ကမ်းနားနေ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန်အသိပေး
၄။ နိုင်ငံတကာခရီးသွားဧည့်သည်များQRကုဒ်ဖြင့်လှမ်းပြီးငွေပေးချေနိုင်သောစနစ် ထိုင်းနိုင်ငံစတင်မိတ်ဆက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 09 July 2026
■ ခရီးသည်တင်ယာဉ်(၂)စီးအား ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူခဲ့ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
■ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ကို နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် စီမံဆောင်ရွက်ပေးထားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ အကျိုးခံစားခွင့်ရရှိစေရေး YBS ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ ပြေးဆွဲရန်နှင့်ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
■ ထိုကဲ့သို့ ညွှန်ကြားထားသော်လည်း YBS(၆၅) ယာဉ်လိုင်းတံဆိပ် တပ်ဆင်ထားသော ယာဉ်အမှတ် (2I-2957) မော်တော်ယာဉ်သည် YBS ယာဉ်လိုင်းတွင် အမှန်တကယ် ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြို့နယ် ရွာသာကြီး အကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိခြင်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အား ယာဉ်အမှတ်(6F-3682)သို့ တရားမဝင် ရောင်းချခြင်းများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ တိုင်ကြားလာသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သွားရောက်စစ်ဆေးခဲ့ရာတွင် အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အမှတ်(2I-2957)နှင့် (6F-3682) ခရီးသည်တင်ယာဉ်(၂)စီးအား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဓာတ်မြေဩဇာတင်သွင်းမှုများအပေါ်ကောက်ခံလျက်ရှိတဲ့ အခွန်တွေကို ဇူလိုင်လအတွင်း တစ်လတာ ထပ်မံကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 08 July 2026
#ဒီဇယ်ဆီ_LNG_ဓာတ်မြေဩဇာ
#YMG/SW #Yangon_Times
မိုးစပါးရာသီ ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် Rice Export Zone – REZဧက(၃)သိန်းခွဲအတွက် ကုမ္ပဏီများမှစိုက်ပျိုးထုတ်လုပ်မှုချေးငွေများ စတင်ထုတ်ပေးလျက်ရှိရာ တစ်ဧကလျှင်(၇)သိန်းခွဲကျပ်အထိ ထုတ်ချေးပေးနေတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေသိရပါတယ်။
#Local_News
Published 08 July 2026
#Rice_Export_Zone
#YMG/NN #Yangon_Times
ဈေးကွက်တွင်းရောင်းချနေတဲ့ပိုးသတ်ဆေးစုစုပေါင်း (၄,၆၇၀) မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့ ယမန်နေ့ကနေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲရဲ့ (၄၈) ကြိမ်မြောက်အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 08 July 2026
#ပိုးသတ်ဆေး
#YMG/SW #Yangon_Times
Page 48 of 2477