မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို အခုလနှောင်းပိုင်းမှာရန်ကုန်မြို့ရှိသိမ်ဖြူအားကစားကွင်းမှာကျင်းပသွားမယ်လို့ စက်တင်ဘာ(၂၄)ရက်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝန်းမှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲက သိရပါတယ်။
#Local_News
Published 25 September 2025
#မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး #သိမ်ဖြူကွင်း
#YMG/NN #Yangon_Times
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ တောင်တော်ဖွင့်ပွဲအတွက်တောင်တက်ယာဉ်(၁၅၀)ကျော်နဲ့ စတင်ပြေးဆွဲသွားမယ်လို့ စေတီတော် ဂေါပကအဖွဲ့ကသိရပါတယ်။
#Local_News
Published 25 September 2025
#ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး
#YMG/NN #Yangon_Times
#Daily_News
Published 25 September 2025
၁။ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး သိမ်ဖြူကွင်း၌ ကျင်းပမည်
၂။ မတည်ငွေကျပ် သန်းပေါင်း(၆၀၀၀)ကျော်နှင့်ကန်ဒေါ်လာ(၄)သန်းကျော်တန်ကြေးရှိ လုပ်ငန်းများဆောင်ရွက်ခွင့်ပြု
၃။ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံတွင် မြန်မာ့ကော်ဖီများပါဝင်ပြသနေ
၄။ တရုတ်သင်္ဘောအခြေစိုက်တိုက်လေယာဉ်များ၏ လျှပ်စစ်သံလိုက်စနစ်ပင့်တင်ဆင်းသက်ခြင်းစစ်ရေးခင်းကျင်းပြသမှုအောင်မြင်စွာပြီးဆုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 September 2025
▪️ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုလျော့နည်းနေခြင်းကြောင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်တချို့တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များသည်ယနေ့ (၂၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်ခန့်တွင် အရေးပေါ်ရပ်တန့်မှု ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (400) MW ခန့် လျော့နည်းလျက်ရှိကြောင်း၊ ထို့ကြောင့် အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ထိုလျော့နည်းသွား သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့်မြို့နယ်၊ နေရာအချို့တို့ တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင်အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 September 2025
▪️ Manulife Myanmar မှ ၂၀၂၅ ခုနှစ်အတွက် Great Place To Work® Certified™ အဖွဲ့အစည်း၏ “အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်” ဟူသော တရားဝင်အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
▪️ အဆိုပါ လက်မှတ်မှာ Great Place To Work’s Trust Index™ Survey မှ Manulife Myanmar ရှိ ဝန်ထမ်းများ၏အတွေ့အကြုံများအပေါ် အခြေခံကာ အကဲဖြတ်တိုင်းတာခဲ့ခြင်းလည်းဖြစ်ပြီး Great Place To Work® ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ယဥ်ကျေးမှုများ၊ ဝန်ထမ်းအတွေ့အကြုံများနှင့် စီးပွားရေးနှင့်စပ်ဆက်သော ရလဒ်ကောင်းများရရှိစေရန်အတွက် အကဲဖြတ်တိုင်းတာမှုများ ပြုလုပ်ပေး လျက်ရှိသော ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
▪️ “အခုလို အလုပ်လုပ်ဖို့ အကောင်းဆုံးလုပ်ငန်းခွင်ဆိုတဲ့ အသိအမှတ်ပြုမှုဆုကိုရရှိတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ Manulife ဆိုတဲ့ ရပ်ဝန်းလေးမှာ ဝန်ထမ်းတွေနဲ့ လူသားရင်းမြစ်တွေအပေါ်မှာ တန်ဖိုးထားမှုတွေ၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းအားနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးပမ်းအားထုတ်နေကြတယ်ဆိုတဲ့အပေါ် ရောင်ပြန်ဟပ်တဲ့ မှတ်တိုင်တစ်ခုပါပဲ။” ဟု Manulife Myanmar ၏ CEO နှင့် General Manager ဖြစ်သူ Gaurav Sharma ကပြောကြားခဲ့သည်။
