#Local_News
Published 02 September 2026

■ စက်တင်ဘာ၁ရက်နေ့၊ ည ၉နာရီ ၁၀ မိနစ်အချိန်က၊ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ် ၅၅၅.၅ km နှင့် ၅၅၆.၀ km ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားကြောင်း သိရသည်။
အဆိုပါ သတင်းရရှိသဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

■ ထိုယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁၃)ဉီး၊ မ(၉)ဦး၊ ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၂)ဦး၊ ယာဉ်မယ်(၁)ဦး၊ ယာဉ်မောင်(၁)ဦး ၊ စုစုပေါင်း (၂၈)ဦး အနက် ကျား(၁၁)ဦး၊ မ(၈)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး (‌ေ-သဆုံး)တို့အား တုံတာလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည် ။

#YMG/NN #Yangon_Times