▪️ ၎င်းတို့၏ အကဲဖြတ်တိုင်းတာခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဥ်များသည် လုပ်ငန်းခွင်များရှိဝန်ထမ်းများ၏ အသံများကို ထင်ဟပ်စေနိုင်ရုံသာမက လူသားအရင်းအမြစ်အပေါ် ဦးစားပေးတန်ဖိုးထားသော အဖွဲ့အစည်းများကိုသာ မီးမောင်းထိုးရွေးချယ်ဖော်ပြခြင်းလည်း ဖြစ်ကြောင်းသိရသည်။
▪️ “ဒီအသိအမှတ်ပြုမှုက အောင်မြင်မှုတွေဆီကို ကတိကဝတ်တွေထားရှိပြီး မဆုတ်မနစ်ကြိုးစားပုံဖော်နေကြတဲ့ ကျွန်တော့်တို့ Manulife Myanmar အဖွဲ့ကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။ အခုရရှိတဲ့ အသိအမှတ်ပြုမှုကို အားလုံးနဲ့အတူ ဂုဏ်ပြုရင်း ဝန်ထမ်းတိုင်း ပျော်ရွှင်အောင်မြင်ဖို့ ပျိုးထောင်ပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ်ဆက်လက်ရပ်တည်သွားနိုင်ဖို့ အာရုံစိုက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု Gaurav ကဆက်လက်ပြောကြားသည်။
▪️ ထို့အပြင် Great Place To Work Certification ဆိုသည်မှာ ဝန်ထမ်းများ၏ အတွေ့အကြုံများအပေါ် တသမတ်တည်းတိုင်းတာပြီး ရည်ရွယ်ချက်များ ထိရောက်စေရန် စဥ်ဆက်မပြတ်ဦးတည်အာရုံစိုက်လုပ်ဆောင်ခြင်းမှ ရရှိလာသည့် မြင့်မားသော ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုတစ်ခုဖြစ်ကြောင်း Great Place To Work ရှိ Global Recognition ၏ ဒုတိယဥက္ကဌဖြစ်သူ Sarah Lewis-Kulin ကပြောသည်။
▪️ “အခုလို အသိအမှတ်ပြုတာကို အောင်မြင်စွာ ရရှိခဲ့ခြင်းက Manulife Myanmar ဟာ အလုပ်လုပ်ကိုင်ဖို့အတွက် ထိပ်တန်းကုမ္ပဏီ တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ရပ်တည်နေတယ်ဆိုတာကို ပြသနိုင်တာဖြစ်သလို သူ့ရဲ့ ဝန်ထမ်းတွေအတွက်လည်း ကောင်းမွန်တဲ့လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်တစ်ခုကို ပေးစွမ်းဖို့အစွမ်းကုန်ပံ့ပိုးလုပ်ဆောင်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။” ဟု ဆက်ပြောသည်။
▪️ Manulife Myanmar အနေဖြင့် မြန်မာ့လူမှုအသိုက်အဝန်းတွင် ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ်သာမက ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ် ရှိစေရန် ဆန်းသစ်တီတွင်မှုနှင့်ပူးပေါင်းလုပ်ဆောင်မှုများအပေါ် မြှင့်တင်ခြင်းအားဖြင့် မိမိတို့၏ လုပ်ငန်းခွင်ရပ်တည်မှုအဆင့်အတန်းကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်သည်။
▪️ Manulife ၏ လုပ်ငန်းခွင်စံသတ်မှတ်ချက်များနှင့် တန်ဖိုးများအတိုင်း Customer များကိုဦးစားပေးလုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏လိုအပ်ချက်များနှင့် ပြင်းပြသောဆန္ဒများအပေါ်ဦးတည်ပြီး ကျွန်ုပ်တို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။
▪️ ထို့အပြင် ခွဲခြားဆက်ဆံခြင်းကင်းပြီး အတူတကွပူးပေါင်းလုပ်ဆောင်တတ်သော Manulife ၏ လုပ်ငန်းခွင်ယဥ်ကျေးမှုကြောင့် ဝန်ထမ်းများအနေဖြင့် အင်ပြည့်အားပြည့် ထည့်ဝင်ကာ အလုပ်လုပ်နိုင်စွမ်းကို ဖြစ်ပေါ်စေပြီး ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့်တင်ခြင်းဖြင့် Customer များနှင့် လူမှုအသိုက်အဝန်းအတွက် အရေးပါသောသက်ရောက်မှုများကို ဖန်တီးနိုင်စေမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်ရှစ်ခုမှာ မိုးကြီးပြီးသဘာဝဘေးကျရောက်နိုင်တာကြောင့် ဆည်မြောင်းတာတမံတွေနဲ့ မြစ်ချောင်းကမ်းအနီးနေထိုင်သူတွေကို သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမာန်နေ့ညနေက အထူးမိုးလေဝသသတင်းတစ်ရပ်ထုတ်ပြန်ပြီး အသိပေးပါတယ်။
#Local_News
Published 24 September 2025
#ဆည်မြောင်းတာတမံများ #မြစ်ချောင်းကမ်းအနီး
#YMG/NN #Yangon_Times
ဈေးကွက်ဝယ်လိုအားမြင့်တက်လာတာကြောင့် Hass အမျိုးအစားထောပတ်သီးတွေကို တိုးချဲ့စိုက်ပျိုးသွားမယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO)မှ သိရပါတယ်။
#Local_News
Published 24 September 2025
#Hass #ထောပတ်သီး
#YMG/SW #Yangon_Times
Page 45 of 2220